This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေပါင္ၿခံဒဏ္ရာေၾကာင့္ ေကာ္စတာရီကာနဲ႔ ပြဲကို လြဲေခ်ာ္မယ့္ ဒန္နီလို Danilo

ေပါင္ၿခံဒဏ္ရာေၾကာင့္ ေကာ္စတာရီကာနဲ႔ ပြဲစဥ္ကို ေနာက္ခံလူ ဒန္နီလို Danilo လြဲေခ်ာ္မွာျဖစ္ေၾကာင္း ဘရာဇီးလ္အသင္းက တရားဝင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒဏ္ရာရရွိခဲ့တဲ့ ဒန္နီလို Danilo အစား ကိုရင္သီယန္ေနာက္ခံလူ ဖက္ဂ္နာ Fagner ကို ပြဲထြက္ ကစားသမားအျဖစ္ အသံုးျပဳသြားမွာျဖစ္ေၾကာင္းကိုလည္း အတည္ျပဳေပးခဲ့ပါတယ္။ ဒန္နီလို Danilo ရဲ႕ ဒဏ္ရာအေျခအေနကို အသင္းဆရာဝန္ ရိုဒရီဂိုလက္စ္နာ Rodrigo Lasmar က အတည္ျပဳေပးခဲ့ၿပီး အုပ္စုေနာက္ဆံုးပြဲအျဖစ္ ကစားမယ့္ ဆာဘီးယားနဲ႔ ပြဲစဥ္ကိုပါ လြဲေခ်ာ္ဖို႔ ရွိ၊ မရွိကိုေတာ့ အတည္ျပဳေပးခဲ့ျခင္းမရွိပါဘူး။ လက္ရွိအခ်ိန္မွာ ဒန္နီလို Danilo အေနနဲ႔ ဒဏ္ရာကို ကုသမႈခံယူေနၿပီး စစ္ေဆးမႈေတြ ခံယူသြားဖို႔ ရွိေနပါတယ္။ ဆြစ္ဇာလန္အသင္းနဲ႔ အုပ္စုအဖြင့္ပြဲစဥ္မွာ သေရက်ခဲ့တဲ့ ဘရာဇီးလ္အသင္းအေနနဲ႔ ေကာ္စတာရီကာနဲ႔ အုပ္စုဒုတိယပြဲစဥ္အျဖစ္ စိန္႔ပီတာစ္ဘတ္ၿမိဳ႕မွာ ကစားသြားမွာျဖစ္ပါတယ္။

Danilo

Danilo

ေကာ္စတာရီကာအသင္းနဲ႔ ပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္ ဝါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗား Thiago Silva က တာဝန္ယူသြားမွာ ျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းဟာ နည္းျပ ထိထီ Tite ရဲ႕ လက္ထက္မွာ အသင္းေခါင္းေဆာင္အျဖစ္ ကစားသမားေတြကို အလွည့္က် တာဝန္ယူေစတဲ့ စနစ္ကို က်င့္သံုးေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဆြစ္ဇာလန္အသင္းနဲ႔ ပြဲစဥ္မွာ မာဆယ္လို Marcelo က အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ၿပီး ေကာ္စတာရီကာအသင္းနဲ႔ ပြဲစဥ္မွာေတာ့ သီယာဂိုေဆးလ္ဗား Thiago Silva က အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူသြားမွာ ျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းကို (၁-၀)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ အသင္းေခါင္းေဆာင္ရာထူးကို သီယာဂိုေဆးလ္ဗား Thiago Silva ေနာက္ဆံုး တာဝန္ယူခဲ့တာ ျဖစ္ပါတယ္။

REF:Daily Mail
Photo:Reuters UK, Wikimedia Commons
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပေါင်ခြံဒဏ်ရာကြောင့် ကော်စတာရီကာနဲ့ ပွဲကို လွဲချော်မယ့် ဒန်နီလို Danilo

ပေါင်ခြံဒဏ်ရာကြောင့် ကော်စတာရီကာနဲ့ ပွဲစဉ်ကို နောက်ခံလူ ဒန်နီလို Danilo လွဲချော်မှာဖြစ်ကြောင်း ဘရာဇီးလ်အသင်းက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ဒန်နီလို Danilo အစား ကိုရင်သီယန်နောက်ခံလူ ဖက်ဂ်နာ Fagner ကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားမှာဖြစ်ကြောင်းကိုလည်း အတည်ပြုပေးခဲ့ပါတယ်။ ဒန်နီလို Danilo ရဲ့ ဒဏ်ရာအခြေအနေကို အသင်းဆရာဝန် ရိုဒရီဂိုလက်စ်နာ Rodrigo Lasmar က အတည်ပြုပေးခဲ့ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားမယ့် ဆာဘီးယားနဲ့ ပွဲစဉ်ကိုပါ လွဲချော်ဖို့ ရှိ၊ မရှိကိုတော့ အတည်ပြုပေးခဲ့ခြင်းမရှိပါဘူး။ လက်ရှိအချိန်မှာ ဒန်နီလို Danilo အနေနဲ့ ဒဏ်ရာကို ကုသမှုခံယူနေပြီး စစ်ဆေးမှုတွေ ခံယူသွားဖို့ ရှိနေပါတယ်။ ဆွစ်ဇာလန်အသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ သရေကျခဲ့တဲ့ ဘရာဇီးလ်အသင်းအနေနဲ့ ကော်စတာရီကာနဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် စိန့်ပီတာစ်ဘတ်မြို့မှာ ကစားသွားမှာဖြစ်ပါတယ်။

Danilo

Danilo

ကော်စတာရီကာအသင်းနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗား Thiago Silva က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ နည်းပြ ထိထီ Tite ရဲ့ လက်ထက်မှာ အသင်းခေါင်းဆောင်အဖြစ် ကစားသမားတွေကို အလှည့်ကျ တာဝန်ယူစေတဲ့ စနစ်ကို ကျင့်သုံးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာ မာဆယ်လို Marcelo က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ကော်စတာရီကာအသင်းနဲ့ ပွဲစဉ်မှာတော့ သီယာဂိုဆေးလ်ဗား Thiago Silva က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းခေါင်းဆောင်ရာထူးကို သီယာဂိုဆေးလ်ဗား Thiago Silva နောက်ဆုံး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

REF:Daily Mail
Photo:Reuters UK, Wikimedia Commons
Aung Kyaw Wai (Akhayar)
www.akhayar.com