[Zawgyi]




August(Akhayar)

www.akhayar.com


[Unicode]

ယူနိုက်တက်မှာ ကမ္ဘာ့အဆင့်ဆိုလို့ ဒီဂီယာ De Gea တစ်ဦးတည်းရှိတယ်

ယူနိုက်တက်မှာ ကမ္ဘာ့အဆင့်ဆိုလို့ ဒီဂီယာ De Gea တစ်ဦးတည်းရှိတယ်။ ဒီစကားဟာ တခြားယူနိုက်တက်ကစားသမားတွေအတွက် ခါးသက်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒီစကားဟာ အမှန်တရားနဲ့ ဝေးကွာမနေဘူး။ ဒီရာသီမှာမှမဟုတ်ပါဘူး။ ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီများစွာမှာ ယူနိုက်တက်ရဲ့ ဂုဏ်သိက္ခာကို သူ့ရဲ့ရွှေရောင်လက်တစ်စုံနဲ့ ကယ်တင်ကာကွယ်ခဲ့တယ်။ ဒီဂီယာသာမရှိရင်ဆိုတဲ့ အတွေးဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကိုကြီးထွားစေနိုင်တယ်။

Sky Sports မှာဘောလုံးဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် Gary Neville က ” ဒီဂီယာတစ်ဦးတည်းကသာ ယူနိုက်တက်ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အဆင့်ကစားသမား၊ ဆန်းချက်ဇ် Sanchez လား၊ သူကယူနိုက်တက်မှာ ဘာမှလုပ်မပြရသေးပါဘူး။ တကယ့်ကိုသံသယမရှိချင်စရာကမ္ဘာ့အဆင့်ပုံစံကို ပြသနေတာ ဒီဂီယာပါပဲ” လို့ ပြောခဲ့ပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။