ဒန်နီအဲလ်ဗတ်စ် Dani Alves နဲ့ ဆုဖလားတွေဆိုတာက ဘုရားသခင်က သတ်မှတ်ထားတဲ့ အတွဲအဖက်များလားလို့တောင် ထင်ရတယ်။ အခုဆိုရင် PSG အသင်းနဲ့အတူ ဒီရာသီ ပြင်သစ်လီဂူးချန်ပီယံဆုရရှိခဲ့တာကြောင့် ဘောလုံးသမိုင်းတစ်လျှောက် ဆုဖလားရရှိမှု အများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ပြီ။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရာဇီးလ်သားဟာ ကမ္ဘာ့အဆင့်ဝင် ညာနောက်ခံလူအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ PSG နဲ့ ရရှိခဲ့တဲ့ ပြင်သစ်လီဂူးချန်ပီယံဆုဟာ အဲလ်ဗတ်စ်အတွက် (၄၂)ခုမြောက် ဆုဖလားဖြစ်ပြီး အီဂျစ်ဂန္ထ၀င်တိက်စစ်မှူး Hossam Hassan ထက် ဆုဖလားတစ်လုံးအသာရခဲ့တာကြောင့် ဘောလုံးလောကရဲ့ ဆုဖလားရရှိမှုအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါပဲ။

အဲလ်ဗတ်စ်ဟာ ကစားသမားဘ၀ အစပိုင်းကတည်းက ဆုဖလားတွေနဲ့ ကံစပ်တယ်လို့ပြောရမယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပထမဆုံးကလပ်ဖြစ်တဲ့ Bahia အသင်းနဲ့အတူ ပြည်တွင်းဆုဖလား(၃)ခု ရရှိခဲ့တာက စတင်ပြီး ဆီဗီလာ၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ PSG အသင်းတို့နဲ့ ချန်ပီယံဆုဖလားတွေ ရယူခဲ့တဲ့အပြင် နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ဘရာဇီးလ်အသင်းအတွက်လည်း ကိုပါအမေရိက၊ ကွန်ဖက်ဒရေးရှင်းဖလား၊ FIFA World Youth Championship ဆုဖလားတွေ ရယူခဲ့ပါသေးတယ်။ ထူးခြားတာတစ်ခုက အဲလ်ဗတ်စ်ဟာ သူကစားတဲ့အသင်းတိုင်းနဲ့အတူ ချန်ပီယံဆုဖလားတွေ ရယူခဲ့တာဖြစ်ပါတယ်။ အဲလ်ဗတ်စ်ရဲ့ ကစားသမားဘ၀တစ်လျှောက် အောင်မြင်မှုအများဆုံးကို ပြပါဆိုရင် ဘာစီလိုနာအသင်းမှာ ကစားခဲ့တုန်းကဖြစ်ပြီး ချန်ပီယံလိဂ်(၃)ကြိမ်၊ လာလီဂါ(၆)ကြိမ်အပါအ၀င် ဆုဖလား (၂၃)ခုအထိ ရရှိခဲ့တာကြောင့် ဖလားတွေ ခဏခဏ မြှောက်ရလွန်းလို့ အဲလ်ဗတ်စ် လက်ညောင်းနေပြီလားတောင် မသိတော့ပါဘူး။

ပြောရရင် အဲလ်ဗတ်စ်တစ်ဦးတည်း ရခဲ့တဲ့ဆုဖလားအရေအတွက်က စပါးအသင်းသမိုင်းတစ်လျှောက် ရခဲ့တဲ့ဖလားတွေထက် ပိုများနေတာပါပဲ။ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားတွေလို့ သတ်မှတ်ခံထားရတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Lionel Messi တို့တောင် အဲလ်ဗတ်စ်လောက် ဖလားတွေ အများကြီး မရခဲ့ပါဘူး။ သူ့နောက်မှာ ဆုဖလားရရရှိမှုအများဆုံးဖြစ်နေတာက ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ အင်နီယေစတာ Andres Iniesta ၊ မက်ဇ်ဝဲလ် Maxwell နဲ့ နောက်ထပ် အီဂျစ်နာမည်ကျော် ကစားသမားတစ်ဦးဖြစ်သူ Ibrahim Hassan တို့ပဲရှိပြီး သူတို့အားလုံးက ဆုဖလာ(၃၇)ခုသာ ရရှိခဲ့တာကြောင့် အဲလ်ဗတ်စ်ကို မီနိုင်မယ့် ကစားသမား ထွက်ပေါ်လာဖို့ မရှိသေးဘူးလို့ပဲ ပြောရမှာပါ . . .

DANI ALVES’ 42 TROPHIES TO DATE

Bahia (2001-02):
Campeonato Baiano – 2001
Copa do Nordeste – 2001, 2002

Sevilla (2002-08):
Copa del Rey — 2006-07
Supercopa de Espana — 2007
UEFA Cup — 2005-06, 2006-07
UEFA Super Cup — 2006

Barcelona (2008-16):
La Liga — 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16
Copa del Rey — 2008–09, 2011–12, 2014–15, 2015–16
Supercopa de Espana — 2009, 2010, 2011, 2013
Champions League — 2008–09, 2010–11, 2014–15
UEFA Super Cup — 2009, 2011, 2015
FIFA Club World Cup — 2009, 2011, 2015

Juventus (2016-17):
Serie A — 2016-17
Coppa Italia — 2016-17

PSG (2017-present):
Trophee des Champions — 2017
Coupe de la Lige — 2017-18
Coupe de France — 2017-18
Ligue 1 — 2017-18, 2018-19

Brazil (2006-present):
Copa America — 2007
Confederations Cup — 2009, 2013
FIFA World Youth Championship – 2003

REF:Dream Team
Photo:Latitud Megalópolis,The Sun,SPORTbible,news4europe
Naing Linn(Akhayar)
www.akhayar.com