[Zawgyi]

စာအုပ္စင္ေလးရယ္ ဗမာ့အညာမနက္စာစစ္စစ္ေတြရယ္နဲ႔ ခ်စ္စရာဆိုင္ငယ္ေလး “ဓေလ့”

ကိုယ္တို႔ ဟိုးအရြယ္ငယ္ငယ္တုန္းက ေက်ာင္းပိတ္ရက္ေတြရဲ႕ အေဖာ္ဆိိုတာ စာအုပ္ေတြ၊ ကာတြန္းေတြပဲ ရွိခဲ့တာပါ။ ေက်ာင္းပိတ္ရက္ မနက္ခင္း အိပ္ယာႏိုးခ်ိန္ ဒီေန႔ေခတ္လို စားစရာမေပါမ်ားေသးခင္ ၉၀ ျပည့္ႏွစ္လြန္ေတြဟာ ေကာက္ညႇင္းေပါင္း၊ မုန္႔ဟင္းခါး၊ အုန္းႏို႔ေခါက္ဆြဲတို႔အျပင္ အိမ္ကလုပ္ေပးတဲ့ ထမင္းဆုပ္၊ ထမင္းဆီဆမ္းတို႔နဲ႔ ႀကီးျပင္းခဲ့ရသူေတြခ်ည္းပါပဲ။

အဲ့လိုငယ္စဥ္က အရသာကို အျပည့္အဝျပန္တူးေဖာ္လို႔ရမယ့္ ဆိုင္ေလးတစ္ဆိုင္ကို ရန္ကုန္ၿမိဳ႕ထဲမွာ ရွာေဖြလို႔ရေနၿပီဆိုရင္ ေပ်ာ္မ်ားေပ်ာ္သြားမလား။ ေရွးေခတ္ႏိုင္ငံေက်ာ္ေတးသံရွင္အဆိုေတာ္ႀကီးေတြရဲ႕ တဆြတ္ပ်ံ႕ပ်ံ႕ေတးသံၿငိမ့္ၿငိမ့္ေလးရယ္၊ စာအုပ္ေတြ၊ ကာတြန္း၊ ဝတၳဳေတြရယ္၊ တိတ္တိတ္ဆိတ္ဆိတ္ပတ္ဝန္းက်င္ေလးရယ္၊ အိမ္လုပ္လက္ရာစစ္စစ္ ဗမာမုန္႔ေလးေတြရယ္ အကုန္လံုးတစ္စုတစ္စည္းတည္းရွိေနတဲ့ ဒီဆိုင္ေလးကေတာ့ ခ်စ္ဖို႔ေကာင္းတာထက္ကို ပိုေနတဲ့ဆိုင္ကေလးပါ။

“ဓေလ့”တဲ့။ ဗမာဆန္ဆန္ခ်စ္စရာနာမည္ေလးပါ။ ဆိုင္ငယ္ေလးကေတာ့ သကၤန္းကြ်န္းၿမိဳ႕နယ္၊ ျပည္သာယာလမ္း၊ အမွတ္ ၃၄၅ မွာ ရွိတာပါ။ သၾကၤန္မဆိုင္ခင္တည္းက ဒီဆိုင္ေလးကို လာဖို႔ ဓါတ္က်ေနေပမယ့္ အေသးစားျပင္ဆင္မႈေတြလုပ္ေနလို႔ ပိတ္ထားတာနဲ႔ ခုမွေရာက္ျဖစ္ေတာ့တယ္။ ဆိုေတာ့ ဒီဆိုင္ေလးရဲ႕ ခ်စ္စရာေကာင္းပံုေလးေတြကို တခ်က္ခ်င္း ေျပာျပေပးသြားမယ္ေနာ္။

ပထမဆံုးဆိုင္ရဲ႕ အသြင္အျပင္ေလးကစရမွာပဲ။ တစ္ဆိုင္လံုးက ဝါးနဲ႔အလွဆင္ထားတာဆိုေတာ့ ဆိုင္ခန္းက်ဥ္းက်ဥ္းေလးထဲမွာကိုက ေအးေအးခ်မ္းခ်မ္းသက္ေတာင့္သက္သာရွိေနသလိုပဲ။ ကားရပ္ရလည္း အဆင္ေျပတယ္။ အဲ့ဆိုင္ပတ္ဝန္းက်င္ေလးက ေနရတာလည္း ၿငိမ္းေအးတယ္။

