[Zawgyi]

ကမၻာေပၚမွာ ဒုတိယအေကာင္းဆုံးနည္းျပျဖစ္တယ္လုိ႔ ေၾကြးေၾကာ္ခဲ့တဲ့ ခ႐ုိေအးရွားနည္းျပဒါလစ္ Dalic

ခ႐ုိေအးရွားအသငး္နညး္ျပ ဇလက္ကုိဒါလစ္ Zlatko Dalic က သူဟာ ကမၻာေပၚမွာ ဒုတိယအေကာင္းဆုံး နည္းျပျဖစ္တယ္လုိ႔ ေၾကြးေၾကာ္ခဲ့ၿပီး သူ႔ကုိ စာခ်ဳပ္သက္တမ္းတိုးမယ္ဆုိရင္ လက္ရွိရေနတဲ့ လစာေပါင္(၃.၈)သန္းထက္ တိုးျမႇင့္ေပးဖုိ႔ ခ႐ုိေအးရွားေဘာလုံးအဖဲြ႕ခ်ဳပ္ကုိ ေတာင္းဆုိလုိက္ပါတယ္။ ဒါလစ္ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ခ႐ုိေအးရွားအသင္းကုိ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဗုိလ္လုပဲြေရာက္ရွိေအာင္ ပုိ႔ေဆာင္ေပးခဲ့ၿပီး ျပင္သစ္အသင္းကုိ ႐ႈံးနိမ့္ခဲ့လုိ႔ ဒုတိယေနရာနဲ႔ေက်နပ္ခဲ့ရပါတယ္။ ဒါလစ္ရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက (၂)ႏွစ္က်န္ရွိေနေပမယ့္ ကမၻာ႔ဖလားမွာ ျပသခဲ့တဲ့စြမ္းေဆာင္ရည္အရ သူဟာ ကမၻာေပၚမွာ လစာေငြအမ်ားဆုံးရနည္းျပစာရင္းမွာ ပါ၀င္ဖုိ႔ ထုိက္တန္တယ္လုိ႔ ယုံၾကည္ေနတာလည္းျဖစ္ပါတယ္။

Dalic-and-Modric

Dalic-and-Modric

ဒါလစ္က “ခင္ဗ်ားတို႔(မီဒီယာမ်ားကုိဆုိလုိ) ႀကိဳက္ခ်င္ႀကိဳက္၊ မႀကိဳက္ခ်င္ေန ကၽြန္ေတာ္ကေတာ့ ကမၻာေပၚမွာ ဒုတိယအေကာင္းဆုံးနည္းျပပါပဲ။ ဒုတိယအေကာင္းဆုံးနည္းျပတစ္ဦးအတြက္ (၁)ႏွစ္လစာေငြ ေပါင္(၃.၈)သန္းဆုိတာ အရမ္းနည္းပါးလြန္းပါတယ္။ ကၽြန္ေတာ့္ရဲ႕စာခ်ဳပ္သက္တမ္းက (၂)ႏွစ္က်န္ရွိေနေသးလုိ႔ စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ အသင္းကုိ ဆက္လက္ကုိင္တြယ္သြားဖုိ႔ေတာ့ရွိပါတယ္။ ဒါေပမဲ့ သက္တမ္းမျပည့္ခင္ နည္းျပရာထူးက ႏုတ္ထြက္မယ္ဆုိရင္လည္း တာ၀န္ရွိသူေတြကုိ အသိေပးသြားမယ္ဆုိတာ ၿပီးခ့ဲတဲ့ မတ္လကတည္းက လူသိရွင္ၾကားေျပာဆုိၿပီးသားပါ”လုိ႔ ဆုိခဲ့တယ္။ အသက္(၅၁)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဒါလစ္ဟာ နည္းျပဘ၀တစ္ေလွ်ာက္ ခ႐ုိေအးရွားျပည္တြင္းကလပ္ေတြနဲ႔ အာရွကလပ္အသင္းေတြကုိ ကုိင္တြယ္ခဲ့ၿပီး ဆုဖလားေအာင္ျမင္မႈတခ်ိဳ႕လည္းရယူႏုိင္ခဲ့ပါတယ္။

REF:Daily Mail
Photo:Airtel Uganda Football,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံးနည်းပြဖြစ်တယ်လို့ ကြွေးကြော်ခဲ့တဲ့ ခရိုအေးရှားနည်းပြဒါလစ် Dalic

ခရိုအေးရှားအသင်းနည်းပြ ဇလက်ကိုဒါလစ် Zlatko Dalic က သူဟာ ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံး နည်းပြဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပြီး သူ့ကို စာချုပ်သက်တမ်းတိုးမယ်ဆိုရင် လက်ရှိရနေတဲ့ လစာပေါင်(၃.၈)သန်းထက် တိုးမြှင့်ပေးဖို့ ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုလိုက်ပါတယ်။ ဒါလစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီး ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရပါတယ်။ ဒါလစ်ရဲ့ လက်ရှိစာချုပ်သက်တမ်းက (၂)နှစ်ကျန်ရှိနေပေမယ့် ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့စွမ်းဆောင်ရည်အရ သူဟာ ကမ္ဘာပေါ်မှာ လစာငွေအများဆုံးရနည်းပြစာရင်းမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

Dalic-and-Modric

Dalic-and-Modric

ဒါလစ်က “ခင်ဗျားတို့(မီဒီယာများကိုဆိုလို) ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ ကျွန်တော်ကတော့ ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံးနည်းပြပါပဲ။ ဒုတိယအကောင်းဆုံးနည်းပြတစ်ဦးအတွက် (၁)နှစ်လစာငွေ ပေါင်(၃.၈)သန်းဆိုတာ အရမ်းနည်းပါးလွန်းပါတယ်။ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက (၂)နှစ်ကျန်ရှိနေသေးလို့ စာချုပ်သက်တမ်းကုန်တဲ့အထိ အသင်းကို ဆက်လက်ကိုင်တွယ်သွားဖို့တော့ရှိပါတယ်။ ဒါပေမဲ့ သက်တမ်းမပြည့်ခင် နည်းပြရာထူးက နုတ်ထွက်မယ်ဆိုရင်လည်း တာဝန်ရှိသူတွေကို အသိပေးသွားမယ်ဆိုတာ ပြီးခဲ့တဲ့ မတ်လကတည်းက လူသိရှင်ကြားပြောဆိုပြီးသားပါ”လို့ ဆိုခဲ့တယ်။ အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါလစ်ဟာ နည်းပြဘဝတစ်လျှောက် ခရိုအေးရှားပြည်တွင်းကလပ်တွေနဲ့ အာရှကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတချို့လည်းရယူနိုင်ခဲ့ပါတယ်။

REF:Daily Mail
Photo:Airtel Uganda Football,Goal.com
Naing Linn(Akhayar)
www.akhayar.com