This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဒဏ္ရာရကစားသမားေတြ ေလ့က်င့္ေရးအစီအစဥ္မွာ ျပန္လည္ပါဝင္လာခဲ့တဲ့ ဘရာဇီးလ္အသင္း

ရုရွားႏိုင္ငံ၊ ဆိုခ်ီၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ဘရာဇီးလ္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ဒဏ္ရာရကစားသမားေတြ ျပန္လည္ပါဝင္လာခဲ့ပါတယ္။ ဇြန္လ (၁၂)ရက္ေန႔က စတင္ၿပီး ကမၻာ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ျပဳလုပ္ခဲ့တဲ့ ဘရာဇီးလ္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပထမဆံုးအေနနဲ႔ ကစားသမား (၂၃)စလံုး ပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကစားသမားေတြျဖစ္တဲ့ မာဆယ္လို Marcelo၊ ဒန္နီလို Danilo နဲ႔ ေဒါက္ဂလက္ေကာ္စတာ Douglas Costa တို႔ (၃)ဦးစလံုး ပူးေပါင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ဒဏ္ရာက ျပန္လည္သက္သာလာတဲ့ ကစားသမားေတြ ျပန္လည္ပါဝင္ႏိုင္ခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံနဲ႔ ပြဲမွာ ပါဝင္ကစားေပးဖို႔ေတာ့ မရွိပါဘူး။

Brazil-training

Brazil-training

အသင္းရဲ႕ ေလ့က်င့္ကြင္းကို မီဒီယာသမားေတြပါ ဝင္ေရာက္ခြင့္ေပးခဲ့ၿပီး ေလ့က်င့္မႈေတြအၿပီးမွာ ဘရာဇီးလ္ကစားသမားေတြက သူတို႔ရဲ႕ ရင္ေသြးေတြနဲ႔ ေပ်ာ္ရႊင္စြာ ေဘာလံုးကစားခဲ့ၾကပါတယ္။ အခုတစ္ပတ္ ေသာၾကာေန႔မွာ ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ ဘရာဇီးလ္အသင္းနဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ ကစားသြားမွာပါ။ ဘယ္လ္ဂ်ီယံနဲ႔ ပြဲမတိုင္ခင္ ျပဳလုပ္ခဲ့တဲ့ အသင္းရဲ႕ ပထမဆံုးေလ့က်င့္ခန္း အစီအစဥ္မွာ ကစားသမား အစံုအလင္ပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံနဲ႔ ပဲြစဥ္မွာ ကတ္စ္မဲရိုး Casemiro ထက္ ဖာနန္ဒင္ဟို Fernandinho ကို ကြင္းလယ္ပိုင္းမွာ အသံုးျပဳသြားဖို႔ ရွိေနတယ္လို႔ ဘရာဇီးလ္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကို လာေရာက္ေလ့လာခဲ့တဲ့ သတင္းေထာက္ေတြက တြက္ဆခဲ့ၾကပါတယ္။

REF:AS
Photo:The Daily News Nation, Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဒဏ်ရာရကစားသမားတွေ လေ့ကျင့်ရေးအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့တဲ့ ဘရာဇီးလ်အသင်း

ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရကစားသမားတွေ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဇွန်လ (၁၂)ရက်နေ့က စတင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပထမဆုံးအနေနဲ့ ကစားသမား (၂၃)အပြည့်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကစားသမားတွေဖြစ်တဲ့ မာဆယ်လို Marcelo၊ ဒန်နီလို Danilo နဲ့ ဒေါက်ဂလက်ကော်စတာ Douglas Costa တို့ (၃)ဦးစလုံး ပူးပေါင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ကစားသမားတွေ ပြန်လည်ပါဝင်နိုင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံနဲ့ ပွဲမှာ ပါဝင်ကစားပေးဖို့တော့ မရှိပါဘူး။

Brazil-training

Brazil-training

အသင်းရဲ့ လေ့ကျင့်ကွင်းကို မီဒီယာသမားတွေပါ ဝင်ရောက်ခွင့်ပေးခဲ့ပြီး လေ့ကျင့်မှုတွေအပြီးမှာ ဘရာဇီးလ်ကစားသမားတွေက သူတို့ရဲ့ ရင်သွေးတွေနဲ့ ပျော်ရွှင်စွာ ဘောလုံးကစားခဲ့ကြပါတယ်။ အခုတစ်ပတ် သောကြာနေ့မှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ကစားသွားမှာပါ။ ဘယ်လ်ဂျီယံနဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ်မှာ ကစားသမား အစုံအလင်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်မှာ ကတ်စ်မဲရိုး Casemiro ထက် ဖာနန်ဒင်ဟို Fernandinho ကို ကွင်းလယ်ပိုင်းမှာ အသုံးပြုသွားဖို့ ရှိနေတယ်လို့ ဘရာဇီးလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်လေ့လာခဲ့တဲ့ သတင်းထောက်တွေက တွက်ဆခဲ့ကြပါတယ်။

REF:AS
Photo:The Daily News Nation, Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com