စာအုပ္စင္ေလးကလည္းအျဖစ္မဟုုတ္ဘဲ ေသခ်ာစီစဥ္ေပးထားတယ္။ စာအုပ္ေတြမွ အမ်ားၾကီး။

ရႏိုင္တဲ့အစားအစာေတြကလည္း Menu List ၾကည့္လိုက္မိတာနဲ႔ကို ဆြတ္ပ်ံ႕သြားေစတာမ်ိဳး။ ဗမာမုန္႔ေတြ မစားရတာေတာ္ေတာ္ၾကာခဲ့ၿပီျဖစ္တဲ့သူေတြအတြက္ ႐ိုးရာမုန္႔စစ္စစ္ေလးေတြအမ်ားႀကီးက ဘယ္ဟာစားရမလဲ ေဝခြဲမရေအာင္ပါပဲ။ မုန္႔လိပ္ျပာ၊ မုန္႔ၾကာစိသာကူ၊ မုန္႔လံုးႀကီး၊ မုန္႔ပစ္သလက္၊ မုန္႔ဖက္ထုပ္၊ မုန္႔ဗိုင္းေတာင့္၊ ေရႊထမင္း၊ ျပာေရထုပ္၊ ဆလူမုန္႔၊ အုန္႔ကြ်ဲသဲ၊ ေခါက္မုန္႔၊ ဌက္ေပ်ာခ်ိဳေၾကာ္ စံုပလံုစိေနတဲ့ ဗမာမုန္႔ေလးေတြျမင္ရတာ တစ္ခုဆီကို ျမည္းစမ္းခ်င္တဲ့စိတ္ေတြ တဖြားဖြားပါပဲ။

ဆိုင္ေလးက မနက္စာအဓိကနဲ႔ ဗမာမုန္႔ေတြကို ဦးစားေပးေရာင္းတာဆိုေတာ့ ေန႔လည္စာအတြက္ေတာ့ အဆင္မေျပပါဘူး။ ကိုယ္ကေတာ့ မနက္ခင္းေလးေရာက္သြားတာဆိုေတာ့ ဆိုင္ရဲ႕လူေျပာမ်ားတဲ့ ႏို႔စိမ္းေခါက္ဆြဲေလးရယ္၊ ဆိတ္သားအာလူးကတ္တလိပ္ရယ္၊ ဘူးသီးငါးေပါင္းေၾကာ္ေလးရယ္ မွာစားခဲ့ပါတယ္။

ႏို႔စိမ္းေခါက္ဆြဲကေတာ့ အရည္က်ဲက်ဲ အရသာေပါ့ရႊတ္ရႊတ္ေတြမႀကိဳက္တတ္တဲ့သူေတြအတြက္ေတာ့ တကယ့္ကို ထိမိမယ့္အရသာမ်ိဳးပါပဲ။ တစ္ပန္းကန္အမ်ားႀကီးထဲမွာ ဘဲဥဖတ္ေလးေတြ၊ အသားတုနဲ႔ ၾကက္သားအႂကြပ္ေၾကာ္ေလးေတြ၊ ၾကက္သြန္နီဥအိအိနဲ႔ ေမႊးၿပီးဆိမ့္ေနတာမို႔ ႀကိဳက္တယ္ဆိုတာထက္ကို ပိုပါတယ္။ အိမ္နားမွာရွိရင္ ထပ္ခါထပ္ခါစားမိမွာပဲ။ ၁၅၀၀ ပါတဲ့။

ဆိတ္သားအာလူးကတ္တလိပ္ဆိုတာလည္း ကတ္တလိပ္အတံုးအထူႀကီးနဲ႔ မ်က္စိေရွ႕ကို မွာၿပီးမၾကာဘူးေရာက္ခ်လာပါေရာလား။ အာလူးသားခ်ည္းပဲႀကိတ္ၿပီး အထဲက ဆိတ္သားနဲ႔အာလူးကို ဌာပနာထားတဲ့ ဒီအာလူးကတ္တလိပ္ကေတာ့ ပူပူေႏြးေႏြးဗိုက္တင္းေအာင္စားရမယ့္အမ်ိဳးပါပဲ။ မဆလာနံ႔ေလးလည္း သင္းေနေရာေလ။ ၂၅၀၀ က်ပါတယ္။

