[Zawgyi]

ဒီဂီယာရဲ႕ စံခ်ိန္တင္ ကာကြယ္မႈ

ဗန္ဒါဆား (Van Der Ser) ေနာက္ပိုင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဂိုးေပါက္ကာကြယ္မႈအမ်ားဆံုးအျဖစ္ ဆီဗီလာနဲ႔ ခ်န္ပီယံလိဂ္႐ႈံးထြက္ (၁၆)သင္းအဆင့္ပြဲမွာ ဒီီဂီယာ(De Gea) စံခ်ိန္တင္ခဲ့ပါတယ္။ မန္ခ်က္စတာယူနုိက္တက္ဟာ အေ၀းကြင္းမွာ ဆီဗီလာကို ဘယ္လိုမွယွဥ္မကစားႏုိင္ခဲ့ဘူး။ ဆီဗီလာက ေဘာလံုးပိုင္ဆုိင္မႈအသာ၊ ဂိုးေပါက္ကန္သြင္းမႈအေရအတြက္အသာနဲ႔ ကစားႏိုင္ခဲ့ပါတယ္။ ဒီဂီယာက ဆီဗီလာတုိက္စစ္မွဴး မူရီယဲလ္ရဲ႕ အနီးကပ္အပိုင္ေခါင္းတိုက္ခ်က္ကို မယံုႏုိင္ေအာင္ ကာကြယ္ျပ ခဲ့တာပါပဲ။ မူရီယဲလ္ရဲ႕ ေခါင္းတုိက္ခ်က္ဟာ 56.8 mph ႏႈန္းရွိခဲ့ၿပီး ေဘာလံုးသြားႏႈန္းအလ်င္က (၀ .၁၈)စကၠန္႔ပဲၾကာခဲ့ပါတယ္။ မိုးႀကိဳးတစ္ခုရဲ႕ ပ်မ္းမွ်ၾကာခ်ိန္ဟာ (၀ .၂၀)စကၠန္႔ရွိလို႔ ဒီဂီယာရဲ႕ကာကြယ္မႈဟာ ပိုၿပီးအံ့အားသင့္စရာေကာင္းေနတာပါပဲ။ ဒီကာကြယ္မႈအပါအ၀င္ ဂိုးေပးရႏုိင္ေျခ (၈)ႀကိမ္ကို ဒီဂီယာကာကြယ္ခဲ့ပါတယ္။

ဆီဗီလာရဲ႕ ဂိုးေပါက္ကန္သြင္းမႈအႀကိမ္အေရအတြက္ (၂၅)ႀကိမ္အထိရွိခဲ့တယ္။ ဂိုးေပါက္တည့္တာ (၈)ႀကိမ္အထိရွိခဲ့တယ္။ ၂၀၁၁ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္ဂိုးသမား ဗန္ဒါဆားက ဂိုးေပါက္ကာကြယ္မႈ (၈)ႀကိမ္လုပ္ၿပီးေနာက္ပိုင္း ဒီဂီယာက ခ်န္ပီယံလိဂ္ပြဲတစ္ပြဲအတြင္းမွာ အေကာင္းဆံုးစြမ္းေဆာင္ႏုိင္ခဲ့တာပါပဲ။ ဒါေၾကာင့္ ဒီဂီယာဟာ Man of The Match အျဖစ္ေရြးခ်ယ္ခံခဲ့ရပါတယ္။

အံ့အားသင့္ဖြယ္ကာကြယ္မႈ

အံ့အားသင့္ဖြယ္ကာကြယ္မႈ

ဆီဗီလာနဲ႔ပြဲက မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကစားပုံဟာ လုိအပ္မ်ားစြာရွိခဲ့ပါတယ္။ ေပါ့ဘာ(Pobga) ကို အရံခံုမွာ ေမာ္ရင္ဟို(Mourinho)က အရံခံုမွာဆက္ထားခဲ့တယ္။ ဒါေပမဲ့ ဟာရဲရား(Herrera) ဒဏ္ရာရသြားလို႔ ေပါ့ဘာ၀င္ကစားခြင့္ရခဲ့ပါတယ္။ ဆန္းခ်က္ဇ္( Sanchez) က မန္ခ်က္စတာယူႏုိက္တက္ ေရာက္လာၿပီးေနာက္ပုိင္း အရင္ကထက္ ႐ုန္းကန္ေနရတာကိုလည္း ေတြ႕ရတယ္။ ဒီပြဲမွာလည္း သူ႔ရဲ႕ Energetic Style ကို ထပ္ၿပီးျမင္ခဲ့ရတယ္။ အသင္းတုိက္စစ္အခင္းအက်င္းကို ဦးေဆာင္ခဲ့ေပမယ့္ လူကာကူ(Lukaku) က အခြင့္အေရးတခ်ဳိ႕ကို အသံုးမခ်ႏုိင္ခဲ့ဘူး။ ဒါေၾကာင့္လည္း စပိန္ကလပ္အသင္းေတြနဲ႔ ရင္ဆုိင္ရတဲ့ ခ်န္ပီယလိဂ္အေ၀းကြင္း (၇)ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ (၅)ႀကိမ္ေျမာက္ ဂိုးမရွိသေရပြဲအျဖစ္ မွတ္တမ္း၀င္သြားပါတယ္။

