[Zawgyi]

ဖက္ရွင္ရပ္ဝန္းရဲ႕ သံတမန္ျဖစ္လာတဲ့ David Beckham

David Beckham ဆုိဟာ ေဘာလံုးေလာကမွာသာမက ဖက္ရွင္ေလာကမွာပါ လူေတြအားလံုးကိုဖမ္းစားႏိုင္ခဲ့ၿပီး အိမ္ေထာင္ေရး စီးပြားေရးမွာပါေျပာစရာမရွိေအာင္ ဘက္စံုေတာ္ခဲ့သူတစ္ေယာက္အျဖစ္ ေနရာယူခဲ့တာအားလံုးလည္းသိၿပီးသားျဖစ္မွာပါ။ ႏုိင္ငံေက်ာ္ ေဘာလံုးအားကစားသမားတစ္ေယာက္၊ Kent & Curwen Clothing Brand တည္ေထာင္သူတစ္ေယာက္လည္းျဖစ္တဲ့ David Beckham ဟာ British Fashion Council(BFC) ရဲ႕ Ambassadorial President ျဖစ္လာခဲ႔ပါျပီ။

David Beckham

David Beckham

Ambassadorial President အျဖစ္နဲ႔ British Fashion ကို ကုိယ္စားျပဳရပ္တည္ေနမယ့္အျပင္ United State ႏွင့္ Asia ႏွစ္ႏိုင္ငံၾကား ရင္းႏွီးမႈေတြကို တည္ေဆာက္ဖို႔အတြက္လည္း ဝုိင္းဝန္းကူညီေဆာင္ရြက္ေပးသြားဦးမယ္လုိ႔သိရွိရပါတယ္။ ဒါတင္မကေသးပဲ BFC နဲ႔ပတ္သက္တဲ႔ Scholarship ကိစၥေတြနဲ႔ အႏုပညာသင္ၾကားမႈမ်ားစတဲ့ ပညာေရးဆိုင္ရာက႑ေတြကိုပါ ေထာက္ပံ့ေပးသြားဦးမယ္လို႔လည္း ဆိုပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

အခုလုိ သတ္မွတ္ျခင္းခံခဲ့ရတဲ့အေပၚ Beckham က”အခုလိုမ်ိဳး တာဝန္ၾကီးတဲ့ ေနရာ၊ ဘြဲ႕ထူး ဂုဏ္ထူးကို ေပးအပ္ျခင္းခံရတာဟာ ကြ်န္ေတာ္႔အတြက္ တကယ့္ကို ၾကီးက်ယ္ခမ္းနားတဲ့ ဂုဏ္ယူမႈၾကီးတစ္ခုျဖစ္လို႔ေနပါတယ္။ British Style ၊ Fashion ေတြနဲ႔ လက္မႈအတတ္ပညာေတြဟာ ကြ်န္ေတာ့္အတြက္ တန္ဖိုးအထားရဆံုးနဲ႔ အရႈးသြပ္ဆံုးအရာျဖစ္ခဲ့ပါတယ္။ အခုအပ္ႏွင္းခံရတဲ့ရာထူးဟာ ကြ်န္ေတာ္ ရူးသြပ္ရတဲ့အရာေတြကို အရင္ကထက္ပိုျပီး ထဲထဲဝင္ဝင္ေလ့လာခြင့္ေတြ၊ ထိေတြ႔ခြင့္ေတြရရွိမွာျဖစ္တဲ့အတြက္ ကြ်န္ေတာ္ အရမ္းကို ဝမ္းသာမိပါတယ္” လို႔ သတင္းစာရွင္းလင္းပြဲမွာ ဂုဏ္ယူဝမ္းေျမာက္စြာေျပာခဲ႔တာျဖစ္ပါတယ္။

David Beckham

David Beckham

“ကြ်န္ေတာ္႔အေနနဲ႔ British Fashion Council နဲ႔ အတူတူ လက္တြဲျပီး UK မွတစ္ဆင့္ ကမာၻတစ္ဝွမး္မွာရွိေနတဲ့ တကယ့္ကိုအရည္အခ်င္းရွိျပီး Fashion Inspiration ေတြနဲ႔ျပည့္ႏွက္ေနတဲ့လူငယ္ေတြနဲ႔ အျခား နစ္ျမဳပ္ေနတဲ့ Fashion Style ေတြကို ေဖာ္ထုတ္ခြင့္ရေတာ့မွာျဖစ္တဲ့အတြက္ အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။ ကြ်န္ေတာ့္အေနနဲ႔ ဒီ Fashion Industry ပိုမိုက်ယ္ျပန္႔ျပီး ထြန္းကားေစဖုိ႔အတြက္အနာဂတ္ေခါင္းေဆာင္ေတြနဲ႔ အတူပူးေပါင္းျပီး အစီအစဥ္ေတြအမ်ားၾကီးကိုလက္တြဲျပီးလုပ္ေဆာင္ခ်င္ပါေသးတယ္” လို႔ေျပာခဲ႔တာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Beckham ကို BFC ရဲ႕ Ambassadorial President အျဖစ္ေရြးခ်ယ္ဖို႔ BFC အဖြဲ႔ဝင္အားလံုးကဆံုးျဖတ္ခဲ႔ၾကပါတယ္။ ဒီဆံုးျဖတ္ခ်က္မတိုင္ခင္ တစ္ပတ္အလိုမွာ Stephanie Phair ေခၚ Farfetch Chief Strategy Officer ဟာ အဲဒီရာထူးမွာ သံုးႏွစ္တိုင္တိုင္တာဝန္ထမ္းေဆာင္ရမယ္ဆိုတဲ့ ယာယီဆံုးျဖတ္ခ်က္ခ်ခဲ့တယ္လို႔လည္း သိရွိခဲ့ရပါတယ္။

