[Zawgyi]

Green Lantern ရဲ႕လက္စြပ္ဟာ အ၀ါေရာင္နဲ႔ေတြ႕ရင္ အစြမ္းမရွိေတာ့ပါဘူး။ တစ္ခ်ိန္တုန္းက Batman နဲ႔ Robin ဟာ Green Lantern ကုိရင္ဆုိင္ဖုိ႔အတြက္ အခန္းတခန္းလုံးကုိအ၀ါေရာင္သုတ္၊ သူတို႔ကုိယ္တုိင္လည္းအ၀ါေရာင္၀တ္စုံေတြ၀တ္ၿပီး Lantern ကုိရင္ဆုိင္ခဲ့ၾကပါတယ္။

တစ္ခ်ိန္တုန္းက Supergirl ဟာ Superman ကုိတရုတ္ျပည္ရဲ့ ဂရိတ္ေ၀ါႀကီးအထိပါ ေပါက္ကြဲထြက္သြားေအာင္ထုိးဖူးပါတယ္။

Batman ရဲ႕ဘ၀မွာ သူအႀကီးမားဆုံးရႈံးနိမ့္မႈလုိ႔ မွတ္ယူထားတဲ့ျဖစ္ရပ္တစ္ခုရွိပါတယ္။ အဲဒါကေတာ့ ဒုတိယ Robin ျဖစ္တဲ့ Jason Todd ဟာ Joker ရဲ့လက္ခ်က္နဲ႔ ေသဆုံးသြားခဲ့တဲ႔ ျဖစ္ရပ္ပဲျဖစ္ပါတယ္။

Deathstroke ရဲ့မ်က္လုံးတဖက္ကုိ ထုိးေဖါက္ခဲ့တဲ့သူဟာ Batman ရဲ့သားျဖစ္သူ Damian Wayne ျဖစ္ပါတယ္။

တစ္ခ်ိန္တုန္းက Flash ဟာသူ႔ရဲ့ စိတ္ေရာဂါကုဆရာ၀န္နဲ႔ေဆြးေႏြးစကားေျပာေနခ်ိန္မွာ ၿမဳိ႕ထဲမွာျဖစ္ပြားေနတဲ့ မေတာ္တဆမႈေတြကုိ အဲဆရာ၀န္မသိေအာင္ တစ္ခ်ိန္တည္းမွာပဲ ထုိင္ခ်င္ေယာင္ေဆာင္ေနသလုိနဲ႔ သြားေရာက္ကူညီခဲ့ဖူးပါတယ္။

Aquaman ရဲ့သုံးေျမႇာင့္လွံဟာ အဖ်က္စြမ္းအားႀကီးမားၿပီး ဖ်က္ဆီးလုိ႔လည္းမရပါဘူး။ အဲဒီလွံဟာ ႀကီးမားတဲ့ေရလႈိင္းလုံးႀကီးေတြ၊ အစြမ္းထက္တဲ့ေရာင္ျခည္တန္းေတြကုိ ပစ္လႊတ္ႏုိင္စြမ္းလည္းရွိတဲ့အျပင္ Superman ရဲ႕အေရျပားကုိပါ ထုိးခြဲႏုိင္တဲ့ဂုဏ္သတၱိလည္းရွိပါတယ္။

အကယ္လုိ႔မ်ား Batman ရဲ႕မိဘေတြအသတ္မခံခဲ့ရဘူးဆုိရင္ Bruce Wayne ဟာသူ႔ဘ၀မွာအားက်အတုယူၿပီး အနာဂတ္မွာျဖစ္ေအာင္လုပ္မဲ့သူဟာ Barry Allen (Flash) လုိလူမ်ဳိးျဖစ္တယ္လုိ႔ေျပာခဲ့ပါတယ္။

Joker ဟာတခ်ိန္တုန္းက လွ်ဳိ႕၀ွက္ဗီလိန္ေတြေပါင္းၿပီးဖြဲ႕စည္းထားတဲ့အဖြဲ႕ထဲ သူ႔ကုိမဖိတ္ၾကားခဲ့လုိ့ Alexander Luthor ရဲ႕မ်က္ႏွာကုိ အက္ဆစ္နဲ႔ေပ်ာ္က်ေအာင္လုပ္ခဲ့ၿပီး Shotgun နဲ႔ထပ္ပစ္ၿပီးကလဲ့စားေခ်ခဲ့ပါတယ္။

