[Zawgyi]

လက္ေဝွ႔ထုိးသတ္ခြင့္ ေျခာက္လအထိ ပိတ္ခံရဖြယ္ရွိတဲ့ Khabib Nurmagomedov

UFC (Ultimate Fighting Championship) ရဲ႕ လုိက္ဝိတ္ခ်န္ပီယံလုပြဲ (UFC 229) ရုရွားႏုိင္ငံသား Khabib Nurmagomedov နဲ႔ Conor McGregor ထုိးသတ္တဲ့ပြဲမွာ ျဖစ္ပြားခဲ့တဲ့ ရုတ္ရုတ္သဲသဲကိစၥဟာ အေရးယူမယ့္ အေျခအေနျဖစ္လာပါၿပီ။ ပြဲအၿပီးမွာ Khabib Nurmagomedov ဟာ ႏုိင္ငံ၊ ဘာသာနဲ႔ သူ႕ဖခင္ကုိ ေစာ္ကားတယ္လုိ႔ ယူဆၿပီး Conor McGregor ရဲ႕ အကူလူ Danis Dillon ကုိ တုိက္ခုိက္တယ္။ ပရိသတ္ေတြဟာ ရုတ္ရုတ္သဲသဲျဖစ္ကုန္ၿပီး Khabib Nurmagomedov ရဲ႕ အကူလူျဖစ္တဲ့ Zubaira Tukhugov နဲ႔ Islam Makhachev တုိ႔ဟာ Conor McGregor ကုိ ဝုိင္းထုိးေတာ့တာပဲ။ Abubakar Nurmagomedov (Khabib Nurmagomedov ရဲ႕ ညီဝမ္းကြဲ) ဟာလည္း Conor McGregor ကုိ ထုိးတယ္။ တကယ္ေတာ့  Conor McGregor က ‘မိေအးႏွစ္ခါနာ’ ျဖစ္တာပါပဲ။

လက္ရွိအခ်ိန္မွာေတာ့ အားကစားေကာ္မရွင္ဟာ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov ကုိ ေငြဒဏ္သာမက လက္ေဝွ႔ထုိးသတ္ခြင့္ကုိပါ ယာယီပိတ္သိမ္းဖြယ္ရွိပါတယ္။ “အားကစားေကာ္မရွင္က Khabib ကုိ ေဒၚလာႏွစ္သိန္းခြဲေလာက္ ဒဏ္ရုိက္ခံရမယ္ ထင္တယ္။ လက္ေဝွ႔ထုိးသတ္ခြင့္ကုိလည္း ေလးလကေန ေျခာက္လအထိ ပိတ္သိမ္းဖြယ္ရွိတယ္။ Conor က ဘတ္စ္ကားမွာ ရန္ရွာတဲ့ျဖစ္ရပ္နဲ႔ အခုျဖစ္ရပ္က အေျခအေနျခင္း မတူပါဘူး။ Conor ကုိ နယူးေယာက္ရဲဌာနက အေရးယူသလုိ Khabib ကုိလည္း အားကစားအဖြဲ႕ခ်ဳပ္က အေရးယူမွာပါ” လုိ႔ UFC ရဲ႕ ဥကၠဌ Dana White က ဆုိသြားပါတယ္။

လုိက္ဝိတ္ခ်န္ပီယံဘြဲ႕ ကုိ ဆက္လက္ထိန္းသိမ္းႏုိင္ခ့ဲတဲ့ Khabib Nurmagomedov ဟာ အႏုိင္ရလဒ္ကုိ ပုံေဖာ္ႏုိင္ခဲ့ေပမယ့္ ထုိးသတ္ေၾကးက ေဒၚလာ (၂) သန္းသာ ရရွိခဲ့ပါတယ္။ တကယ္လုိ႔ ေဒၚလာႏွစ္သိန္းခြဲအထိ ဒဏ္ရုိက္ခဲ့မယ္၊ လက္ေဝွ႔ထုိးသတ္ခြင့္က ေျခာက္လအထိ ပိတ္သိမ္းခံရမယ္ဆုိရင္ ႀကီးမားတဲ့ ဆုံးရႈံးမႈတစ္ခုလုိ႔သာ ဆုိခ်င္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

လက်ဝှေ့ထိုးသတ်ခွင့် ခြောက်လအထိ ပိတ်ခံရဖွယ်ရှိတဲ့ Khabib Nurmagomedov

UFC (Ultimate Fighting Championship) ရဲ့ လိုက်ဝိတ်ချန်ပီယံလုပွဲ (UFC 229) ရုရှားနိုင်ငံသား Khabib Nurmagomedov နဲ့ Conor McGregor ထိုးသတ်တဲ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်ရုတ်သဲသဲကိစ္စဟာ အရေးယူမယ့် အခြေအနေဖြစ်လာပါပြီ။ ပွဲအပြီးမှာ Khabib Nurmagomedov ဟာ နိုင်ငံ၊ ဘာသာနဲ့ သူ့ဖခင်ကို စော်ကားတယ်လို့ ယူဆပြီး Conor McGregor ရဲ့ အကူလူ Danis Dillon ကို တိုက်ခိုက်တယ်။ ပရိသတ်တွေဟာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး Khabib Nurmagomedov ရဲ့ အကူလူဖြစ်တဲ့ Zubaira Tukhugov နဲ့ Islam Makhachev တို့ဟာ Conor McGregor ကို ဝိုင်းထိုးတော့တာပဲ။ Abubakar Nurmagomedov (Khabib Nurmagomedov ရဲ့ ညီဝမ်းကွဲ) ဟာလည်း Conor McGregor ကို ထိုးတယ်။ တကယ်တော့  Conor McGregor က ‘မိအေးနှစ်ခါနာ’ ဖြစ်တာပါပဲ။

လက်ရှိအချိန်မှာတော့ အားကစားကော်မရှင်ဟာ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov ကို ငွေဒဏ်သာမက လက်ဝှေ့ထိုးသတ်ခွင့်ကိုပါ ယာယီပိတ်သိမ်းဖွယ်ရှိပါတယ်။ “အားကစားကော်မရှင်က Khabib ကို ဒေါ်လာနှစ်သိန်းခွဲလောက် ဒဏ်ရိုက်ခံရမယ် ထင်တယ်။ လက်ဝှေ့ထိုးသတ်ခွင့်ကိုလည်း လေးလကနေ ခြောက်လအထိ ပိတ်သိမ်းဖွယ်ရှိတယ်။ Conor က ဘတ်စ်ကားမှာ ရန်ရှာတဲ့ဖြစ်ရပ်နဲ့ အခုဖြစ်ရပ်က အခြေအနေခြင်း မတူပါဘူး။ Conor ကို နယူးယောက်ရဲဌာနက အရေးယူသလို Khabib ကိုလည်း အားကစားအဖွဲ့ချုပ်က အရေးယူမှာပါ” လို့ UFC ရဲ့ ဥက္ကဌ Dana White က ဆိုသွားပါတယ်။

လိုက်ဝိတ်ချန်ပီယံဘွဲ့ ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ Khabib Nurmagomedov ဟာ အနိုင်ရလဒ်ကို ပုံဖော်နိုင်ခဲ့ပေမယ့် ထိုးသတ်ကြေးက ဒေါ်လာ (၂) သန်းသာ ရရှိခဲ့ပါတယ်။ တကယ်လို့ ဒေါ်လာနှစ်သိန်းခွဲအထိ ဒဏ်ရိုက်ခဲ့မယ်၊ လက်ဝှေ့ထိုးသတ်ခွင့်က ခြောက်လအထိ ပိတ်သိမ်းခံရမယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလို့သာ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com