

www.akhayar.com

Unicode

မေလ ၂၆ ရက်ဟာ အဆိုတော် Dဖြိုးရဲ့မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့နဲ့ပတ်သက်ပြီး သူ့ရဲ့အမှတ်တရစကား အချို့ကို Akhayar ကိုအခုလို ဖွင့်ဟသွားခဲ့ပါတယ်။

“မွေးနေ့တွေနဲ့ပတ်သက်ရင် အခုနောက်ပိုင်းမှာခမ်းခမ်းနားနား မွေးနေ့ပွဲဆိုတာမျိုးမလုပ်ဖြစ်တော့ပါဘူး။ မှတ်မှတ်ရရ အသက် ၁၄ နှစ်လောက်တုန်းကပဲ ခြံထဲမှာ စတိတ်စင်ထိုးပြီး ဖျော်ဖြေရေးတွေနဲ့ မွေးနေ့ပွဲကြီးကြီးမားမား လုပ်ခဲ့ဖူးပါတယ်။ အခုကျတော့ မွေးနေ့ဆိုရင် သူငယ်ချင်း ၊ မိသားစု တွေနဲ့ပဲဖြတ်သန်းဖြစ်ပါတယ်။ ဒီမွေးနေ့မှာလည်း မိသားစုနဲ့အတူ ၊ သူငယ်ချင်းတွေနဲ့အတူပဲ ပျော်ပျော်ပါးပါးဖြတ်သန်းသွားမှာပါ။ ဒီနေ့ကျွန်တော့်မွေးနေ့ ရောက်ရောက်ချင်းမနက်အစောကြီးမှာ သူငယ်ချင်းတွေက မွေးနေ့ကိတ်လာပို့ပေးပြီး Surprise လုပ်ပေးကြတယ်။ အဲဒီအတွက် ကျွန်တော်အရမ်းပျော်ခဲ့ရပါတယ်။ တကယ်ကို အမှတ်တရဖြစ်ခဲ့ရပါတယ်။ ရခဲ့တဲ့ မွေးနေ့လက်ဆောင်တွေထဲမှာတော့ ကျွန်တော့်အမျိုးသမီးပေးတဲ့ နာရီလက်ဆောင်လေးကို အကြိုက်ဆုံးပါပဲ။ မွေးနေ့တစ်ခုပြီးတစ်ခုဖြတ်သန်းခဲ့ရပြီး အသက်တစ်နှစ်ပြီးတစ်နှစ်ကြီးလာပေမယ့် ခုချိန်ထိတော့ ကိုယ့်ကိုယ်ကိုယ်ရင့်ကျက်တယ်လို့မထင်သေးပါဘူး” လို့ပြောပါတယ်။

www.akhayar.com