[Zawgyi]






ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

အနုပညာမျိုးဆက်သစ်တစ်ဦးဖြစ်လာနိုင်တဲ့ ကျော်ရဲအောင်ရဲ့သမီးလေးမှုံနံ့သာကျော်ရဲအောင်

ဖခင်ဖြစ်သူကျော်ရဲအောင်ကလည်း အနုပညာရှင်ဖြစ်တဲ့ အတွက်သမီးလေးမှုံနံ့သာကျော်ရဲအောင် ကလည်း အနုပညာကိုဝါသနာပါသူတစ်ဦးပါ။ အသက် ၁၈နှစ်ပြည့်ပြီး လက်ရှိမှာတော့ စိတ်ပညာဘာသာရပ်နဲ့တက္ကသိုလ်တက်ရောက်နေတာဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ရက်ပေါ်မှာလည်း အလှဓါတ်ပုံတွေရိုက်တင်ထားတာတွေ့ရတဲ့အတွက် အလှဓါတ်ပုံရိုက်ရတာကိုဝါသနာပါပုံရပါတယ်။အဲ့လိုပဲအနုပညာကိုဝါသနာပါတာကြောင့် ဆယ်လီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ထားတာကိုကြည့်ဖူးတဲ့ပရိသတ်တွေတော့ သိကြလိမ့်မယ်ထင်ပါတယ်။

ဆယ်လီဇာတ်လမ်းထဲမှ သရုပ်ဆောင်များ

ဖခင်ဖြစ်သူကလည်း တကယ့်ကိုမင်းသားကြီးတစ်လက်ဖြစ်ပြီး ဦးလေးဖြစ်သူဇော်ဇော်အေင်ကလည်း သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အတွက်အနုပညာသွေး အပြည့်အဝရှိတဲ့ လူငယ်မျိုးဆက်သစ်အနုပညာရှင်တစ်ဦးဖြစ်လာနိုင်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Hmone Nathar

www.akhayar.com