Harley Quinn ရဲ႕ခႏၶာကုိယ္အေပၚကုိ အက္ဆစ္နဲ႔အဆိပ္ေတြက အက်ဳိးမသက္ေရာက္ပါဘူး။ ဒါ့အျပင္ Harley ဟာ ေသနတ္ေပါင္းမ်ဳိးစုံကုိ ကၽြမ္းကၽြမ္းက်င္က်င္အသုံးျပဳႏုိင္တဲ့ ေသနတ္ဝိဇၨာတေယာက္ပဲျဖစ္ပါတယ္။

Nightwing ဟာတခ်ိန္မွာ Gotham ၿမဳိ႕ရဲ႕ Commissioner Gordon ရဲ႕သမီးျဖစ္သူ Barbra Gordon နဲ့တစ္ညအတူတူ အိပ္စက္ခဲ့ပါတယ္။ ေနာက္ေန႔မွာပဲ သူနဲ႔ Starfire တုိ႔ရဲ့ မဂၤလာေဆာင္ဖိတ္စာကုိ Barbra Gordon ကုိေပးၿပီး ဖိတ္ခဲ့ပါတယ္။

Sinestro ဟာတခ်ိန္တုန္းက Black Adam ကုိ Yellow Power Ring ကုိေပးၿပီး Sinestro အဖြဲ႔၀င္တဦးျဖစ္သြားေအာင္လုပ္ေပးခဲ့ပါတယ္။ Black Adam ဟာအဲဒီလက္စြပ္ကုိ အခုခ်ိန္ထိ သိမ္းထားတုန္းပဲျဖစ္ပါတယ္။

Scarecrow ဟာတခ်ိန္တုန္းက Joker ဘယ္အရာကုိေၾကာက္သလည္းဆုိတာကုိသိရဖုိ့အတြက္ Fear Gas ေတြကုိ Joker ဆီထုတ္လႊတ္ခဲ့ပါတယ္။ ဒါေပမဲ့ အံ့အားသင့္စြာနဲ႔ အဲဒီအဆိပ္ေငြ႕ေတြဟာ Joker ကုိအက်ဳိးမသက္ေရာက္တဲ့အျပင္ အဆိပ္ေငြ႔ေတြၾကားထဲကေန Joker က ခုံနဲ႔ျပန္ၿပီး Scarecrow ကုိရုိက္ႏွက္ခဲ့ပါတယ္။

 

HGID_KV_Ads_Square

www.akhayar.com

[Unicode]

Green Lantern ရဲ့လက်စွပ်ဟာ အဝါရောင်နဲ့တွေ့ရင် အစွမ်းမရှိတော့ပါဘူး။ တစ်ချိန်တုန်းက Batman နဲ့ Robin ဟာ Green Lantern ကိုရင်ဆိုင်ဖို့အတွက် အခန်းတခန်းလုံးကိုအဝါရောင်သုတ်၊ သူတို့ကိုယ်တိုင်လည်းအဝါရောင်ဝတ်စုံတွေဝတ်ပြီး Lantern ကိုရင်ဆိုင်ခဲ့ကြပါတယ်။

တစ်ချိန်တုန်းက Supergirl ဟာ Superman ကိုတရုတ်ပြည်ရဲ့ ဂရိတ်ဝေါကြီးအထိပါ ပေါက်ကွဲထွက်သွားအောင်ထိုးဖူးပါတယ်။

Batman ရဲ့ဘဝမှာ သူအကြီးမားဆုံးရှုံးနိမ့်မှုလို့ မှတ်ယူထားတဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဒုတိယ Robin ဖြစ်တဲ့ Jason Todd ဟာ Joker ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်ပဲဖြစ်ပါတယ်။

Deathstroke ရဲ့မျက်လုံးတဖက်ကို ထိုးဖေါက်ခဲ့တဲ့သူဟာ Batman ရဲ့သားဖြစ်သူ Damian Wayne ဖြစ်ပါတယ်။

