[Zawgyi]

အိမ္ေထာင္သက္ ၁၉ ႏွစ္ျပည့္ကို ၂ဦးတည္းဆင္ႏႊဲခဲ့ၾကတဲ့ David Beckham တို႔စံုတြဲ

အႏုပညာေလာကရဲ႕ အားက်စရာအေကာင္းဆံုး အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားၾကတဲ့ David Beckham နဲ႔ Victoria Beckham တို႔ကေတာ့ ဇူလိုင္လ ၅ရက္ေန႔မွာ သူတို႔ ၂ဦးရဲ႕ အိမ္ေထာင္သက္ ၁၉ ႏွစ္ျပည့္အမွတ္တရ Date ေလးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဆင္ႏႊဲခဲ့ၾကပါတယ္။ ဒီအထိမ္းအမွတ္ေန႔ေလးကို သူတို႔၂ဦးတည္း စားေသာက္ဆိုင္တစ္ခုမွာ တူတူလက္ဆံုစားၿပီး ျဖတ္သန္းခဲ့တာျဖစ္ပါတယ္။

၂ဦးသားလံုး အဲ့ဒီပြဲေန႔က ေပ်ာ္စရာေတြကို ၂ဦးလံုးရဲ႕ Instagram Account ေတြမွာမွ်ေဝခဲ့တာျဖစ္ၿပီး ျဖတ္သန္းခဲ့တဲ့ ၁၉ ႏွစ္တာကာလအတြင္း ျပတ္စဲလုနီးပါးျဖစ္ခဲ့ရတဲ့ အေျခအေနအမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရတာေတာင္ ခုခ်ိန္ထိ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္ေတြျပည့္ႏွက္ေနၾကတဲ့ပံုကို ေတြ႕ျမင္ခဲ့ရပါတယ္။

Victoria က ၂ဦးသားအမွတ္တရေတြကို 19 years!!! X I love u so much” ဆိုတဲ့ Caption ေလးနဲ႔ ေဖာ္ျပခဲ့ၿပီး Wine ေတြထဲမွာမွ A-List စာရင္းဝင္ £1500 ခန္႔က်တဲ့ Batard-Montrachet Grand Cru 2009 တံဆိပ္ Wine ပုလင္းနဲ႔ ျဖတ္သန္းခဲ့ၾကပါတယ္။

David ကေတာ့ သူတို႔ရဲ႕ အထင္ေပၚဆံုးမဂၤလာပြဲအမွတ္တရေလးျဖစ္တဲ့ ခရမ္းေရာင္ဆင္တူဝတ္စံုနဲ႔ ကိတ္ခြဲေနခဲ့တဲ့ပံုေလးကို တင္ခဲ့ၿပီး “19 Years WOW….This time 19 years ago I was dressed from gead to toe in purple….Happy anniversary to the most amazing wife & mummy…Love You,’ ဆိုၿပီး ခ်ီးမြမ္းစကားေလးနဲ႔ တင္ခဲ့ပါတယ္။

Anniversary Date မတိုင္ခင္မွာလည္း Anniversary နဲ႔ပတ္သက္တဲ့ အရိပ္အႁမြက္ေလးေတြကို Victoria ကိုယ္တိုင္ သူမ Instagram မွ တဆင့္ ပရိသတ္ေတြသိေအာင္ မွ်ေဝခဲ့ပါေသးတယ္။ ပထမဆံုးပံုေလးကေတာ့ ေငြေရာင္ေဘာလံုးႀကီးေတြအျပည့္ကို႐ိုက္ျပထားတာျဖစ္ၿပီး “Lucky mommy and daddy X ” လို႔ Caption ေလးေရးထားခဲ့ပါတယ္။ ဒုတိယပံုကေတာ့ David ရဲ႕မိခင္မွ ေပးခဲ့တဲ့ ႏွင္းဆီျဖဴပန္းစည္းေလးျဖစ္ၿပီး တတိယပံုကေတာ့ David အတြက္ သူမ စီစဥ္ထားခဲ့တဲ့ 1990 ျပည့္ႏွစ္ကထုတ္တဲ့ ရွားပါး Wine ပဲျဖစ္ပါတယ္။

Date လုပ္ၿပီးခ်ိန္မွာေတာ့ David ေရာ Victoria ေရာ သာမန္မိသားစုေတြလိုပဲ သမီးအငယ္ဆံုး Harper ရဲ႕ ေက်ာင္းက အားကစားေန႔အထိမ္းအမွတ္ေပ်ာ္ပြဲရႊင္ပြဲမွာ ဆင္ႏႊဲခဲ့ၾကပါတယ္။

အဲ့ဒီပြဲမွာလည္း ေဖေဖ David ခမ်ာ တျခားေဖေဖေတြနဲ႔ ကြင္းထဲမွာ ပဲအိတ္ႀကီးကို ေခါင္းေပၚတင္ၿပီး အေျပးၿပိဳင္ပြဲဝင္ေနတာကို Victoria က Instagram မွာ မွ်ေဝခဲ့ပါတယ္။

အဲ့ဒီလိုနဲ႔ သူတို႔ ၂ဦးသားရဲ႕ ၁၉ ႏွစ္ျပည့္ Anniversary Date ေလးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္အဆံုးသတ္ခဲ့တာျဖစ္ပါတယ္။ ၁၉ ႏွစ္ထိတိုင္ေအာင္ အခက္အခဲေတြ၊ စိတ္သေဘာထားမတူညီေတြမႈေတြၾကား အိမ္ေထာင္တစ္ခုကို အခုထိ အခ်စ္ေတြအျပည့္နဲ႔ ေရရွည္တည္တံ့ေအာင္ ထိန္းသိမ္းခဲ့တဲ့ David နဲ႔ Victoria တို႔စံုတြဲကေတာ့ စံနမူနာယူထိုက္ဆံုးစံုတြဲပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

