[Zawgyi]

ေဒၚလာ သန္း (၄ဝ) ေက်ာ္တန္ ဇိမ္ခံစံအိမ္ႀကီးကုိ ပုိင္ဆုိင္ထားတဲ့ David Beckham

ၿဗိတိန္ႏုိင္ငံမွာရွိတဲ့ နာမည္ေက်ာ္ပုဂၢိဳလ္ေတြရဲ႕  စံအိမ္ေတြကုိ တြက္ခ်က္ေပးခဲ့တဲ့ Hello Magazine သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ဂႏၳဝင္ေဘာလုံးသမားေဟာင္း David Beckham ရဲ႕ Beckingham Palace စံအိမ္ႀကီးဟာ ေဒၚလာသန္း ၄ဝ (ေပါင္ ၃၁.၅) သန္းနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။ ၂ဝ၁၃ခုႏွစ္မွာ လန္ဒန္ၿမိဳ႕အေနာက္ပုိင္းမွာ Beckingham Palace စံအိမ္ႀကီးကုိ ဝယ္ခဲ့တယ္။ ေနာက္ထပ္ ေဒၚလာ (၁ဝ) သန္းေလာက္ အကုန္က်ခံၿပီး စိတ္တုိင္းက်ျပင္ဆင္ခဲ့တယ္။ စံအိမ္ထဲမွာ တျခားအသုံးအေဆာင္ေတြ မဆုိထားနဲ႔ ေကာ္ဖီစက္ေတာင္မွ ေဒၚလာ (၃,ဝဝဝ) ေက်ာ္ရွိတာပါ။

ဝင္ေငြေကာင္းတုန္းမွာ သုံးျဖဳန္းၾကၿပီး ေနဝင္ခ်ိန္မွာ မြဲေတသြားၾကတဲ့ ေဘာလုံးသမားေတြ ဒုနဲ႔ေဒးရွိၾကပါတယ္။ ဒီအထဲမွာေတာ့ David Beckham မပါခဲ့ဘူး။ ကစားသမားဘဝမွာ ေဒၚလာ (၇၅ဝ) သန္းအထိ ရွာေဖြႏုိင္ခဲ့တဲ့ David Beckham ရဲ႕ အသားတင္ၾကြယ္ဝမႈက ေဒၚလာ (၄၅ဝ) သန္းအထိ ရွိပါတယ္။

လူမႈကြန္ရက္ Instagram မွာ ပရိသတ္ (၅၁.၉)သန္းအထိရွိတဲ့ သူဟာ ေၾကာ္ျငာတစ္ပုဒ္တင္ရင္ ေဒၚလာသုံးသိန္းအထိ ရရွိသူျဖစ္ပါတယ္။ ဖက္ရွင္ေလာကမွာ ဆရာတစ္ဆူျဖစ္ေနေတာ့ သူ႕ကုိ British Fashion Council (BFC) ရဲ႕  Ambassadorial President ျဖစ္လာခဲ့ပါတယ္။ ၂ဝ၁၇ခုႏွစ္မွာ David Beckham ရဲ႕ဝင္ေငြက ေဒၚလာ (၆၅) သန္းအထိရွိခဲ့တယ္။ (၄၃) ႏွစ္ရွိၿပီျဖစ္ေပမယ့္ သူ႕ရဲ႕ပုံရိပ္မူပုိင္ခြင့္ကုမၸဏီ Footwork Productions ကေန တစ္ေန႔ဝင္ေငြ ေပါင္ (၃၅,ဝဝဝ) အထိ ရွိခဲ့တာျဖစ္ပါတယ္။ ဒ့ါေၾကာင့္လည္း David Beckham ဟာ ကစားသမားဘဝက အနားယူသြားေပမယ့္ ေဒၚလာသန္းခ်ီတန္တဲ့ စံအိမ္ႀကီးကုိ ပုိင္ဆုိင္တာျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဒေါ်လာ သန်း (၄ဝ) ကျော်တန် ဇိမ်ခံစံအိမ်ကြီးကို ပိုင်ဆိုင်ထားတဲ့ David Beckham

ဗြိတိန်နိုင်ငံမှာရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့  စံအိမ်တွေကို တွက်ချက်ပေးခဲ့တဲ့ Hello Magazine သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ဂန္ထဝင်ဘောလုံးသမားဟောင်း David Beckham ရဲ့ Beckingham Palace စံအိမ်ကြီးဟာ ဒေါ်လာသန်း ၄ဝ (ပေါင် ၃၁.၅) သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ၂ဝ၁၃ခုနှစ်မှာ လန်ဒန်မြို့အနောက်ပိုင်းမှာ Beckingham Palace စံအိမ်ကြီးကို ဝယ်ခဲ့တယ်။ နောက်ထပ် ဒေါ်လာ (၁ဝ) သန်းလောက် အကုန်ကျခံပြီး စိတ်တိုင်းကျပြင်ဆင်ခဲ့တယ်။ စံအိမ်ထဲမှာ တခြားအသုံးအဆောင်တွေ မဆိုထားနဲ့ ကော်ဖီစက်တောင်မှ ဒေါ်လာ (၃,ဝဝဝ) ကျော်ရှိတာပါ။

ဝင်ငွေကောင်းတုန်းမှာ သုံးဖြုန်းကြပြီး နေဝင်ချိန်မှာ မွဲတေသွားကြတဲ့ ဘောလုံးသမားတွေ ဒုနဲ့ဒေးရှိကြပါတယ်။ ဒီအထဲမှာတော့ David Beckham မပါခဲ့ဘူး။ ကစားသမားဘဝမှာ ဒေါ်လာ (၇၅ဝ) သန်းအထိ ရှာဖွေနိုင်ခဲ့တဲ့ David Beckham ရဲ့ အသားတင်ကြွယ်ဝမှုက ဒေါ်လာ (၄၅ဝ) သန်းအထိ ရှိပါတယ်။

လူမှုကွန်ရက် Instagram မှာ ပရိသတ် (၅၁.၉)သန်းအထိရှိတဲ့ သူဟာ ကြော်ငြာတစ်ပုဒ်တင်ရင် ဒေါ်လာသုံးသိန်းအထိ ရရှိသူဖြစ်ပါတယ်။ ဖက်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်နေတော့ သူ့ကို British Fashion Council (BFC) ရဲ့  Ambassadorial President ဖြစ်လာခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ်မှာ David Beckham ရဲ့ဝင်ငွေက ဒေါ်လာ (၆၅) သန်းအထိရှိခဲ့တယ်။ (၄၃) နှစ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့ပုံရိပ်မူပိုင်ခွင့်ကုမ္ပဏီ Footwork Productions ကနေ တစ်နေ့ဝင်ငွေ ပေါင် (၃၅,ဝဝဝ) အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒ့ါကြောင့်လည်း David Beckham ဟာ ကစားသမားဘဝက အနားယူသွားပေမယ့် ဒေါ်လာသန်းချီတန်တဲ့ စံအိမ်ကြီးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com