ဘူးသီးငါးေပါင္းေၾကာ္ကေတာ့ ၾကက္သြန္နီနဲ႔ဘူးသီးေခ်ာင္းေလးေတြကို မုန္႔ႏွစ္ႏိုင္ႏိုင္နဲ႔ေၾကာ္ထားတာဆိုေတာ့ မိုးေအးေအးမွာ ေရေႏြးၾကမ္းေမႊးေမႊးေလးနဲ႔ တဖူးဖူးမႈတ္ေသာက္ရင္း စားၿမိန္စရာပါပဲ။ ၁၂၀၀ ကို ၃ ခုုေလာက္ပါပါတယ္။ အရသာေတာ့ အၾကိဳက္မေတြ႔လွပါဘူး။

ဆိုင္ေလးက ဘာမွာမွာ မွာမွေၾကာ္ေပးတာဆိုေတာ့ အခ်ိန္ခနေတာ့ေစာင့္ရပါတယ္။ ကိုယ့္အလွည့္သြားခဲ့တုန္းကေတာ့ မနက္ခင္းမုန္႔အခ်ိဳေတြေအာ္ဒါေရာင္းလိုက္ရလို႔ စားခ်င္တဲ့ဗမာမုန္႔ေတြတစ္ခုမွမစားခဲ့ရပါဘူး။

ဒါေပမယ့္ ဒီလိုခ်စ္စရာဆိုင္ေလးမွာ တစ္ေနကုန္ စာအုပ္ေလးေတြဖတ္ၿပီး ေခတ္ေဟာင္းသီခ်င္းၿငိမ့္ၿငိမ့္ေလးနဲ႔ ၉ဝျပည့္ႏွစ္ေတြဆီျပန္သြားဖို႔ဆို “ဓေလ့” ဆိုတဲ့ဆိုင္ေလးက ကိုယ္တို႔ရဲ႕ ငယ္ဘဝကို ျပန္ေခၚသြားဖို႔ အသင့္ပဲဆိုတာ ယံုၾကည္ပါတယ္။ ၉၀ ၿပည္႔ႏွစ္ေတြကို ကိုယ့္လိုလြမ္းေနသူေတြမ်ား ရွိရင္ ဓေလ႔ မွာ ၿပန္တမ္းတလိုုက္ၾကပါစိုု႔လား။

ဆိုင္ကေလးကို မနက္ ၆ နာရီကေန ညေန ၆ နာရီထိ ဖြင့္ပါတယ္။ တစ္ပတ္ကို ၾကာသပေတးတစ္ရက္ေတာ့ ပိတ္ပါတယ္။ လာဖို႔လမ္းေသခ်ာမသိရင္ သကၤန္းကြ်န္းျပည္သာယာလမ္း၊ အထက (၂) ေက်ာင္းေရွ႕တည့္တည့္မွာပါပဲေနာ္။

FoodieEi (Akhayar)

[Unicode]

စာအုပ်စင်လေးရယ် ဗမာ့အညာမနက်စာစစ်စစ်တွေရယ်နဲ့ ချစ်စရာဆိုင်ငယ်လေး “ဓလေ့”

ကိုယ်တို့ ဟိုးအရွယ်ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေရဲ့ အဖော်ဆိုတာ စာအုပ်တွေ၊ ကာတွန်းတွေပဲ ရှိခဲ့တာပါ။ ကျောင်းပိတ်ရက် မနက်ခင်း အိပ်ယာနိုးချိန် ဒီနေ့ခေတ်လို စားစရာမပေါများသေးခင် ၉၀ ပြည့်နှစ်လွန်တွေဟာ ကောက်ညှင်းပေါင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတို့အပြင် အိမ်ကလုပ်ပေးတဲ့ ထမင်းဆုပ်၊ ထမင်းဆီဆမ်းတို့နဲ့ ကြီးပြင်းခဲ့ရသူတွေချည်းပါပဲ။