အိမ်ထောင်သက် ၁၉ နှစ်ပြည့်ကို ၂ဦးတည်းဆင်နွှဲခဲ့ကြတဲ့ David Beckham တို့စုံတွဲ

အနုပညာလောကရဲ့ အားကျစရာအကောင်းဆုံး အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြတဲ့ David Beckham နဲ့ Victoria Beckham တို့ကတော့ ဇူလိုင်လ ၅ရက်နေ့မှာ သူတို့ ၂ဦးရဲ့ အိမ်ထောင်သက် ၁၉ နှစ်ပြည့်အမှတ်တရ Date လေးကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ကြပါတယ်။ ဒီအထိမ်းအမှတ်နေ့လေးကို သူတို့၂ဦးတည်း စားသောက်ဆိုင်တစ်ခုမှာ တူတူလက်ဆုံစားပြီး ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

၂ဦးသားလုံး အဲ့ဒီပွဲနေ့က ပျော်စရာတွေကို ၂ဦးလုံးရဲ့ Instagram Account တွေမှာမျှဝေခဲ့တာဖြစ်ပြီး ဖြတ်သန်းခဲ့တဲ့ ၁၉ နှစ်တာကာလအတွင်း ပြတ်စဲလုနီးပါးဖြစ်ခဲ့ရတဲ့ အခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာတောင် ခုချိန်ထိ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေပြည့်နှက်နေကြတဲ့ပုံကို တွေ့မြင်ခဲ့ရပါတယ်။

Victoria က ၂ဦးသားအမှတ်တရတွေကို 19 years!!! X I love u so much” ဆိုတဲ့ Caption လေးနဲ့ ဖော်ပြခဲ့ပြီး Wine တွေထဲမှာမှ A-List စာရင်းဝင် £1500 ခန့်ကျတဲ့ Batard-Montrachet Grand Cru 2009 တံဆိပ် Wine ပုလင်းနဲ့ ဖြတ်သန်းခဲ့ကြပါတယ်။

David ကတော့ သူတို့ရဲ့ အထင်ပေါ်ဆုံးမင်္ဂလာပွဲအမှတ်တရလေးဖြစ်တဲ့ ခရမ်းရောင်ဆင်တူဝတ်စုံနဲ့ ကိတ်ခွဲနေခဲ့တဲ့ပုံလေးကို တင်ခဲ့ပြီး “19 Years WOW….This time 19 years ago I was dressed from gead to toe in purple….Happy anniversary to the most amazing wife & mummy…Love You,’ ဆိုပြီး ချီးမွမ်းစကားလေးနဲ့ တင်ခဲ့ပါတယ်။

Anniversary Date မတိုင်ခင်မှာလည်း Anniversary နဲ့ပတ်သက်တဲ့ အရိပ်အမြွက်လေးတွေကို Victoria ကိုယ်တိုင် သူမ Instagram မှ တဆင့် ပရိသတ်တွေသိအောင် မျှဝေခဲ့ပါသေးတယ်။ ပထမဆုံးပုံလေးကတော့ ငွေရောင်ဘောလုံးကြီးတွေအပြည့်ကိုရိုက်ပြထားတာဖြစ်ပြီး “Lucky mommy and daddy X ” လို့ Caption လေးရေးထားခဲ့ပါတယ်။ ဒုတိယပုံကတော့ David ရဲ့မိခင်မှ ပေးခဲ့တဲ့ နှင်းဆီဖြူပန်းစည်းလေးဖြစ်ပြီး တတိယပုံကတော့ David အတွက် သူမ စီစဉ်ထားခဲ့တဲ့ 1990 ပြည့်နှစ်ကထုတ်တဲ့ ရှားပါး Wine ပဲဖြစ်ပါတယ်။

Date လုပ်ပြီးချိန်မှာတော့ David ရော Victoria ရော သာမန်မိသားစုတွေလိုပဲ သမီးအငယ်ဆုံး Harper ရဲ့ ကျောင်းက အားကစားနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲမှာ ဆင်နွှဲခဲ့ကြပါတယ်။

အဲ့ဒီပွဲမှာလည်း ဖေဖေ David ခမျာ တခြားဖေဖေတွေနဲ့ ကွင်းထဲမှာ ပဲအိတ်ကြီးကို ခေါင်းပေါ်တင်ပြီး အပြေးပြိုင်ပွဲဝင်နေတာကို Victoria က Instagram မှာ မျှဝေခဲ့ပါတယ်။

အဲ့ဒီလိုနဲ့ သူတို့ ၂ဦးသားရဲ့ ၁၉ နှစ်ပြည့် Anniversary Date လေးကို ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ၁၉ နှစ်ထိတိုင်အောင် အခက်အခဲတွေ၊ စိတ်သဘောထားမတူညီတွေမှုတွေကြား အိမ်ထောင်တစ်ခုကို အခုထိ အချစ်တွေအပြည့်နဲ့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခဲ့တဲ့ David နဲ့ Victoria တို့စုံတွဲကတော့ စံနမူနာယူထိုက်ဆုံးစုံတွဲပါပဲ။

EiEiKhineMinn (Akhayar)