တစ်ချိန်တုန်းက Flash ဟာသူ့ရဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ဆွေးနွေးစကားပြောနေချိန်မှာ မြို့ထဲမှာဖြစ်ပွားနေတဲ့ မတော်တဆမှုတွေကို အဲဆရာဝန်မသိအောင် တစ်ချိန်တည်းမှာပဲ ထိုင်ချင်ယောင်ဆောင်နေသလိုနဲ့ သွားရောက်ကူညီခဲ့ဖူးပါတယ်။

Aquaman ရဲ့သုံးမြှောင့်လှံဟာ အဖျက်စွမ်းအားကြီးမားပြီး ဖျက်ဆီးလို့လည်းမရပါဘူး။ အဲဒီလှံဟာ ကြီးမားတဲ့ရေလှိုင်းလုံးကြီးတွေ၊ အစွမ်းထက်တဲ့ရောင်ခြည်တန်းတွေကို ပစ်လွှတ်နိုင်စွမ်းလည်းရှိတဲ့အပြင် Superman ရဲ့အရေပြားကိုပါ ထိုးခွဲနိုင်တဲ့ဂုဏ်သတ္တိလည်းရှိပါတယ်။

အကယ်လို့များ Batman ရဲ့မိဘတွေအသတ်မခံခဲ့ရဘူးဆိုရင် Bruce Wayne ဟာသူ့ဘဝမှာအားကျအတုယူပြီး အနာဂတ်မှာဖြစ်အောင်လုပ်မဲ့သူဟာ Barry Allen (Flash) လိုလူမျိုးဖြစ်တယ်လို့ပြောခဲ့ပါတယ်။

Joker ဟာတချိန်တုန်းက လျှို့ဝှက်ဗီလိန်တွေပေါင်းပြီးဖွဲ့စည်းထားတဲ့အဖွဲ့ထဲ သူ့ကိုမဖိတ်ကြားခဲ့လို့ Alexander Luthor ရဲ့မျက်နှာကို အက်ဆစ်နဲ့ပျော်ကျအောင်လုပ်ခဲ့ပြီး Shotgun နဲ့ထပ်ပစ်ပြီးကလဲ့စားချေခဲ့ပါတယ်။

Harley Quinn ရဲ့ခန္ဓာကိုယ်အပေါ်ကို အက်ဆစ်နဲ့အဆိပ်တွေက အကျိုးမသက်ရောက်ပါဘူး။ ဒါ့အပြင် Harley ဟာ သေနတ်ပေါင်းမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့ သေနတ်ဝိဇ္ဇာတယောက်ပဲဖြစ်ပါတယ်။

Nightwing ဟာတချိန်မှာ Gotham မြို့ရဲ့ Commissioner Gordon ရဲ့သမီးဖြစ်သူ Barbra Gordon နဲ့တစ်ညအတူတူ အိပ်စက်ခဲ့ပါတယ်။ နောက်နေ့မှာပဲ သူနဲ့ Starfire တို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာကို Barbra Gordon ကိုပေးပြီး ဖိတ်ခဲ့ပါတယ်။

Sinestro ဟာတချိန်တုန်းက Black Adam ကို Yellow Power Ring ကိုပေးပြီး Sinestro အဖွဲ့ဝင်တဦးဖြစ်သွားအောင်လုပ်ပေးခဲ့ပါတယ်။ Black Adam ဟာအဲဒီလက်စွပ်ကို အခုချိန်ထိ သိမ်းထားတုန်းပဲဖြစ်ပါတယ်။

Scarecrow ဟာတချိန်တုန်းက Joker ဘယ်အရာကိုကြောက်သလည်းဆိုတာကိုသိရဖို့အတွက် Fear Gas တွေကို Joker ဆီထုတ်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အံ့အားသင့်စွာနဲ့ အဲဒီအဆိပ်ငွေ့တွေဟာ Joker ကိုအကျိုးမသက်ရောက်တဲ့အပြင် အဆိပ်ငွေ့တွေကြားထဲကနေ Joker က ခုံနဲ့ပြန်ပြီး Scarecrow ကိုရိုက်နှက်ခဲ့ပါတယ်။

HGID_KV_Ads_Square

www.akhayar.com