[Zawgyi]

အရြယ္ေရာက္လာခ်ိန္မွာ ေမေမ႔ကိုဘာေတြေမးသင္႔လဲ

ေမေမနဲ႔သမီးဆိုတာ ရုပ္ရည္သြင္ျပင္တင္တူညီမႈေတြရွိႏိုင္တာ မဟုတ္ပါဘူး။ က်န္းမာေရးျပႆနာေလးေတြ ကိုယ္အေလးခ်ိန္နဲ႔ပတ္သက္တာေတြပါ  မ်ိဳးရိုးဆက္ခံမႈအရ တူညီမႈရွိႏိုင္ပါတယ္။ ” သမီးလိုခ်င္ အေမကိုၾကည္႔ ” လို႔ေျပာၾကတာမ်ိဳးေတြလည္းရွိတယ္ေလ။ မိခင္ျဖစ္သူ အသက္အရြယ္ရလာတဲ႔အခါ ေျပာင္းလဲသြားတဲ႔ ပံုပန္းသြင္ျပင္ကို ၾကည္႔ျပီး သမီးျဖစ္သူရဲ႕အနာဂတ္အသြင္အျပင္ကို ခန္႔မွန္းႏိုင္တာမ်ိဳးပါ။ တခ်ိဳ႕အမ်ိဳးသမီးေလးေတြဟာ မ်ိဳးရိုးလိုက္မႈေၾကာင္႔ခံစားရႏိုင္တဲ႔ ေဝဒနာေလးေတြရွိတာမို႔ ကိုယ္႔ေမေမတုန္းက ဘယ္လိုက်န္းမာေရးျပႆနာေလးေတြ ၾကံဳေတြ႔ရသလဲဆိုတာ ေမးျမန္းၾကည္႔သင္႔ပါတယ္ေနာ္။

ေမးခြန္း ( ၁ ) ရာသီလာခ်ိန္ ျပင္းျပင္းထန္ထန္နာက်င္ဖူးလား

တခ်ိဳ႕ေတြက ရာသီလာခ်ိန္မွာအကိုက္အခဲေပ်ာက္ေဆးေတြေသာက္ေပမဲ႔လည္း မသက္သာတာမ်ိဳးရွိပါတယ္။ ဒီလို ကိုက္ခဲျခင္းမ်ိဳးဟာ သားအိမ္တြင္းအေျမွးပါးေနရာလြဲမွားတဲ႔ေရာဂါ လကၡဏာအမွတ္အသားတစ္ခုျဖစ္ႏိုင္တယ္လို႔ က်ြမ္းက်င္သူေတြကသံုးသပ္ၾကပါတယ္။ ကိုယ္႔ေမေမ ဒါမွမဟုတ္ အေဒၚမွာ ဒီလိုေဝဒနာမ်ိဳးရွိေနရင္ ကုိယ္႔အလွည္႔မွာလည္း ခံစားရႏိုင္ေျခမ်ားပါတယ္။ ဒါေၾကာင္႔ ရာသီလာခ်ိန္ ျပင္းထန္တဲ႔ေဝဒနာ ခံစားရမႈွရိွမရွိ ေမးသင္႔ပါတယ္။

ေမးခြန္း ( ၂ ) မိသားစုမ်ိဳးရိုးထဲမွာ ကင္ဆာျဖစ္ဖူးသူရွိလား

ရင္သားကင္ဆာနဲ႔ သားဥအိမ္ကင္ဆာေတြဟာ မ်ိဳးရိုးလိုက္တတ္တယ္ဆိုတဲ႔ ယူဆခ်က္ေတြရွိပါတယ္။ ကိုယ္႔အမ်ိဴးအေဆြထဲမွာ ကင္ဆာျဖစ္ပြားဖူးသူ ရွိမရွိဆိုတာ သိထားသင္႔တဲ႔ေမးခြန္းပါ။ ပိုျပီးအေရးၾကီးတာက ဘယ္အရြယ္မွာ ျဖစ္ပြားခဲ႔သလဲဆိုတာပါ။ အသက္( ၅၀) အရြယ္မတိုင္ခင္မွာ သူတို႔ေတြ ဒီေဝဒနာ ခံစားခဲ႔ရဖူးရင္ ကိုယ္႔မွာလည္း ေရာဂါျဖစ္ႏိုင္ေျခ ႏွစ္ဆ တက္လာႏိုင္တယ္လို႔ သိရပါတယ္။

ေမးခြန္း ( ၃ ) ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါျဖစ္ႏိုင္ေျခရွိေနလား