အဲ့လိုငယ်စဉ်က အရသာကို အပြည့်အဝပြန်တူးဖော်လို့ရမယ့် ဆိုင်လေးတစ်ဆိုင်ကို ရန်ကုန်မြို့ထဲမှာ ရှာဖွေလို့ရနေပြီဆိုရင် ပျော်များပျော်သွားမလား။ ရှေးခေတ်နိုင်ငံကျော်တေးသံရှင်အဆိုတော်ကြီးတွေရဲ့ တဆွတ်ပျံ့ပျံ့တေးသံငြိမ့်ငြိမ့်လေးရယ်၊ စာအုပ်တွေ၊ ကာတွန်း၊ ဝတ္ထုတွေရယ်၊ တိတ်တိတ်ဆိတ်ဆိတ်ပတ်ဝန်းကျင်လေးရယ်၊ အိမ်လုပ်လက်ရာစစ်စစ် ဗမာမုန့်လေးတွေရယ် အကုန်လုံးတစ်စုတစ်စည်းတည်းရှိနေတဲ့ ဒီဆိုင်လေးကတော့ ချစ်ဖို့ကောင်းတာထက်ကို ပိုနေတဲ့ဆိုင်ကလေးပါ။

“ဓလေ့”တဲ့။ ဗမာဆန်ဆန်ချစ်စရာနာမည်လေးပါ။ ဆိုင်ငယ်လေးကတော့ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ အမှတ် ၃၄၅ မှာ ရှိတာပါ။ သြင်္ကန်မဆိုင်ခင်တည်းက ဒီဆိုင်လေးကို လာဖို့ ဓါတ်ကျနေပေမယ့် အသေးစားပြင်ဆင်မှုတွေလုပ်နေလို့ ပိတ်ထားတာနဲ့ ခုမှရောက်ဖြစ်တော့တယ်။ ဆိုတော့ ဒီဆိုင်လေးရဲ့ ချစ်စရာကောင်းပုံလေးတွေကို တချက်ချင်း ပြောပြပေးသွားမယ်နော်။

ပထမဆုံးဆိုင်ရဲ့ အသွင်အပြင်လေးကစရမှာပဲ။ တစ်ဆိုင်လုံးက ဝါးနဲ့အလှဆင်ထားတာဆိုတော့ ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲမှာကိုက အေးအေးချမ်းချမ်းသက်တောင့်သက်သာရှိနေသလိုပဲ။ ကားရပ်ရလည်း အဆင်ပြေတယ်။ အဲ့ဆိုင်ပတ်ဝန်းကျင်လေးက နေရတာလည်း ငြိမ်းအေးတယ်။

စာအုပ်စင်လေးကလည်းအဖြစ်မဟုတ်ဘဲ သေချာစီစဉ်ပေးထားတယ်။ စာအုပ်တွေမှ အများကြီး။

ရနိုင်တဲ့အစားအစာတွေကလည်း Menu List ကြည့်လိုက်မိတာနဲ့ကို ဆွတ်ပျံ့သွားစေတာမျိုး။ ဗမာမုန့်တွေ မစားရတာတော်တော်ကြာခဲ့ပြီဖြစ်တဲ့သူတွေအတွက် ရိုးရာမုန့်စစ်စစ်လေးတွေအများကြီးက ဘယ်ဟာစားရမလဲ ဝေခွဲမရအောင်ပါပဲ။ မုန့်လိပ်ပြာ၊ မုန့်ကြာစိသာကူ၊ မုန့်လုံးကြီး၊ မုန့်ပစ်သလက်၊ မုန့်ဖက်ထုပ်၊ မုန့်ဗိုင်းတောင့်၊ ရွှေထမင်း၊ ပြာရေထုပ်၊ ဆလူမုန့်၊ အုန့်ကျွဲသဲ၊ ခေါက်မုန့်၊ ဌက်ပျောချိုကြော် စုံပလုံစိနေတဲ့ ဗမာမုန့်လေးတွေမြင်ရတာ တစ်ခုဆီကို မြည်းစမ်းချင်တဲ့စိတ်တွေ တဖွားဖွားပါပဲ။

ဆိုင်လေးက မနက်စာအဓိကနဲ့ ဗမာမုန့်တွေကို ဦးစားပေးရောင်းတာဆိုတော့ နေ့လည်စာအတွက်တော့ အဆင်မပြေပါဘူး။ ကိုယ်ကတော့ မနက်ခင်းလေးရောက်သွားတာဆိုတော့ ဆိုင်ရဲ့လူပြောများတဲ့ နို့စိမ်းခေါက်ဆွဲလေးရယ်၊ ဆိတ်သားအာလူးကတ်တလိပ်ရယ်၊ ဘူးသီးငါးပေါင်းကြော်လေးရယ် မှာစားခဲ့ပါတယ်။

