[Zawgyi]

ေဒးဗစ္လူး၀စ္ဇ္ David Luiz ရဲ႕အနာဂတ္ကို ဖြင္႔ဟခဲ႔တဲ႔ နည္းျပ ဆာရီ Sarri

ေဒးဗစ္လူး၀စ္ဇ္ David Luiz ဟာ ေျခစြမ္းပိုင္းေကာင္းမြန္တဲ႔ ကစားသမားဆိုတာ ပရိတ္သတ္ေတြအားလံုးအသိပဲျဖစ္ပါတယ္။ ဗဟိုခံစစ္ကစားသမားတစ္ဦးျဖစ္ေပမယ္႔ လိုအပ္ရင္ ကြင္းလယ္အဖ်က္ပိုင္းပါ ကစားႏိုင္လိုသလို ေကာင္းမြန္တဲ႔ ဖရီးကစ္ကန္ခ်က္ေတြ ၊ ေကာင္းမြန္တဲ႔ ေခါင္းတိုက္ခ်က္ေတြနဲ႔အသင္းအတြက္ သြင္းဂိုးေတြလည္း သြင္းယူေပးႏိုင္တဲ႔ကစားသမားပဲျဖစ္ပါတယ္။ ဒါေပမဲ႔ ခ်ယ္လ္ဆီးနည္းျပေဟာင္း ကြန္တီ Conte လက္ထက္မွာေတာ႔ ေဒးဗစ္လူး၀စ္ဇ္ David Luiz ဟာအသင္းမွာပံုမွန္ေနရာေပ်ာက္ဆံုးခဲ႔ပါတယ္။ ေဒးဗစ္လူး၀စ္ဇ္ David Luiz နဲ႔ ကြန္တီ Conte တို႔ဟာ ပုဂၢိဳလ္ေရးပိုင္းဆိုင္ရာ မေျပလည္မႈေတြရိွတာေၾကာင္႔ ကြန္တီ Conte ဟာ ေဒးဗစ္လူး၀စ္ဇ္ David Luiz ကို အသင္းရဲ႕လူစာရင္းကေန အေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ ခ်န္လွပ္ထားခဲ႔တာပါ။

David-Luiz

David-Luiz

လက္ရိွ ခ်ယ္လ္ဆီးနည္းျပ ဆာရီ Sarri ကေတာ႔ ေဒးဗစ္လူး၀စ္ဇ္ David Luiz ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီးအာမခံခ်က္ေပးခဲ႔ပါတယ္။ ေဒးဗစ္လူး၀စ္ဇ္ David Luiz ဟာ နည္းျပဆာရီ Sarri လက္ထက္မွာယွဥ္ျပိဳင္ကစားခဲ႔တဲ႔ အဓိကျပိဳင္ပြဲေတြျဖစ္တဲ႔ မန္စီးတီးအသင္းနဲ႔ ကြန္ျမဴနတီဒိုင္းပြဲစဥ္ ၊ ဟတ္ဒါဖီးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြရဲ႕ ပြဲထြက္လူစာရင္းမွာပါ၀င္ခဲ႔ပါတယ္။

Sarri

Sarri

ဆာရီ Sarri က ” ေဒးဗစ္လူး၀စ္ဇ္ David Luiz ရဲ႕အနာဂတ္က အသင္းမွာရိွပါတယ္ သူဟာ က်ြန္ေတာ္တို႔အတြက္ အသံုး၀င္တဲ႔သူပါ အသင္းရဲ႕အ၀တ္လဲခန္းထဲမွာလည္း သူကအေရးပါသူတစ္ဦးပါ သူနဲ႔အတူ အလုပ္တြဲလုပ္ရတာ စိတ္ေက်နပ္စရာပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။

REF: Mirror
Photo: Tribuna.com , Evening Standard 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒေးဗစ်လူးဝစ်ဇ် David Luiz ရဲ့အနာဂတ်ကို ဖွင့်ဟခဲ့တဲ့ နည်းပြ ဆာရီ Sarri

ဒေးဗစ်လူးဝစ်ဇ် David Luiz ဟာ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားဆိုတာ ပရိတ်သတ်တွေအားလုံးအသိပဲဖြစ်ပါတယ်။ ဗဟိုခံစစ်ကစားသမားတစ်ဦးဖြစ်ပေမယ့် လိုအပ်ရင် ကွင်းလယ်အဖျက်ပိုင်းပါ ကစားနိုင်လိုသလို ကောင်းမွန်တဲ့ ဖရီးကစ်ကန်ချက်တွေ ၊ ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်တွေနဲ့အသင်းအတွက် သွင်းဂိုးတွေလည်း သွင်းယူပေးနိုင်တဲ့ကစားသမားပဲဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ Conte လက်ထက်မှာတော့ ဒေးဗစ်လူးဝစ်ဇ် David Luiz ဟာအသင်းမှာပုံမှန်နေရာပျောက်ဆုံးခဲ့ပါတယ်။ ဒေးဗစ်လူးဝစ်ဇ် David Luiz နဲ့ ကွန်တီ Conte တို့ဟာ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ မပြေလည်မှုတွေရှိတာကြောင့် ကွန်တီ Conte ဟာ ဒေးဗစ်လူးဝစ်ဇ် David Luiz ကို အသင်းရဲ့လူစာရင်းကနေ အကြောင်းပြချက်မျိုးစုံနဲ့ ချန်လှပ်ထားခဲ့တာပါ။

David-Luiz

David-Luiz

လက်ရှိ ချယ်လ်ဆီးနည်းပြ ဆာရီ Sarri ကတော့ ဒေးဗစ်လူးဝစ်ဇ် David Luiz ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအာမခံချက်ပေးခဲ့ပါတယ်။ ဒေးဗစ်လူးဝစ်ဇ် David Luiz ဟာ နည်းပြဆာရီ Sarri လက်ထက်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ အဓိကပြိုင်ပွဲတွေဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ၊ ဟတ်ဒါဖီးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပါတယ်။

Sarri

Sarri

ဆာရီ Sarri က ” ဒေးဗစ်လူးဝစ်ဇ် David Luiz ရဲ့အနာဂတ်က အသင်းမှာရှိပါတယ် သူဟာ ကျွန်တော်တို့အတွက် အသုံးဝင်တဲ့သူပါ အသင်းရဲ့အဝတ်လဲခန်းထဲမှာလည်း သူကအရေးပါသူတစ်ဦးပါ သူနဲ့အတူ အလုပ်တွဲလုပ်ရတာ စိတ်ကျေနပ်စရာပါ ” လို့ပြောကြားခဲ့ပါတယ်။

REF: Mirror
Photo: Tribuna.com , Evening Standard 
Ko Kyue(Akhayar)
www.akhayar.com