ဆီးခ်ိဳ ေသြးခ်ိဴ ေရာဂါ အမ်ိဴးအစား( ၁) ေရာ( ၂) ေရာ က မ်ိဴးရိုးဗီဇဆက္ႏြယ္မွုေတြရွိႏိုင္ပါတယ္။ကိုယ္႔ေမေမက ဆီခ်ိဳေသြးခ်ိဳေရာဂါ အမ်ိဳးအစား (၁) ရွိေနျပီး အသက္ (၂၅) ႏွစ္မတိုင္ခင္ ကိုယ္႔ကိုေမြးခဲ႔တာဆိုရင္  ေရာဂါျဖစ္ႏိုင္ေျခ( ၂၅) ေယာက္မွာ( ၁) ေယာက္ႏွုန္းျဖစ္ႏိုင္ပါသတဲ႔။ သူမ အသက္ (၂၅) ႏွစ္ေက်ာ္ျပီးမွ ကိုယ္႔ကိုေမြးတာဆိုရင္ေတာ႔ ျဖစ္ႏိုင္ေျခ လူ( ၁၀၀) မွာ( ၁) ေယာက္ႏွုန္းလို႔ သိရပါတယ္။ ဒါေၾကာင္႕ ကိုယ္႔ေမေမမွာ ဆီးခ်ိဴေရာဂါ ရွိမရွိ ၊ ကိုယ္႔ကို ဘယ္အရြယ္မွာ ေမြးတာလဲ ဆိုတာက အေရးၾကီးတဲ႔ အခ်က္ျဖစ္ပါတယ္ေနာ္။

You May Also Like :၂ဝ၁၇မွာ ေဒါင္ေဒါင္ျမည္ေစဖုိ႔

ေမးခြန္း ( ၄ ) ႏွလံုးနဲ႔ပတ္သက္တဲ႔ျပႆနာ ရွိဖူးလား

ကုိယ္႔ေမေမဟာ အသက္( ၆၀) မျပည္႔ခင္ Heart Attack ရွိဖူးရင္ ကိုယ္႔မွာလည္းႏွလံုးေရာဂါခံစားရႏိုင္ေျခ( ၇ )ဆ ပိုရွိတယ္လို႔ ဆိုႏိုင္ပါတယ္။ ကိုယ္႔ေဖေဖဟာ အသက္( ၅၅) ႏွစ္မတိုင္ခင္ Heart Attack တစ္ၾကိမ္ျဖစ္ဖူးရင္ ကိုယ္႔မွာလည္းျဖစ္ႏိုင္ေျခရွိတယ္လို႔ သိရပါတယ္။ ႏွလံုးေသြးေၾကာေရာဂါေတြကေတာ႔ ကိုယ္႔စားေသာက္ေနထိုင္မႈပံုစံနဲ႔လည္းဆိုင္ပါတယ္။ ေဆးလိပ္လံုးဝေရွာင္ျပီး က်န္းမာေရးနဲ႔ ညီညြတ္တဲ႔ အစားအစာေတြ စားရင္ ကိုယ္လက္လႈပ္ရွားမွုရွိရင္ ျဖစ္ႏိုင္ေျခကို ေလ်ွာ႔ခ်ေပးသြားမွာျဖစ္ပါတယ္။

ေမးခြန္း (၅) ကိုယ္ဝန္ေဆာင္ခ်ိန္ အခက္အခဲရွိဖူးသလား

ကိုယ္႔ေမေမကိုယ္ဝန္ေဆာင္ခ်ိန္တုန္းက ေသြးေပါင္ခ်ိန္တက္တာေတြ၊ ေျခေထာက္ေဖာေရာင္တာေတြ စတဲ႔ျပႆနာမ်ိဳးေတြ ျဖစ္ပြားခဲ႔ဖူးရင္ မ်ိဳးရိုးလိုက္တတ္တယ္လို႔သိရပါတယ္။ ဒါေၾကာင္႔ ကိုယ္ဝန္ေဆာင္ေတာ႔မယ္ဆိုရင္ ကိုယ္႔ရဲ ႔မိသားစုမ်ိဳးရိုး ရာဇဝင္အေၾကာင္းကို ေကာင္းေကာင္းသိထားဖို႔လိုျပီး က်န္းမာေရးျပႆနာတစ္ခုကို ၾကိဳတင္ဟန္႔တာႏိုင္ဖို႔ လိုတယ္လို႔ က်ြမ္းက်င္သူေတြက အၾကံျပဳထားပါတယ္။ ကိုယ္ ကိုယ္ဝန္ရွိခ်ိန္မွာ ေသြးေပါင္ခ်ိန္မွန္မွန္စစ္တာ၊ ဆီးမွန္မွန္စစ္တာမ်ိဳး  လုပ္သင္႔တယ္လို႔ သိရပါတယ္။