Redrose (Akhayar)

www.akhayar.com

Article Ref : Vogue.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဖက်ရှင်ရပ်ဝန်းရဲ့ သံတမန်ဖြစ်လာတဲ့ David Beckham

David Beckham ဆိုဟာ ဘောလုံးလောကမှာသာမက ဖက်ရှင်လောကမှာပါ လူတွေအားလုံးကိုဖမ်းစားနိုင်ခဲ့ပြီး အိမ်ထောင်ရေး စီးပွားရေးမှာပါပြောစရာမရှိအောင် ဘက်စုံတော်ခဲ့သူတစ်ယောက်အဖြစ် နေရာယူခဲ့တာအားလုံးလည်းသိပြီးသားဖြစ်မှာပါ။ နိုင်ငံကျော် ဘောလုံးအားကစားသမားတစ်ယောက်၊ Kent & Curwen Clothing Brand တည်ထောင်သူတစ်ယောက်လည်းဖြစ်တဲ့ David Beckham ဟာ British Fashion Council(BFC) ရဲ့ Ambassadorial President ဖြစ်လာခဲ့ပါပြီ။

David Beckham

David Beckham

Ambassadorial President အဖြစ်နဲ့ British Fashion ကို ကိုယ်စားပြုရပ်တည်နေမယ့်အပြင် United State နှင့် Asia နှစ်နိုင်ငံကြား ရင်းနှီးမှုတွေကို တည်ဆောက်ဖို့အတွက်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားဦးမယ်လို့သိရှိရပါတယ်။ ဒါတင်မကသေးပဲ BFC နဲ့ပတ်သက်တဲ့ Scholarship ကိစ္စတွေနဲ့ အနုပညာသင်ကြားမှုများစတဲ့ ပညာရေးဆိုင်ရာကဏ္ဍတွေကိုပါ ထောက်ပံ့ပေးသွားဦးမယ်လို့လည်း ဆိုပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

အခုလို သတ်မှတ်ခြင်းခံခဲ့ရတဲ့အပေါ် Beckham က”အခုလိုမျိုး တာဝန်ကြီးတဲ့ နေရာ၊ ဘွဲ့ထူး ဂုဏ်ထူးကို ပေးအပ်ခြင်းခံရတာဟာ ကျွန်တော့်အတွက် တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူမှုကြီးတစ်ခုဖြစ်လို့နေပါတယ်။ British Style ၊ Fashion တွေနဲ့ လက်မှုအတတ်ပညာတွေဟာ ကျွန်တော့်အတွက် တန်ဖိုးအထားရဆုံးနဲ့ အရှုးသွပ်ဆုံးအရာဖြစ်ခဲ့ပါတယ်။ အခုအပ်နှင်းခံရတဲ့ရာထူးဟာ ကျွန်တော် ရူးသွပ်ရတဲ့အရာတွေကို အရင်ကထက်ပိုပြီး ထဲထဲဝင်ဝင်လေ့လာခွင့်တွေ၊ ထိတွေ့ခွင့်တွေရရှိမှာဖြစ်တဲ့အတွက် ကျွန်တော် အရမ်းကို ဝမ်းသာမိပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ဂုဏ်ယူဝမ်းမြောက်စွာပြောခဲ့တာဖြစ်ပါတယ်။

David Beckham

David Beckham

“ကျွန်တော့်အနေနဲ့ British Fashion Council နဲ့ အတူတူ လက်တွဲပြီး UK မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ တကယ့်ကိုအရည်အချင်းရှိပြီး Fashion Inspiration တွေနဲ့ပြည့်နှက်နေတဲ့လူငယ်တွေနဲ့ အခြား နစ်မြုပ်နေတဲ့ Fashion Style တွေကို ဖော်ထုတ်ခွင့်ရတော့မှာဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ Fashion Industry ပိုမိုကျယ်ပြန့်ပြီး ထွန်းကားစေဖို့အတွက်အနာဂတ်ခေါင်းဆောင်တွေနဲ့ အတူပူးပေါင်းပြီး အစီအစဉ်တွေအများကြီးကိုလက်တွဲပြီးလုပ်ဆောင်ချင်ပါသေးတယ်” လို့ပြောခဲ့တာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Beckham ကို BFC ရဲ့ Ambassadorial President အဖြစ်ရွေးချယ်ဖို့ BFC အဖွဲ့ဝင်အားလုံးကဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်မတိုင်ခင် တစ်ပတ်အလိုမှာ Stephanie Phair ခေါ် Farfetch Chief Strategy Officer ဟာ အဲဒီရာထူးမှာ သုံးနှစ်တိုင်တိုင်တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ယာယီဆုံးဖြတ်ချက်ချခဲ့တယ်လို့လည်း သိရှိခဲ့ရပါတယ်။

Ref : Vogue

Redrose (Akhayar)

www.akhayar.com

Article Ref : Vogue.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။