[Zawgyi]

ခ်ိန္းေတြ႕တဲ့ ပုံေတြထြက္ေပၚလာတဲ့ Chris Martin နဲ႕ Dakota Johnson

ကမာၻေက်ာ္ The Fifty Shades ဇာတ္ကားတြဲေတြနဲ႕ ပိုၿပီး လူႀကိဳက္မ်ားလာတဲ့ ဇာတ္ေဆာင္မင္းသမီး Dakota Johnson နဲ႔ Coldplay အဖြဲ႕ဝင္ Chris Martin တို႔ႏွစ္ဦးတြဲခုတ္ေနၿပီဆိုတဲ့ သတင္းကေတာ့ မီဒီယာေတြၾကားမွာ ဂယက္႐ိုက္လ်က္ရွိေနပါတယ္။

dakota_johnson_chris_martin

ဇူလုိင္လ(၂၈)ရက္ေန႕က Radiohead ေရာ့ခ္ဂီတအဖြဲ႕ရဲ႕ေဖ်ာ္ေျဖပြဲတစ္ခုမွာ တပူးပူးတတြဲတြဲထုိင္ရင္း အားေပးခဲ့ၾကတဲ့ အသက္(၂၈)ႏွစ္အရြယ္ မင္းသမီး Dakota နဲ႕ အသက္(၄၁)ႏွစ္အရြယ္ အဆုိေတာ္ Martin တုိ႕ ႏွစ္ေယာက္ရဲ႕ ဓာတ္ပုံေတြကေတာ့ လူမႈကြန္ရက္ေတြအထိပါ ပ်ံ႕ႏံွ႕ေနျပီျဖစ္ပါတယ္။

Dakota and Chris

Dakota ဟာ ခ်စ္သူျဖစ္တဲ့  အဆုိေတာ္ Chiris Martin ရဲ႕ ေဘးမွာ ပုခုံးကုိမွီျပီး ကပ္္ခၽြဲေနတဲ့ပုံေတြဟာ လူမႈကြန္ရက္ထိပါ ဟိုးေလးတစ္ေက်ာ္ျဖစ္ေနပါတယ္။ သူတုိ႕စုံတြဲဟာ လြန္ခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းကထဲက LA မွာ ႏွစ္ေယာက္တည္းအတူတူ ရယ္ရယ္ေမာေမာစကားေတြေျပာကာ ညစာစားခဲ့ၾကတယ္လုိ႕ အတြင္းလူတစ္ဦးက ေျပာၾကားထားပါတယ္။

Dakota and Chris

ဒါ့ျပင္ Argentina မွာ ျပဳလုပ္တဲ့ Coldplay ရႈိးပြဲကုိ Dakota က လာေရာက္အားေပးခဲ့ျပီး တစ္လေလာက္အၾကာမွာ တြဲခုတ္ခဲ့ၾကတာျဖစ္တယ္လုိ႕ ဆုိပါတယ္။  Martin ဟာ သူ႕ရဲ႕ ဇနီးေဟာင္းျဖစ္တဲ့ နာမည္ၾကီးမင္းသမီး Gwyneth Paltrow နဲ႕အေမရိကန္ဒါရုိက္တာ၊ ထုတ္လုပ္သူBrad Falchuk တုိ႕ရဲ႕ ေစ့စပ္ပြဲကုိလည္း Dakota နဲ႕အတူလက္ခ်င္းတြဲျပီး ပြဲတက္ခဲ့ပါေသးတယ္။

Gwyneth paltrow and Brad Falchuk

အႏုပညာလမ္းေၾကာင္းေပၚ ေအာင္ျမင္ေက်ာ္ၾကားျပီးသားျဖစ္တဲ့ သူတုိ႕ႏွစ္ဦးကေတာ့ ပရိသတ္စိတ္၀င္စားမႈမ်ားစြာရရွိဦးမယ့္ ေရွ႕သြားေနာက္လုိက္ညီတဲ့ ဆယ္လီစုံတြဲတစ္တြဲပါပဲ။

Stella (Akhayar)

www.Akhyar.com

[Unicode]

နှစ်ယောက်သား အတူတူဒိတ်လုပ်ခဲ့တဲ့ Chris Martin နဲ့ Dakota Johnson

ကမ္ဘာကျော် The Fifty Shades ဇာတ်ကားတွဲတွေနဲ့ ပိုပြီး လူကြိုက်များလာတဲ့ ဇာတ်ဆောင်မင်းသမီး Dakota Johnson နဲ့ Coldplay အဖွဲ့ဝင် Chris Martin တို့နှစ်ဦးတွဲခုတ်နေပြီဆိုတဲ့ သတင်းကတော့ မီဒီယာတွေကြားမှာ ဂယက်ရိုက်လျက်ရှိနေပါတယ်။

dakota_johnson_chris_martin

ဇူလိုင်လ(၂၈)ရက်နေ့က Radiohead ရော့ခ်ဂီတအဖွဲ့ရဲ့ဖျော်ဖြေပွဲတစ်ခုမှာ တပူးပူးတတွဲတွဲထိုင်ရင်း အားပေးခဲ့ကြတဲ့ အသက်(၂၈)နှစ်အရွယ် မင်းသမီး Dakota နဲ့ အသက်(၄၁)နှစ်အရွယ် အဆိုတော် Martin တို့ နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကတော့ လူမှုကွန်ရက်တွေအထိပါ ပျံ့နံှ့နေပြီဖြစ်ပါတယ်။

Dakota and Chris date

Dakota ဟာ ချစ်သူဖြစ်တဲ့  အဆိုတော် Chiris Martin ရဲ့ ဘေးမှာ ပုခုံးကိုမှီပြီး ကပ်ချွဲနေတဲ့ပုံတွေဟာ လူမှုကွန်ရက်ထိပါ ဟိုးလေးတစ်ကျော်ဖြစ်နေပါတယ်။ သူတို့စုံတွဲဟာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကထဲက LA မှာ နှစ်ယောက်တည်းအတူတူ ရယ်ရယ်မောမောစကားတွေပြောကာ ညစာစားခဲ့ကြတယ်လို့ အတွင်းလူတစ်ဦးက ပြောကြားထားပါတယ်။

Dakota and Chris

ဒါ့ပြင် Argentina မှာ ပြုလုပ်တဲ့ Coldplay ရှိုးပွဲကို Dakota က လာရောက်အားပေးခဲ့ပြီး တစ်လလောက်အကြာမှာ တွဲခုတ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။  Martin ဟာ သူ့ရဲ့ ဇနီးဟောင်းဖြစ်တဲ့ နာမည်ကြီးမင်းသမီး Gwyneth Paltrow နဲ့အမေရိကန်ဒါရိုက်တာ၊ ထုတ်လုပ်သူBrad Falchuk တို့ရဲ့ စေ့စပ်ပွဲကိုလည်း Dakota နဲ့အတူလက်ချင်းတွဲပြီး ပွဲတက်ခဲ့ပါသေးတယ်။

Gwyneth paltrow and Brad Falchuk

အနုပညာလမ်းကြောင်းပေါ် အောင်မြင်ကျော်ကြားပြီးသားဖြစ်တဲ့ သူတို့နှစ်ဦးကတော့ ပရိသတ်စိတ်ဝင်စားမှုများစွာရရှိဦးမယ့် ရှေ့သွားနောက်လိုက်ညီတဲ့ ဆယ်လီစုံတွဲတစ်တွဲပါပဲ။

Stella (Akhayar)

www.Akhyar.com