This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စုအဖြင့္ႏွစ္ပဲြကုိ ကာဗာဟယ္လ္ Carvajal လဲြေခ်ာ္ဖုိ႔ရွိတယ္လုိ႔ ၀န္ခံခဲ့တဲ့ စပိန္အသင္းနည္းျပ လုိပယ္တက္ဂီ Lopetegui

စပိန္အသင္းနည္းျပလုိပယ္တက္ဂီ Lopetegui က ရာႏႈန္းျပည့္ႀကံ့ခုိင္မႈမရွိတဲ့ ေနာက္ခံလူ ကာဗာဟယ္လ္ Carvajal ကုိ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အေလာတႀကီး အသုံးျပဳသြားမွာမဟုတ္ဘဲ အုပ္စုအဖြင့္ပဲြစဥ္(၂)ပဲြကုိ လဲြေခ်ာ္ဖုိ႔ရွိတယ္လုိ႔ ဆုိခဲ့ပါတယ္။ ရီးယဲလ္အသင္းညာေနာက္ခံလူ ကာဗာဟယ္လ္ Carvajal ဟာ လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဒဏ္ရာရွိေပမယ့္ စပိန္အသင္းလူစာရင္းမွာ ေရြးခ်ယ္ခံခဲ့ရသလုိ အခုေလာေလာဆယ္မွာလည္း ႀကံ့ခုိင္မႈ ျပည့္၀လာေအာင္ ႐ုန္းကန္ေနရပါတယ္။

Daniel-Carvajal-of-Real-Madrid-is-forced-off-with-an-injury-in-the-UEFA-Champions-League

Daniel-Carvajal-of-Real-Madrid-is-forced-off-with-an-injury-in-the-UEFA-Champions-League

စပိန္အသင္းနည္းျပ လုိပယ္တက္ဂီအေနနဲ႔ ကာဗာဟယ္လ္ရဲ႕ ႀကံ့ခိုင္မႈအေျခအေန တိုးတက္လာမႈအေပၚ ေက်နပ္အားရေနေပမယ့္လည္း အခုေသာၾကာေန႔မွာ ေပၚတူဂီနဲ႔ကစားမယ့္ အုပ္စုအဖြင့္ပဲြက်ရင္ေတာ့ ကာဗာဟယ္လ္ကုိ အသုံးျပဳဖုိ႔ မရွိပါဘူး။ လုိပယ္တက္ဂီက”ကာဗာဟယ္လ္ဟာ ႀကံ့ခုိင္မႈျပည့္၀ဖုိ႔ တျဖည္းျဖည္းတည္ေဆာက္သြားရမွာပါ။ မၾကာခင္ ေဘာလုံးျပန္ကစားဖုိ႔ အသင့္ျဖစ္ေနမယ္လုိ႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္။ အုပ္စုအဖြင့္ပဲြ ဒါမွမဟုတ္ ဒုတိယပဲြမွာ ပါ၀င္ကစားဖုိ႔ ကာဗာဟယ္လ္ အသင့္ရွိ၊ မရွိ ကၽြန္ေတာ္ မသိေပမယ့္ သူ႔ဒဏ္ရာက ျပန္ေကာင္းလာေတာ့မွာပါ”လုိ႔ ေျပာၾကားခဲ့တယ္။ စပိန္အသငး္ဟာ ေပၚတူဂီအသင္းနဲ႔ အုပ္စုအဖြင့္ပဲြအၿပီး ဇြန္လ(၂၀)ရက္မွာ အီရန္၊ ဇြန္လ(၂၅)ရက္မွာ ေမာ္႐ုိကုိအသင္းတို႔နဲ႔ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။

REF:AS.com
Photo: Daily Post,Goal.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စုအဖွင့်နှစ်ပွဲကို ကာဗာဟယ်လ် Carvajal လွဲချော်ဖို့ရှိတယ်လို့ ဝန်ခံခဲ့တဲ့ စပိန်အသင်းနည်းပြ လိုပယ်တက်ဂီ Lopetegui

စပိန်အသင်းနည်းပြလိုပယ်တက်ဂီ Lopetegui က ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိတဲ့ နောက်ခံလူ ကာဗာဟယ်လ် Carvajal ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလောတကြီး အသုံးပြုသွားမှာမဟုတ်ဘဲ အုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲကို လွဲချော်ဖို့ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ရီးယဲလ်အသင်းညာနောက်ခံလူ ကာဗာဟယ်လ် Carvajal ဟာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာရှိပေမယ့် စပိန်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရသလို အခုလောလောဆယ်မှာလည်း ကြံ့ခိုင်မှု ပြည့်ဝလာအောင် ရုန်းကန်နေရပါတယ်။

Daniel-Carvajal-of-Real-Madrid-is-forced-off-with-an-injury-in-the-UEFA-Champions-League

Daniel-Carvajal-of-Real-Madrid-is-forced-off-with-an-injury-in-the-UEFA-Champions-League

စပိန်အသင်းနည်းပြ လိုပယ်တက်ဂီအနေနဲ့ ကာဗာဟယ်လ်ရဲ့ ကြံ့ခိုင်မှုအခြေအနေ တိုးတက်လာမှုအပေါ် ကျေနပ်အားရနေပေမယ့်လည်း အခုသောကြာနေ့မှာ ပေါ်တူဂီနဲ့ကစားမယ့် အုပ်စုအဖွင့်ပွဲကျရင်တော့ ကာဗာဟယ်လ်ကို အသုံးပြုဖို့ မရှိပါဘူး။ လိုပယ်တက်ဂီက”ကာဗာဟယ်လ်ဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ တဖြည်းဖြည်းတည်ဆောက်သွားရမှာပါ။ မကြာခင် ဘောလုံးပြန်ကစားဖို့ အသင့်ဖြစ်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အုပ်စုအဖွင့်ပွဲ ဒါမှမဟုတ် ဒုတိယပွဲမှာ ပါဝင်ကစားဖို့ ကာဗာဟယ်လ် အသင့်ရှိ၊ မရှိ ကျွန်တော် မသိပေမယ့် သူ့ဒဏ်ရာက ပြန်ကောင်းလာတော့မှာပါ”လို့ ပြောကြားခဲ့တယ်။ စပိန်အသင်းဟာ ပေါ်တူဂီအသင်းနဲ့ အုပ်စုအဖွင့်ပွဲအပြီး ဇွန်လ(၂၀)ရက်မှာ အီရန်၊ ဇွန်လ(၂၅)ရက်မှာ မော်ရိုကိုအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

REF:AS.com
Photo: Daily Post,Goal.com
Naing Linn(Akhayar)
www.akhayar.com