မန်ယူအသင်းဂိုးသမား ဒီဂီယာ De Gea ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် Alisson Becker ထက် အမှားအနည်းဆုံး ဂိုးသမားအဖြစ် ရပ်တည်နေတယ်ဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားမလား။ အဲဗာတန်၊ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ သူ့အမှားကြောင့် ဂိုးတွေပေးခဲ့ရပေမယ့် စစ်တမ်းအချက်အလက်တွေအရ ဒီဂီယာဟာ စိတ်ချယုံကြည်ရတဲ့ ဂိုးသမားအဖြစ် ရပ်တည်နေဆဲပါ။ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရ အမှားတွေကြောင့် ပေးဂိုးအများဆုံး ကစားသမားစာရင်းမှာ ဒီဂီယာက (၂)ကြိမ်သာရှိခဲ့ပြီး အယ်လစ်ဆန်ကတော့ (၃)ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။

အဲဒီစာရင်းရဲ့ ထိပ်ဆုံးမှာတော့ ဘုန်းမောက်ဂိုးသမား ဘီဂိုဗစ် Asmir Begovic က (၅)ကြိမ်နဲ့ ရပ်တည်နေပါတယ်။ ဒီဂီယာရဲ့ အမှားကျူးလွန်မှုက အယ်လစ်ဆန်ထက် နည်းပါးတယ်ဆိုပေမယ့် တခြားစွမ်းဆောင်ရည်တွေမှာတော့ မယှဉ်နိုင်ပါဘူး။ အယ်လစ်ဆန်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ Clean Sheets (၁၈)ပွဲအထိ ရယူထားပေမယ့် ဒီဂီယာကတော့ (၇)ပွဲသာရှိခဲ့ပါတယ်။ နောက်ပြီး အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ်မှာပေးဂိုး (၂၀)သာရှိပေမယ့် ဒီဂီယာရဲ့ မန်ယူအသင်းက (၄၈)ဂိုးအထိပေးထားရတာကြောင့် ၁၉၇၈-၇၉ ရာသီနောက်ပိုင်း ပေးဂိုးအများဆုံးဖြစ်နေတာပါ။ ဒီရာသီအစက ရိုးမားအသင်းကနေ ယူရို(၆၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အယ်လစ်ဆန်ဟာ လီဗာပူးလ်အသင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အဓိကနေရာကနေ ပါဝင်ကူညီပေးနေပြီး သူ့ရဲ့ မျှော်လင့်ချက်တွေ အကောင်အထည်ဖော်နိုင်မလားဆိုတာကတော့ . .

REF:sportskeeda
Photo:The Times,Premier League
Naing Linn(Akhayar)
www.akhayar.com