[Zawgyi]
“သားလေး ကြောင့် ကျွန်တော့်ကို ပိုအားပေးကြတာ”
ကျးဇူးတင်ပါတယ်ဆိုတဲ့ အဆိုတော် ဒီဖြိုး
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
သားလေး ကြောင့် ကျွန်တော့်ကို ပိုအားပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့ အဆိုတော် ဒီဖြိုး
အဆိုတော် ဒီဖြိုး က သူရဲ့ သားလေးဖြစ်တဲ့ Alvin Phyo အကြောင်းနဲ့ ဒီနှစ်သင်္ကြန်ဘယ်မှာ ရှိနေမလဲ ဆိုတာတွေကို အခရာ ပရိသတ်တွေ အတွက် ပြောပြထားပါတယ်။
“သားလေးနာမည်က Alvin Phyo လို့ခေါ်ပါတယ်။ ဇွန်လ မှာ ၂ နှစ်ပြည့်ပါမယ် အခုကတော့ ၁ နှစ်ခွဲကျော်ပြီ။ သားသားက တစ်ယောက်ထဲနေတာများတယ် လူနည်းနည်းကြောက်တတ်တယ်။ လူတွေများရင် ရှက်တတ်တယ်။လူအများကြီးကြားထဲရောက်ပြီး Show ပွဲတွေဘာတွေခေါ်သွားရင် သူမနေတတ်ဘူး ရှက်ပြီးတော့ ခေါင်းကို ငုံထားတယ် ခေါင်းမဖော်တော့ပြီး နည်းနည်းလေးကြာပြီး ပတ်ဝန်းကျင်ကို ရင်းနှီးပြီဆိုတော့မှ သောင်းကျန်းရော အဲ့လိုမျိုးရှိတယ် သားသားရဲ့စိတ်က လေ။
အဆိုတော် ဒီဖြိုးနဲ့ သူ့ရဲ့ သားလေး
အဆိုတော် ဒီဖြိုးနဲ့ သူ့ရဲ့ သားလေး
သားသားကို သတိထားမိသလောက်ကတော့ သီချင်းတွေ အော်ဆိုတတ်တယ် ကျွန်တော်ဆိုပြီဆိုရင်အနောက်ကနေလိုက်ဆိုတတ်တယ်။ဆိုနေတာကဘာတွေဆိုနေလည်းတော့မသိဘူး ကျွန်တော်ထင်တာ သီချင်းနဲ့ပတ်သတ်ပြီးသူဝါသနာပါမယ်တော့ထင်တယ်။ သားက စနေသားလေးပါ။
အဆိုတော် ဒီဖြိုးနဲ့ သူ့ရဲ့ သားလေး
အဆိုတော် ဒီဖြိုးနဲ့ သူ့ရဲ့ သားလေး
ပရိသတ်က ကလေးမွေးပြီးမှ ပိုအားပေးလာကြတာကိုတွေ့ရပါတယ်။ သားလေးကိုလည်း ချစ်တော့ ပရိသတ်က ပိုပြီးအားပေးကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်အရင် ကဘယ်လိုထင်မိသလဲ ဆိုတော့ ကလေးအဖေဖြစ်သွားရင် ပရိသတ်က အားပေးပါတော့မလားဆိုပြီးတော့ထင်ခဲ့ဖူးတယ်။အခုတော့ အဲ့လိုမဟုတ်ပါဘူး ကျွန်တော့်ကို အားပေးကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ သားကိုလည်း ဘယ်သွားသွားခေါ်သွားပါတယ်။ Facebookမှာလည်းပုံတွေ တင်တဲ့ အခါ ပရိသတ်က သားလေးကိုချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။
အဆိုတော် ဒီဖြိုးနဲ့ သူ့ရဲ့ သားလေး
အဆိုတော် ဒီဖြိုးနဲ့ သူ့ရဲ့ သားလေး
ဒီနှစ်သင်္ကြန် ကတော့ မုံရွာမှာပဲ ရှိနေပါမယ်။ ၄ ရက်လုံး မုံရွာကပရိသတ်တွေကို ဖျော်ဖြေမှာပါ။ သားသားလည်း ပါမှာပါ ကျွန်တော်နဲ့အတူပေါ့” ဆိုပြီး ပြောပြခဲ့တာဖြစ်ပါတယ်။
Photo Credit:D Phyo Facebook
ကြည်သာ (Akhayar)
www.akhayar.com