[Zawgyi]

Khabib နဲ႔ ထုိးမယ္ဆုိရင္ Mayweather ဟာ သံဇကာဝုိင္းထဲကုိ လာရမယ္လုိ႔ဆုိတဲ့ Dana White

UFC (Ultimate Fighting Championship) ရဲ႕ ဥကၠဌႀကီး Dana White ဟာ Floyd Mayweather အေနနဲ႔ Khabib Nurmagomedov နဲ႔ ထုိးမယ္ဆုိရင္ သုိင္းေပါင္းစုံစည္းကမ္း (MMA Rules) တုိင္းထုိးရမယ္၊ သံဇကာဝိုင္းထဲမွာပဲ လာထုိးရမယ္လုိ႔ ေတာင္းဆုိလုိက္ပါတယ္။

“Floyd Mayweather က Khabib Nurmagomedov နဲ႔ ထုိးခ်င္တာမလား။ UFC မွာ လာထုိးေလ။ ေဘာက္ဆင္ႀကိဳးဝုိင္းမွာေတာ့ မထုိးခုိင္းေတာ့ဘူး။ သူဟာ Conor McGregor နဲ႔တုန္းက ေဘာက္ဆင္မွာ တစ္ခါထုိးၿပီးၿပီ။ ဒီတစ္ခါ ထုိးခ်င္ရင္ေတာ့ သံဇကာဝုိင္းထဲမွာပဲ လာခဲ့ေပေတာ့။ တကယ့္တုိက္ပြဲဆုိတာ ေသေသခ်ာခ်ာသိသြားလိမ့္မယ္” လုိ႔ UFC ရဲ႕ ဥကၠဌႀကီး Dana White က ဆုိသြားပါတယ္။

UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov ဟာ ဝိတ္တန္း (၅) ခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ကုိ စိန္ေခၚလုိက္တဲ့သတင္းကုိ အားလုံးသိၾကမယ္ထင္ပါတယ္။ “ခင္ဗ်ားကလည္း ပြဲ (၅ဝ) လုံး ရႈံးပြဲမရွိတဲ့လူပဲ။ ကြ်န္ေတာ္လည္း (၂၇) ပြဲလုံး ႏုိင္ပြဲဆက္ခဲ့တဲ့ေကာင္ပဲေလ။ က်ားနဲ႔ဆင္ လယ္ျပင္မွာ ေတြ႕ ၾကတာေပါ့” လုိ႔ ေျပာခဲ့တာပါ။ Floyd Mayweather ကလည္း “CBS ရုပ္သံလုိင္းနဲ႔ အက်ိဳးအျမတ္ကိစၥေျပာၾကတာေပါ့။ ကြ်န္ေတာ္က သူေဌးေလ သိတယ္မလား။ ကြ်န္ေတာ့္ကုိ စိန္ေခၚခ်င္ရင္ ကြ်န္ေတာ့္စည္းမ်ဥ္းနဲ႔ လာထုိးေပါ့။ ေဘာက္ဆင္ႀကိဳးဝုိင္းမွာပဲ ေတြ႕ ၾကမယ္” လုိ႔ တုံ႔ျပန္ခဲ့ပါတယ္။

Khabib Nurmagomedov ကလည္း အေမရိကန္ႏုိင္ငံမွာ ထုိးသတ္ဖုိ႔ထက္ မိခင္ရုရွားႏုိင္ငံမွာ ယွဥ္ၿပိဳင္ဖုိ႔ ပုိအားသန္ေနၿပီး ရုရွားေဘာက္ဆင္အဖြဲ႕ ခ်ဳပ္နဲ႔ လက္ေဝွ႔ပြဲကိစၥ ညွိႏႈိင္းေနပါတယ္။ Mayweather Vs Khabib ပြဲစဥ္ဟာ အရင္ထက္ပုိစိတ္ဝင္စားဖုိ႔ အားေကာင္းေနခ်ိန္မွာ Dana White က သံဇကာဝုိင္းထဲကုိ အလည္လာဖုိ႔ ေတာင္းဆုိလုိက္တာပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Khabib နဲ့ ထိုးမယ်ဆိုရင် Mayweather ဟာ သံဇကာဝိုင်းထဲကို လာရမယ်လို့ဆိုတဲ့ Dana White

UFC (Ultimate Fighting Championship) ရဲ့ ဥက္ကဌကြီး Dana White ဟာ Floyd Mayweather အနေနဲ့ Khabib Nurmagomedov နဲ့ ထိုးမယ်ဆိုရင် သိုင်းပေါင်းစုံစည်းကမ်း (MMA Rules) တိုင်းထိုးရမယ်၊ သံဇကာဝိုင်းထဲမှာပဲ လာထိုးရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

“Floyd Mayweather က Khabib Nurmagomedov နဲ့ ထိုးချင်တာမလား။ UFC မှာ လာထိုးလေ။ ဘောက်ဆင်ကြိုးဝိုင်းမှာတော့ မထိုးခိုင်းတော့ဘူး။ သူဟာ Conor McGregor နဲ့တုန်းက ဘောက်ဆင်မှာ တစ်ခါထိုးပြီးပြီ။ ဒီတစ်ခါ ထိုးချင်ရင်တော့ သံဇကာဝိုင်းထဲမှာပဲ လာခဲ့ပေတော့။ တကယ့်တိုက်ပွဲဆိုတာ သေသေချာချာသိသွားလိမ့်မယ်” လို့ UFC ရဲ့ ဥက္ကဌကြီး Dana White က ဆိုသွားပါတယ်။

UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov ဟာ ဝိတ်တန်း (၅) ခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ကို စိန်ခေါ်လိုက်တဲ့သတင်းကို အားလုံးသိကြမယ်ထင်ပါတယ်။ “ခင်ဗျားကလည်း ပွဲ (၅ဝ) လုံး ရှုံးပွဲမရှိတဲ့လူပဲ။ ကျွန်တော်လည်း (၂၇) ပွဲလုံး နိုင်ပွဲဆက်ခဲ့တဲ့ကောင်ပဲလေ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ ကြတာပေါ့” လို့ ပြောခဲ့တာပါ။ Floyd Mayweather ကလည်း “CBS ရုပ်သံလိုင်းနဲ့ အကျိုးအမြတ်ကိစ္စပြောကြတာပေါ့။ ကျွန်တော်က သူဌေးလေ သိတယ်မလား။ ကျွန်တော့်ကို စိန်ခေါ်ချင်ရင် ကျွန်တော့်စည်းမျဉ်းနဲ့ လာထိုးပေါ့။ ဘောက်ဆင်ကြိုးဝိုင်းမှာပဲ တွေ့ ကြမယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

Khabib Nurmagomedov ကလည်း အမေရိကန်နိုင်ငံမှာ ထိုးသတ်ဖို့ထက် မိခင်ရုရှားနိုင်ငံမှာ ယှဉ်ပြိုင်ဖို့ ပိုအားသန်နေပြီး ရုရှားဘောက်ဆင်အဖွဲ့ ချုပ်နဲ့ လက်ဝှေ့ပွဲကိစ္စ ညှိနှိုင်းနေပါတယ်။ Mayweather Vs Khabib ပွဲစဉ်ဟာ အရင်ထက်ပိုစိတ်ဝင်စားဖို့ အားကောင်းနေချိန်မှာ Dana White က သံဇကာဝိုင်းထဲကို အလည်လာဖို့ တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com