[Zawgyi]

MAS Fight မွာ ကစ္ေဘာက္ဆင္သမား Yi Long နဲ႔ ထုိးသတ္ဖြယ္ရွိတဲ့ Dave Leduc

ျမန္မာ့လက္ေဝွ႔အလြတ္တန္းကမၻာ့ခ်န္ပီယံ Dave Leduc ဟာ MAS Fight ပြဲစဥ္မွာ တရုတ္ကစ္ေဘာက္ဆင္သမား Yi Long နဲ႔ ထုိးသတ္ဖြယ္ရွိတယ္လုိ႔ Muay Thai Authority သတင္းဌာနရဲ႕ အဆုိအရ သိရပါတယ္။ Dave Leduc ဟာ ၂ဝ၁၈ခုႏွစ္ ဒီဇင္ဘာလ (၁၆) ရက္ေန႔မွာ ထြန္းထြန္းမင္းနဲ႔ ထုိးသတ္မွာျဖစ္ၿပီး ၂ဝ၁၉ခုႏွစ္ အေစာပုိင္းမွာ Yi Long နဲ႔ ထုိးသတ္ဖြယ္ရွိတယ္လုိ႔ သိရပါတယ္။

MAS Fight စည္းမ်ဥ္းသစ္ေအာက္မွာ ထုိးသတ္ရမွာျဖစ္ၿပီး ကုိးမိနစ္တစ္ခ်ီပဲ ထုိးသတ္ရမွာျဖစ္သလုိ အနားေတာင္းခြင့္ရွိမွာလည္း မဟုတ္ပါဘူး။ ကုိးမိနစ္ျပည့္တဲ့အထိ ဆက္တုိက္ထုိးသတ္ရမွာျဖစ္ၿပီး အလဲမထုိးႏုိင္ရင္ သေရအျဖစ္ သတ္မွတ္မွာျဖစ္ပါတယ္။ (အမွတ္နဲ႔ ဆုံးျဖတ္မွာ မဟုတ္ပါ။) လက္သီး၊ ေျခကန္ခ်က္၊ တံေတာင္နဲ႔ ဒူးေတြကုိ စိတ္ႀကိဳက္အသုံးျပဳႏုိင္ၿပီး ေခါင္းတုိက္ခြင့္ျပဳမွာေတာ့ မဟုတ္ပါဘူး။

ငါးေအာင္စလက္အိတ္ကုိ ဝတ္ဆင္ခြင့္ျပဳထားၿပီး သုံးႀကိမ္အထိ အမွတ္စဥ္အေရခံရင္ေတာ့ အရႈံးသတ္မွတ္မွာျဖစ္ပါတယ္။ အလဲမထုိးႏုိင္ရင္ သေရအျဖစ္ သတ္မွတ္လုိက္တာက ျမန္မာ့လက္ေဝွ႔နဲ႔ တူသလုိရွိတယ္လုိ႔ ဆုိႏုိင္ၿပီး ေခါင္းတုိက္ကြက္ကုိ ခြင့္မျပဳတာက ေမြထုိင္းနဲ႔ ဆင္သလုိရွိပါတယ္။

ေမြထုိင္းထိပ္သီးေတြျဖစ္ၾကတဲ့ Buakaw Banchamek ၊ Sitthichai Sitsongpeenong နဲ႔ Saiyok Pumpanmuang တုိ႔နဲ႔ ရင္ဆုိင္ဖူးတ့ဲ Yi Long ဟာ ေရွာင္လင္သုိင္းသမားတစ္ဦးလည္း ျဖစ္ပါတယ္။ အသက္ (၃၁) ႏွစ္ရွိၿပီး ကုိယ္အေလးခ်ိန္ (၇၂.၅) ကီလုိဂရမ္ဝန္းက်င္ ရွိပါတယ္။ ျပည္သူ႕အခ်စ္ေတာ္ Dave Leduc ဟာ ကုိယ္အေလးခ်ိန္ (၈ဝ) ကီလုိဂရမ္အထိရွိၿပီး အသက္အရြယ္က (၂၆) ႏွစ္ပဲ ရွိပါေသးတယ္။

MAS Fight ပြဲစဥ္ေတြဟာ ကုိယ္အေလးခ်ိန္ကြာဟလြန္းတဲ့ ၿပိဳင္ဘက္ေတြကုိ ထုိးသတ္ခြင့္ျပဳထားၿပီး ၿပီးခဲ့တဲ့ ႏုိဝင္ဘာလ (၁ဝ) ရက္ေန႔တုန္းက အရပ္ (၅) ေပ (၁ဝ) လက္မဝန္းက်င္သာရွိတဲ့ Yi Long ဟာ အရပ္ (၇) ေပ (၂) လက္မနဲ႔ ကုိယ္အေလးခ်ိန္ ၁၅ဝ ကီလုိဂရမ္ (၃၃ဝ ေပါင္) အထိရွိတဲ့ လူ႕ ဘီလူးႀကီး Choi Hong-man ကုိ အလဲထုိးအႏုိင္ယူထားပါတယ္။ ကဲ . . . ျမန္မာ့လက္ေဝွ႔အလြတ္တန္းကမၻာ့ခ်န္ပီယံ Dave Leduc ဟာ ေရွာင္လင္သုိင္းသမား Yi Long နဲ႔ ဘယ္လုိရလဒ္ေတြ ထြက္ေပၚလာမလဲဆုိတာ ရင္ခုန္ၾကစုိ႔ရဲ႕ ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