ဒီေမးခြန္းေတြ ေမးထားတယ္ဆိုတာကလည္း ကိုယ္႔ရဲ႕က်န္းမာေရးအတြက္ ၾကိဳတင္ကာကြယ္ကုသႏိုင္ဖို႔ျဖစ္ပါတယ္။ ကိုယ္တိုင္ကလည္း က်န္းမာေရးနဲ႕ညီညြတ္ေအာင္ ေနထိုင္စားေသာက္မယ္ ၊ ကိုယ္လက္လႈပ္ရွားမႈရွိေနမယ္ ၊ ပံုမွန္က်န္းမာေရး စစ္ေဆး ေစာင္႔ေရွာက္မႈရွိေနမယ္ဆိုရင္ က်န္းမာသက္ရွည္စြာ ေနထိုင္ႏိုင္မွာပါေနာ္။

Ref ; Women’s Weekly

ဂ်ဴဂ်ဴး (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အရွယ်ရောက်လာချိန်မှာ မေမေ့ကိုဘာတွေမေးသင့်လဲ

မေမေနဲ့သမီးဆိုတာ ရုပ်ရည်သွင်ပြင်တင်တူညီမှုတွေရှိနိုင်တာ မဟုတ်ပါဘူး။ ကျန်းမာရေးပြဿနာလေးတွေ ကိုယ်အလေးချိန်နဲ့ပတ်သက်တာတွေပါ  မျိုးရိုးဆက်ခံမှုအရ တူညီမှုရှိနိုင်ပါတယ်။ ” သမီးလိုချင် အမေကိုကြည့် ” လို့ပြောကြတာမျိုးတွေလည်းရှိတယ်လေ။ မိခင်ဖြစ်သူ အသက်အရွယ်ရလာတဲ့အခါ ပြောင်းလဲသွားတဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး သမီးဖြစ်သူရဲ့အနာဂတ်အသွင်အပြင်ကို ခန့်မှန်းနိုင်တာမျိုးပါ။ တချို့အမျိုးသမီးလေးတွေဟာ မျိုးရိုးလိုက်မှုကြောင့်ခံစားရနိုင်တဲ့ ဝေဒနာလေးတွေရှိတာမို့ ကိုယ့်မေမေတုန်းက ဘယ်လိုကျန်းမာရေးပြဿနာလေးတွေ ကြုံတွေ့ရသလဲဆိုတာ မေးမြန်းကြည့်သင့်ပါတယ်နော်။

မေးခွန်း ( ၁ ) ရာသီလာချိန် ပြင်းပြင်းထန်ထန်နာကျင်ဖူးလား

တချို့တွေက ရာသီလာချိန်မှာအကိုက်အခဲပျောက်ဆေးတွေသောက်ပေမဲ့လည်း မသက်သာတာမျိုးရှိပါတယ်။ ဒီလို ကိုက်ခဲခြင်းမျိုးဟာ သားအိမ်တွင်းအမြှေးပါးနေရာလွဲမှားတဲ့ရောဂါ လက္ခဏာအမှတ်အသားတစ်ခုဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ ကိုယ့်မေမေ ဒါမှမဟုတ် အဒေါ်မှာ ဒီလိုဝေဒနာမျိုးရှိနေရင် ကိုယ့်အလှည့်မှာလည်း ခံစားရနိုင်ခြေများပါတယ်။ ဒါကြောင့် ရာသီလာချိန် ပြင်းထန်တဲ့ဝေဒနာ ခံစားရမှုှရှိမရှိ မေးသင့်ပါတယ်။

မေးခွန်း ( ၂ ) မိသားစုမျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးသူရှိလား

ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာတွေဟာ မျိုးရိုးလိုက်တတ်တယ်ဆိုတဲ့ ယူဆချက်တွေရှိပါတယ်။ ကိုယ့်အမျိူးအဆွေထဲမှာ ကင်ဆာဖြစ်ပွားဖူးသူ ရှိမရှိဆိုတာ သိထားသင့်တဲ့မေးခွန်းပါ။ ပိုပြီးအရေးကြီးတာက ဘယ်အရွယ်မှာ ဖြစ်ပွားခဲ့သလဲဆိုတာပါ။ အသက်( ၅၀) အရွယ်မတိုင်ခင်မှာ သူတို့တွေ ဒီဝေဒနာ ခံစားခဲ့ရဖူးရင် ကိုယ့်မှာလည်း ရောဂါဖြစ်နိုင်ခြေ နှစ်ဆ တက်လာနိုင်တယ်လို့ သိရပါတယ်။

