[Zawgyi]



De-Bruyne

De-Bruyne


Ref: Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လေ့ကျင့်ခန်းပြန်ဆင်းတော့မယ့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ဟာ လီဗာပူးလ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မယ်လို့ သိရပါတယ်။ ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာဟောင်းဖြစ်တဲ့ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး (၃)လလောက် အနားယူရမယ်လို့ သတင်းထွက်ခဲ့သူပါ။

De-Bruyne

De-Bruyne

လက်ရှိမှာတော့ ဒီဘရိုင်းနားဟာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာ ဖြစ်တာကြောင့် ဒဏ်ရာပြဿနာကနေ စောစီးစွားပြန်လာနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒီဘရိုင်းနား De Bruyne ဟာ မန်စီးတီးအသင်းရဲ့ Player of the Year ဆုကိုရရှိခဲ့ပြီး အသင်းအတွက် ဂိုးဖန်တီးမှု(၂၁)ကြိမ် ပြုလုပ်ပေးခဲ့သလိုသွင်းဂိုး(၁၂)ဂိုးသွင်းယူထားသူပါ။ မန်စီးတီးအသင်းရဲ့ ပွဲကျပ်ကာလ ရောက်ခါနီးမှာ ဒီဘရိုင်းနား အခုလို မြန်မြန်ဆန်ဆန် ပြန်လာနိုင်ခြင်းဟာ အသင်းအတွက် သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Ref: Goal.com
Photo: The Independent , JOE.co.uk
Ko Kyue(Akhayar)
www.akhayar.com