[Zawgyi]



Daniel Craig


Daniel Craig


Daniel Craig


Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider
[Unicode]

James Bond ဇာတ်ကားသစ်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ (၂၅)သန်းရရှိမယ့် Daniel Craig

Bond ဇာတ်ကားတွေ ဖြစ်တဲ့ Casino Royale ၊ Quantum of Solace ၊ Skyfall နဲ့ Spectre ဇာတ်ကားတွေမှာ James Bond အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Daniel Craig ဟာ သူ့အတွက် (၅)ကားမြောက် ဇာတ်ကားဖြစ်မယ့် “Bond 25” ဇာတ်ကားအတွက် သရုပ်ဆောင်ကြေး ဒေါ်လာ (၂၅) သန်းရရှိမယ်လို့ ဆိုပါတယ်။

Daniel Craig

“Bond 25” ဇာတ်ကားဟာ (၂၅) ကားမြောက် James Bond ဇာတ်ကားလည်း ဖြစ်ပြီးတော့ နိုဝင်ဘာလ (၈) ရက်၊ ၂၀၁၉ ခုနှစ်မှာ ပြသဖို့ ရည်ရွယ်ထားပါတယ်။

Daniel Craig

Craig ဟာ သြဂုတ်လ ၂၀၁၇ က လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူရဲ့ James Bond (၅)ကားမြောက်ဇာတ်ကားအတွက် လက်ခံရိုက်ကူးမယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒီအဖြေဟာ ပရိသတ်တွေ အားလုံးကို အရမ်းအံ့အားသင့်စေပြီး အရင်က Daniel Craig ဟာ James Bond ဇာတ်ကားပြန်ရိုက်မယ့်အစား ကိုယ့်လက်ကောက်ဝတ်ကိုပဲ လှီးဖြတ်လိုက်တော့မယ်လို့ ပြောထားလို့ပါပဲ။

Daniel Craig

ဒါပေမယ့် သရုပ်ဆောင်ကြေး ဒေါ်လာ (၂၅) သန်းဆိုတာ Daniel Craig ကို ပြန်ရိုက်ချင်အောင် ဆွဲဆောင်နိုင်ခဲ့ပုံရပါတယ်။ ဒါကြောင့်ပဲ နောက်ထွက်မယ့် James Bond ဇာတ်ကားသစ်မှာ မင်းသားအပြောင်းအလဲမရှိဘဲ မျက်လုံးပြာပြာနဲ့ မင်းသား Daniel Craig ကိုပဲ Bond အဖြစ်ပြန်မြင်ရဖွယ်ရှိပါကြောင်း။

Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider