[Zawgyi]

ဒီဂီယာ De Gea ကုိ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ သေဘာတူညီမႈရခဲ့တဲ့ မန္ယူ

မန္ယူအသင္းဟာ လာလီဂါထိပ္သီး ရီးယဲလ္အသင္းက ကာလရွည္ပစ္မွတ္ထားေနတဲ့ သူတို႔ရဲ႕ဂုိးသမား ဒီဂီယာ De Gea ကုိ (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖုိ႔ သေဘာတူညီမႈရရွိခဲ့ၿပီလုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။ Manchester Evening News သတင္းဌာနက ဒီဂီယာဟာ မန္ယူနဲ႔(၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖုိ႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး ရီးယဲလ္နဲ႔ထြက္ေပၚေနတဲ့ ေကာလာဟလသတင္းေတြကုိ အဆုံးသတ္ခဲ့ၿပီလုိ႔ ေဖာ္ျပခဲ့တယ္။ ခ်န္ပီယံလိဂ္(၃)ႀကိမ္ဆက္ ခ်န္ပီယံ ရီးယဲလ္အသင္းဟာ ဒီဂီယာကုိ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ေခၚယူဖုိ႔ စိတ္၀င္စားခ့ဲၿပီး ရီးယဲလ္အသင္းဥကၠဌ ဖေလာ္ရင္တီႏုိပီရက္ဇ္ Florentino Perez က ဒီဂီယာကုိ ဂုိးသမားတစ္ဦးအတြက္ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၁၀၀)အထိ ေပးဖုိ႔အသင့္ရွိေနပါတယ္။

David-de-Gea-has-agreed-a-new-five-year-deal-with-Manchester-United.

David-de-Gea-has-agreed-a-new-five-year-deal-with-Manchester-United.

ဒါေပမဲ့လည္း မန္ယူအသင္းက သူတို႔ရဲ႕ အဓိကဂုိးသမား ဒီဂီယာကုိ ေရာင္းခ်မွာမဟုတ္ဘူးလုိ႔ အႀကိမ္ႀကိမ္ ျငင္းဆန္ခဲ့သလုိ ဒီဂီယာအေနနဲ႔ အသင္းကထြက္ခြာဖုိ႔ ဆႏၵမရွိဘူးလုိ႔ ထုတ္ျပန္ခဲ့တယ္။ ၿပီးခဲ့တဲ့တစ္ပတ္က အင္တာဗ်ဴးတစ္ခုမွာ ဒီဂီယာက”ရီးယဲလ္အသင္းရဲ႕ ဂုိးသမားျဖစ္လာမလားဆုိတာ ကၽြန္ေတာ္မသိပါဘူး။ ကၽြန္ေတာ္သိတာက မန္ယူမွာ ေပ်ာ္ရႊင္ေနၿပီျဖစ္ၿပီး တျခားကစားသမားေတြလုိပဲ အသင္းနဲ႔အတူ ဆုဖလားေတြ ဆြတ္ခူးခ်င္တာပါပဲ”လုိ႔ ေျဖၾကားခဲ့ပါတယ္။

REF:Manchester Evening News
Photo:Youtube,Sky Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီဂီယာ De Gea ကို (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့တဲ့ မန်ယူ

မန်ယူအသင်းဟာ လာလီဂါထိပ်သီး ရီးယဲလ်အသင်းက ကာလရှည်ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ဂိုးသမား ဒီဂီယာ De Gea ကို (၅)နှစ်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Manchester Evening News သတင်းဌာနက ဒီဂီယာဟာ မန်ယူနဲ့(၅)နှစ်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ရီးယဲလ်နဲ့ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို အဆုံးသတ်ခဲ့ပြီလို့ ဖော်ပြခဲ့တယ်။ ချန်ပီယံလိဂ်(၃)ကြိမ်ဆက် ချန်ပီယံ ရီးယဲလ်အသင်းဟာ ဒီဂီယာကို ပြီးခဲ့တဲ့နှစ်တွေကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး ရီးယဲလ်အသင်းဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ် Florentino Perez က ဒီဂီယာကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)အထိ ပေးဖို့အသင့်ရှိနေပါတယ်။

David-de-Gea-has-agreed-a-new-five-year-deal-with-Manchester-United.

David-de-Gea-has-agreed-a-new-five-year-deal-with-Manchester-United.

ဒါပေမဲ့လည်း မန်ယူအသင်းက သူတို့ရဲ့ အဓိကဂိုးသမား ဒီဂီယာကို ရောင်းချမှာမဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့သလို ဒီဂီယာအနေနဲ့ အသင်းကထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ထုတ်ပြန်ခဲ့တယ်။ ပြီးခဲ့တဲ့တစ်ပတ်က အင်တာဗျူးတစ်ခုမှာ ဒီဂီယာက”ရီးယဲလ်အသင်းရဲ့ ဂိုးသမားဖြစ်လာမလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာက မန်ယူမှာ ပျော်ရွှင်နေပြီဖြစ်ပြီး တခြားကစားသမားတွေလိုပဲ အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးချင်တာပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

REF:Manchester Evening News
Photo:Youtube,Sky Sports
Naing Linn(Akhayar)
www.akhayar.com