MAS Fight မှာ ကစ်ဘောက်ဆင်သမား Yi Long နဲ့ ထိုးသတ်ဖွယ်ရှိတဲ့ Dave Leduc

မြန်မာ့လက်ဝှေ့အလွတ်တန်းကမ္ဘာ့ချန်ပီယံ Dave Leduc ဟာ MAS Fight ပွဲစဉ်မှာ တရုတ်ကစ်ဘောက်ဆင်သမား Yi Long နဲ့ ထိုးသတ်ဖွယ်ရှိတယ်လို့ Muay Thai Authority သတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။ Dave Leduc ဟာ ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ ထွန်းထွန်းမင်းနဲ့ ထိုးသတ်မှာဖြစ်ပြီး ၂ဝ၁၉ခုနှစ် အစောပိုင်းမှာ Yi Long နဲ့ ထိုးသတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

MAS Fight စည်းမျဉ်းသစ်အောက်မှာ ထိုးသတ်ရမှာဖြစ်ပြီး ကိုးမိနစ်တစ်ချီပဲ ထိုးသတ်ရမှာဖြစ်သလို အနားတောင်းခွင့်ရှိမှာလည်း မဟုတ်ပါဘူး။ ကိုးမိနစ်ပြည့်တဲ့အထိ ဆက်တိုက်ထိုးသတ်ရမှာဖြစ်ပြီး အလဲမထိုးနိုင်ရင် သရေအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ (အမှတ်နဲ့ ဆုံးဖြတ်မှာ မဟုတ်ပါ။) လက်သီး၊ ခြေကန်ချက်၊ တံတောင်နဲ့ ဒူးတွေကို စိတ်ကြိုက်အသုံးပြုနိုင်ပြီး ခေါင်းတိုက်ခွင့်ပြုမှာတော့ မဟုတ်ပါဘူး။

ငါးအောင်စလက်အိတ်ကို ဝတ်ဆင်ခွင့်ပြုထားပြီး သုံးကြိမ်အထိ အမှတ်စဉ်အရေခံရင်တော့ အရှုံးသတ်မှတ်မှာဖြစ်ပါတယ်။ အလဲမထိုးနိုင်ရင် သရေအဖြစ် သတ်မှတ်လိုက်တာက မြန်မာ့လက်ဝှေ့နဲ့ တူသလိုရှိတယ်လို့ ဆိုနိုင်ပြီး ခေါင်းတိုက်ကွက်ကို ခွင့်မပြုတာက မွေထိုင်းနဲ့ ဆင်သလိုရှိပါတယ်။

မွေထိုင်းထိပ်သီးတွေဖြစ်ကြတဲ့ Buakaw Banchamek ၊ Sitthichai Sitsongpeenong နဲ့ Saiyok Pumpanmuang တို့နဲ့ ရင်ဆိုင်ဖူးတဲ့ Yi Long ဟာ ရှောင်လင်သိုင်းသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် (၃၁) နှစ်ရှိပြီး ကိုယ်အလေးချိန် (၇၂.၅) ကီလိုဂရမ်ဝန်းကျင် ရှိပါတယ်။ ပြည်သူ့အချစ်တော် Dave Leduc ဟာ ကိုယ်အလေးချိန် (၈ဝ) ကီလိုဂရမ်အထိရှိပြီး အသက်အရွယ်က (၂၆) နှစ်ပဲ ရှိပါသေးတယ်။

MAS Fight ပွဲစဉ်တွေဟာ ကိုယ်အလေးချိန်ကွာဟလွန်းတဲ့ ပြိုင်ဘက်တွေကို ထိုးသတ်ခွင့်ပြုထားပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁ဝ) ရက်နေ့တုန်းက အရပ် (၅) ပေ (၁ဝ) လက်မဝန်းကျင်သာရှိတဲ့ Yi Long ဟာ အရပ် (၇) ပေ (၂) လက်မနဲ့ ကိုယ်အလေးချိန် ၁၅ဝ ကီလိုဂရမ် (၃၃ဝ ပေါင်) အထိရှိတဲ့ လူ့ ဘီလူးကြီး Choi Hong-man ကို အလဲထိုးအနိုင်ယူထားပါတယ်။ ကဲ . . . မြန်မာ့လက်ဝှေ့အလွတ်တန်းကမ္ဘာ့ချန်ပီယံ Dave Leduc ဟာ ရှောင်လင်သိုင်းသမား Yi Long နဲ့ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်ကြစို့ရဲ့ ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com