နို့စိမ်းခေါက်ဆွဲကတော့ အရည်ကျဲကျဲ အရသာပေါ့ရွှတ်ရွှတ်တွေမကြိုက်တတ်တဲ့သူတွေအတွက်တော့ တကယ့်ကို ထိမိမယ့်အရသာမျိုးပါပဲ။ တစ်ပန်းကန်အများကြီးထဲမှာ ဘဲဥဖတ်လေးတွေ၊ အသားတုနဲ့ ကြက်သားအကြွပ်ကြော်လေးတွေ၊ ကြက်သွန်နီဥအိအိနဲ့ မွှေးပြီးဆိမ့်နေတာမို့ ကြိုက်တယ်ဆိုတာထက်ကို ပိုပါတယ်။ အိမ်နားမှာရှိရင် ထပ်ခါထပ်ခါစားမိမှာပဲ။ ၁၅၀၀ ပါတဲ့။

ဆိတ်သားအာလူးကတ်တလိပ်ဆိုတာလည်း ကတ်တလိပ်အတုံးအထူကြီးနဲ့ မျက်စိရှေ့ကို မှာပြီးမကြာဘူးရောက်ချလာပါရောလား။ အာလူးသားချည်းပဲကြိတ်ပြီး အထဲက ဆိတ်သားနဲ့အာလူးကို ဌာပနာထားတဲ့ ဒီအာလူးကတ်တလိပ်ကတော့ ပူပူနွေးနွေးဗိုက်တင်းအောင်စားရမယ့်အမျိုးပါပဲ။ မဆလာနံ့လေးလည်း သင်းနေရောလေ။ ၂၅၀၀ ကျပါတယ်။

ဘူးသီးငါးပေါင်းကြော်ကတော့ ကြက်သွန်နီနဲ့ဘူးသီးချောင်းလေးတွေကို မုန့်နှစ်နိုင်နိုင်နဲ့ကြော်ထားတာဆိုတော့ မိုးအေးအေးမှာ ရေနွေးကြမ်းမွှေးမွှေးလေးနဲ့ တဖူးဖူးမှုတ်သောက်ရင်း စားမြိန်စရာပါပဲ။ ၁၂၀၀ ကို ၃ ခုလောက်ပါပါတယ်။ အရသာတော့ အကြိုက်မတွေ့လှပါဘူး။

ဆိုင်လေးက ဘာမှာမှာ မှာမှကြော်ပေးတာဆိုတော့ အချိန်ခနတော့စောင့်ရပါတယ်။ ကိုယ့်အလှည့်သွားခဲ့တုန်းကတော့ မနက်ခင်းမုန့်အချိုတွေအော်ဒါရောင်းလိုက်ရလို့ စားချင်တဲ့ဗမာမုန့်တွေတစ်ခုမှမစားခဲ့ရပါဘူး။

ဒါပေမယ့် ဒီလိုချစ်စရာဆိုင်လေးမှာ တစ်နေကုန် စာအုပ်လေးတွေဖတ်ပြီး ခေတ်ဟောင်းသီချင်းငြိမ့်ငြိမ့်လေးနဲ့ ၉ဝပြည့်နှစ်တွေဆီပြန်သွားဖို့ဆို “ဓလေ့” ဆိုတဲ့ဆိုင်လေးက ကိုယ်တို့ရဲ့ ငယ်ဘဝကို ပြန်ခေါ်သွားဖို့ အသင့်ပဲဆိုတာ ယုံကြည်ပါတယ်။ ၉၀ ပြည့်နှစ်တွေကို ကိုယ့်လိုလွမ်းနေသူတွေများ ရှိရင် ဓလေ့ မှာ ပြန်တမ်းတလိုက်ကြပါစို့လား။

ဆိုင်ကလေးကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်ပါတယ်။ တစ်ပတ်ကို ကြာသပတေးတစ်ရက်တော့ ပိတ်ပါတယ်။ လာဖို့လမ်းသေချာမသိရင် သင်္ကန်းကျွန်းပြည်သာယာလမ်း၊ အထက (၂) ကျောင်းရှေ့တည့်တည့်မှာပါပဲနော်။

FoodieEi (Akhayar)