မန်ယူအသင်း ဂိုးသမား ဒီဂီယာ De Gea ဟာ အသင်းရဲ့ နောက်ဆုံးအကြိမ် စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒီဂီယာ ဟာ မန်ယူအသင်းကို သူ့အနေနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ မန်ယူအသင်းနဲ့ ဒီဂီယာ ဟာ ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ ရီးယဲလ် နဲ့ PSG အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ဒီအချိန်မှာ မန်ယူအသင်းဟာ ဒီဂီယာကို နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုဖြစ်တဲ့ အချက်အလက်အသစ်တွေပါတဲ့ စာချုပ်နဲ့ကမ်းလှမ်းခဲ့ပေမယ့် ဒီဂီယာက ပယ်ချခဲ့တာဖြစ်ပါတယ်။ PSG အသင်းဘက်ကတော့ ဒီဂီယာကို တစ်ပတ်လုပ်ခပေါင်(၃၅၀၀၀၀)ပေးဖို့ အသင့်ရှိနေပေမယ့် မန်ယူအသင်းအတွက်တော့ ဒီပမာဏဟာ အခက်အခဲတစ်ခုဖြစ်နေပါတယ်။

PSG အသင်းဟာ ဒီဂီယာ ကို အခုအပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းသွားဖို့ရှိနေပြီး မအောင်မြင်ခဲ့ရင် လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒီဂီယာ ဟာ မန်ယူအသင်းမှာ ကစားလာတာ (၈)ရာသီရှိနေပြီဖြစ်ပြီး လက်စွမ်းကောင်းတွေကို ပြသထားသူဖြစ်သလို အသင်းရဲ့ ထူးချွန်ဆုတွေဖြစ်တဲ့ Sir Matt Busby Player of the Year ဆုကို(၄)ကြိမ် ၊ Manchester United Players’ Player of the Year ဆုကို (၃)ကြိမ်ရရှိထားသူဖြစ်ပါတယ်။ လက်ရှိအနေအထားတွေအရ မန်ယူအသင်းဟာ ဒီဂီယာအတွက် ပြောင်းရွှေ့ကြေးလိုချင်ရင်တော့ အခု အပြောင်းအရွှေ့ဈေးကွက်မှာ ရောင်းချမှာဖြစ်ပြီး မဟုတ်ရင်တော့ စာချုပ်သက်တမ်းကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာဖြစ်ပါတယ်။ ဒီဂီယာ နဲ့ မန်ယူအသင်းတို့ရဲ့ အခြေအနေတွေကတော့ စိတ်ဝင်စားစရာကောင်းနေပြီး သိပ်မကြာခင်မှာ ဒီဂီယာ ရဲ့ အနာဂတ်ဟာ အဖြေပေါ်လာဖို့ရှိနေပါတယ်။

Ref: TalkSport
Photo: talkSPORT , Daily Mail
Ko Kyue(Akhayar)
www.akhayar.com