မေးခွန်း ( ၃ ) ဆီးချို သွေးချို ရောဂါဖြစ်နိုင်ခြေရှိနေလား

ဆီးချို သွေးချိူ ရောဂါ အမျိူးအစား( ၁) ရော( ၂) ရော က မျိူးရိုးဗီဇဆက်နွယ်မှုတွေရှိနိုင်ပါတယ်။ကိုယ့်မေမေက ဆီချိုသွေးချိုရောဂါ အမျိုးအစား (၁) ရှိနေပြီး အသက် (၂၅) နှစ်မတိုင်ခင် ကိုယ့်ကိုမွေးခဲ့တာဆိုရင်  ရောဂါဖြစ်နိုင်ခြေ( ၂၅) ယောက်မှာ( ၁) ယောက်နှုန်းဖြစ်နိုင်ပါသတဲ့။ သူမ အသက် (၂၅) နှစ်ကျော်ပြီးမှ ကိုယ့်ကိုမွေးတာဆိုရင်တော့ ဖြစ်နိုင်ခြေ လူ( ၁၀၀) မှာ( ၁) ယောက်နှုန်းလို့ သိရပါတယ်။ ဒါကြောင့် ကိုယ့်မေမေမှာ ဆီးချိူရောဂါ ရှိမရှိ ၊ ကိုယ့်ကို ဘယ်အရွယ်မှာ မွေးတာလဲ ဆိုတာက အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်နော်။

You May Also Like :၂ဝ၁၇မှာ ဒေါင်ဒေါင်မြည်စေဖို့

မေးခွန်း ( ၄ ) နှလုံးနဲ့ပတ်သက်တဲ့ပြဿနာ ရှိဖူးလား

ကိုယ့်မေမေဟာ အသက်( ၆၀) မပြည့်ခင် Heart Attack ရှိဖူးရင် ကိုယ့်မှာလည်းနှလုံးရောဂါခံစားရနိုင်ခြေ( ၇ )ဆ ပိုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်ဖေဖေဟာ အသက်( ၅၅) နှစ်မတိုင်ခင် Heart Attack တစ်ကြိမ်ဖြစ်ဖူးရင် ကိုယ့်မှာလည်းဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ နှလုံးသွေးကြောရောဂါတွေကတော့ ကိုယ့်စားသောက်နေထိုင်မှုပုံစံနဲ့လည်းဆိုင်ပါတယ်။ ဆေးလိပ်လုံးဝရှောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရင် ကိုယ်လက်လှုပ်ရှားမှုရှိရင် ဖြစ်နိုင်ခြေကို လျှော့ချပေးသွားမှာဖြစ်ပါတယ်။

မေးခွန်း (၅) ကိုယ်ဝန်ဆောင်ချိန် အခက်အခဲရှိဖူးသလား

ကိုယ့်မေမေကိုယ်ဝန်ဆောင်ချိန်တုန်းက သွေးပေါင်ချိန်တက်တာတွေ၊ ခြေထောက်ဖောရောင်တာတွေ စတဲ့ပြဿနာမျိုးတွေ ဖြစ်ပွားခဲ့ဖူးရင် မျိုးရိုးလိုက်တတ်တယ်လို့သိရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ကိုယ့်ရဲ့မိသားစုမျိုးရိုး ရာဇဝင်အကြောင်းကို ကောင်းကောင်းသိထားဖို့လိုပြီး ကျန်းမာရေးပြဿနာတစ်ခုကို ကြိုတင်ဟန့်တာနိုင်ဖို့ လိုတယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ကိုယ် ကိုယ်ဝန်ရှိချိန်မှာ သွေးပေါင်ချိန်မှန်မှန်စစ်တာ၊ ဆီးမှန်မှန်စစ်တာမျိုး  လုပ်သင့်တယ်လို့ သိရပါတယ်။

ဒီမေးခွန်းတွေ မေးထားတယ်ဆိုတာကလည်း ကိုယ့်ရဲ့ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ကုသနိုင်ဖို့ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်မယ် ၊ ကိုယ်လက်လှုပ်ရှားမှုရှိနေမယ် ၊ ပုံမှန်ကျန်းမာရေး စစ်ဆေး စောင့်ရှောက်မှုရှိနေမယ်ဆိုရင် ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်မှာပါနော်။

Ref ; Women’s Weekly

ဂျူဂျူး (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။