[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဒေါင်းနီအတွက် ဒါဏ်ရာတွေကိုကျေနပ်စွာနဲ့ခံယူပါတယ် ဆိုတဲ့ အိန္ဒြာကျော်ဇင်

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေစဉ်မှာ အိန္ဒြာကျော်ဇင်ဟာ ဒါဏ်ရာတွေရရှိခဲ့တာကို ကျေနပ်စွာခံယူပါတယ်ဆိုပြီးတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။ သူမအခုရိုက်ကူးနေတဲ့ ဇာတ်ကားကတော့ ဟစ်တိုင်ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားမှာ ဒေါင်းနီ ဆိုတဲ့ မိန်းမတစ်ယောက်နေရာကနေသရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

မဟုတ်မခံ မိန်းမတစ်ယောက်နေရာကနေပြီး သရုပ်ဆောင်ရတဲ့အတွက်ခက်ခဲ ပင်ပန်းမှုတွေရှိလိမ့်မယ်ဆိုတာကိုလည်း သူကိုယ်တိုင်သိထားပြီး ဒီဇာတ်ကားရိုက်ကူးဖို့ကိုလက်ခံခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မုဒိမ်းမှုအတွက် ပညာပေးဇာတ်ကားကောင်းတစ်ခု အဖြစ်ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဦးဆောင်ပြီးတော့ရိုက်ကူးနေတဲ့ ဇာတ်ကားဖြစ်သလို သူမအတွက်နောက်ထပ်အကယ်ဒမီဆု တစ်ဆုကိုမှန်းနိုင်မယ့် ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ ရင်ဘတ်ထဲကဓါး ဇာတ်ကားနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အကယ်ဒမီဆုချီးမြင့်ပွဲမှာ အကယ်ဒမီရရှိခဲ့တာဖြစ်ပြီး အိန္ဒြာကျော်ဇင်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း သူမပါဝင်မယ့်နောက်ထပ် ရုပ်ရှင်ဇာတ်ကားတွေကို မျှော်လင့်လျက်ရှိကြပါတယ်။

Photo Credit: Eaindra Kyaw Zin Facebook Page

ကြည်သာ (Akhayar)

www.akhayar.com