[Zawgyi]



Mourinho-And-Degea

Mourinho-And-Degea


Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မရိုးနိုင်တဲ့ အကြောင်းအရာတွေနဲ့ ဒီဂီယာ De Gea ရဲ့ စာချုပ်သစ်ဇာတ်လမ်း

မန်ယူဂိုးသမား ဒီဂီယာ De Gea ရဲ့စာချုပ်သစ်ဇာတ်လမ်း ဟာ အကြောင်းအရာမျိုးစုံနဲ့ နေ့တိုင်း မရိုးရအောင် တစ်ခုပြီးတစ်ခုထွက်ပေါ်နေပါတယ်။ ဒီဂီယာကို ဂျူဗင်တပ်စ် ၊ PSG အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်ယူအသင်းအနေနဲ့ စာချုပ်ပါအချက်အလက် အတိုင်းတစ်နှစ်သက်တမ်း တိုးဖို့ကြိုးစားနေပါတယ်။ ဒါပေမဲ့ မန်ယူအသင်းရဲ့ တစ်ပတ်လုပ်ခ ပေါင်(၂၇၅၀၀၀)နဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကိုတော့ ဒီဂီယာ ဟာ ငြင်းဆန်ထားပါတယ်။

Mourinho-And-Degea

Mourinho-And-Degea

မန်ယူနည်းပြမော်ရင်ဟို Mourinho ကလည်း ” ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားရှိပါတယ် ပြီးတော့ သူအသင်းမှာ ဆက်နေချင်နေတာကိုလည်း ကျွန်တော်သိပါတယ် ” လို့ပြောကြားထားပါတယ်။ လက်ရှိမှာတော့ မန်ယူနဲ့ ဒီဂီယာတို့ရဲ့ အနေအထားဟာ လုပ်ခလစာ ညှိနှိုင်းနေတဲ့ ပုံစံမျိုးမှာရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဒီဂီယာ ဟာ မန်ယူအသင်းမှာ လုပ်ခလစာအများဆုံးရနေတဲ့ ဆန်းချက်စ် Sanchez လိုမျိုးတစ်ပတ်လုပ်ခ ပေါင်(၃၅၀၀၀၀)အထိရယူလိုနေတာပါ။ မန်ယူအသင်းအနေနဲ့ ဒီဂီယာရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ရင်တော့ (၅)နှစ်သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုမယ့် အနေအထားတွေမှာရှိနေတာကြောင့် ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: BBC Sports , Daily Mail
Photo: SPORTbible , Premier League
Ko Kyue(Akhayar)
www.akhayar.com