[Zawgyi]








ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ အနုပညာရှင်များ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၃ နှစ်ပြည့်မွေးနေ့ ကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေပြီး ဆုတောင်းပေးခဲ့ကြတဲ့ အနုပညာရှင်တချို့ကိုဖော်ပြပေးချင်ပါတယ်။ သူတို့တွေကတော့ မင်းသားဇဏ်ခီ ၊ အဆိုတော်Rဇာနည် ၊ အဆိုတော်ဖြိုးပြည့်စုံ ၊ နင်ဇီမေ နဲ့ ဒါရိုက်တာကြည်ဖြူရှင် တို့ပဲဖြစ်ပါတယ်။

ဒါရိုက်တာကြည်ဖြူသျှင်ကတော့ သူမရဲ့လူမှုကွန်ရက်ပေါ်မှာ “Happy Birthday ပါ ချစ်သော…..အမေစု” ဆိုပြီးတော့ ဆုတောင်းပေးထားတာကိုတွေ့ရပါတယ်။

မင်းသားဇဏ်ခီကတော့ “မွေးနေ့မှာပျော်ရွှင်ပါစေ အမေ ၊ အသက်ရှည်ကျန်းမာပြီးရည်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်ပါစေ အမေ့ကိုယုံကြည်ပါတယ်၊ အမေ့ကိုချစ်တယ်”ဆိုပြီးတော့ ရေးသားထားတာကိုတွေ့ရပါတယ်။

Myanmar Idol မှ အဆိုတော်နင်ဇီမေ ကတော့ “Happy Blessed Birthday Our Lovely အမေစု ၊ ကျန်းမာပျော်ရွှင်ပါစေ” ဆိုပြီးတော့ မွေးနေ့ဆုတောင်းကိုသူမရဲ့လူမှုကွန်ရက်အကောင့်မှာရေးသားခဲ့တာဖြစ်ပါတယ်။

အဆိုတော်Rဇာနည်ကတော့ မိသားစုဓါတ်ပုံ Profile မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို မွေးနေ့ဆုတောင်း Frame အဖြစ်ပြောင်းလဲထားတာကိုတွေ့ရပါတယ်။

အဆိုတော်ဖြိုးပြည့်စုံကလည်း “သက်ရှည်ကျန်းမာလို့ ၊ လျှောက်သောလမ်းဖြောင့်ဖြူးပါစေ ၊ အေးချမ်းသာယာရှိပါစေ” ဆိုပြီးဒေါ်အောင်ဆန်းစုကြည် ကို မွေးနေ့ဆုတောင်းပေးထားတာတွေ့ရပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Zenn Kyi Facebook Page ၊ Phyo Pyae Sone Facebook၊ Zarni Myonynt Facebook ၊ Ninzi May Facebook ၊ Lay Kyi Phyu Facebook

www.akhayar.com