ဒီဂီယာသာမကယ္တင္ခဲ့ရင္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ေတြ ၿပိဳလဲသြားမွာအမွန္ပဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

 

[Unicode]

ဒီဂီယာရဲ့ စံချိန်တင် ကာကွယ်မှု

ဗန်ဒါဆား (Van Der Ser) နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်ကာကွယ်မှုအများဆုံးအဖြစ် ဆီဗီလာနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲမှာ ဒီဂီယာ(De Gea) စံချိန်တင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အဝေးကွင်းမှာ ဆီဗီလာကို ဘယ်လိုမှယှဉ်မကစားနိုင်ခဲ့ဘူး။ ဆီဗီလာက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းမှုအရေအတွက်အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒီဂီယာက ဆီဗီလာတိုက်စစ်မှူး မူရီယဲလ်ရဲ့ အနီးကပ်အပိုင်ခေါင်းတိုက်ချက်ကို မယုံနိုင်အောင် ကာကွယ်ပြ ခဲ့တာပါပဲ။ မူရီယဲလ်ရဲ့ ခေါင်းတိုက်ချက်ဟာ 56.8 mph နှုန်းရှိခဲ့ပြီး ဘောလုံးသွားနှုန်းအလျင်က (၀ .၁၈)စက္ကန့်ပဲကြာခဲ့ပါတယ်။ မိုးကြိုးတစ်ခုရဲ့ ပျမ်းမျှကြာချိန်ဟာ (၀ .၂၀)စက္ကန့်ရှိလို့ ဒီဂီယာရဲ့ကာကွယ်မှုဟာ ပိုပြီးအံ့အားသင့်စရာကောင်းနေတာပါပဲ။ ဒီကာကွယ်မှုအပါအဝင် ဂိုးပေးရနိုင်ခြေ (၈)ကြိမ်ကို ဒီဂီယာကာကွယ်ခဲ့ပါတယ်။

ဆီဗီလာရဲ့ ဂိုးပေါက်ကန်သွင်းမှုအကြိမ်အရေအတွက် (၂၅)ကြိမ်အထိရှိခဲ့တယ်။ ဂိုးပေါက်တည့်တာ (၈)ကြိမ်အထိရှိခဲ့တယ်။ ၂၀၁၁ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဗန်ဒါဆားက ဂိုးပေါက်ကာကွယ်မှု (၈)ကြိမ်လုပ်ပြီးနောက်ပိုင်း ဒီဂီယာက ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာပါပဲ။ ဒါကြောင့် ဒီဂီယာဟာ Man of The Match အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

အံ့အားသင့်ဖွယ်ကာကွယ်မှု

အံ့အားသင့်ဖွယ်ကာကွယ်မှု

ဆီဗီလာနဲ့ပွဲက မန်ချက်စတာယူနိုက်တက်ရဲ့ ကစားပုံဟာ လိုအပ်များစွာရှိခဲ့ပါတယ်။ ပေါ့ဘာ(Pobga) ကို အရံခုံမှာ မော်ရင်ဟို(Mourinho)က အရံခုံမှာဆက်ထားခဲ့တယ်။ ဒါပေမဲ့ ဟာရဲရား(Herrera) ဒဏ်ရာရသွားလို့ ပေါ့ဘာဝင်ကစားခွင့်ရခဲ့ပါတယ်။ ဆန်းချက်ဇ်( Sanchez) က မန်ချက်စတာယူနိုက်တက် ရောက်လာပြီးနောက်ပိုင်း အရင်ကထက် ရုန်းကန်နေရတာကိုလည်း တွေ့ရတယ်။ ဒီပွဲမှာလည်း သူ့ရဲ့ Energetic Style ကို ထပ်ပြီးမြင်ခဲ့ရတယ်။ အသင်းတိုက်စစ်အခင်းအကျင်းကို ဦးဆောင်ခဲ့ပေမယ့် လူကာကူ(Lukaku) က အခွင့်အရေးတချို့ကို အသုံးမချနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း စပိန်ကလပ်အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယလိဂ်အဝေးကွင်း (၇)ပွဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ (၅)ကြိမ်မြောက် ဂိုးမရှိသရေပွဲအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဒီဂီယာသာမကယ်တင်ခဲ့ရင် မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်တွေ ပြိုလဲသွားမှာအမှန်ပဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။