မန်ယူအသင်းဟာ အသင်းခေါင်းဆောင်ဟောင်း ရွန်နီ Rooney ပါဝင်ကစားနေတဲ့ D.C. United အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်တိုက်စစ်ကစားသမား အကော်စတာ Luciano Acosta ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အကော်စတာ ရဲ့ ခြေစွမ်းကို မန်ယူကင်းထောက်အဖွဲ့က D.C. United ( ၀ – ၄ ) Los Angeles ပွဲစဉ်မှာ သွားရောက်ကြည့်ရှုခဲ့ပြီး ဒီအနေအထားကြောင့် အကော်စတာက ပျော်ရွှင်နေတယ်လို့လည်း သိရပါတယ်။ အသက်(၂၄)အရွယ်ရှိပြီဖြစ်သူ အကော်စတာ ဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် သွင်းဂိုး(၁၀)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု(၁၅)ကြိမ်ထိပြုလုပ်ခဲ့ပါတယ်။

အကော်စတာ က ” သူတို့ ဒီကိုရောက်ရှိနေလို့ ကျွန်တော်သိသိသာသာကို ပျော်ရွှင်နေပါတယ်။ သူတို့ရောက်လာပြီး ကျွန်တော်ခြေစွမ်းကို ကြည့်ကြတယ်။ ကျွန်တော်ဒီကနေ ထွက်သွားချင်ပါတယ် ပြီးတော့ အကောင်းဆုံး ဖြစ်အောင်လည်းကြိုးစားခဲ့ပါတယ်။ ဒီနေ့ဟာ ကျွန်တော့်နေ့တော့မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အသင်းကောင်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့စွမ်းဆောင်ရည်အတွက်တော့ ၀မ်းနည်းမိပါတယ် ” လို့ပြောကြားခဲ့ပါတယ်။ အကော်စတာ ဟာ D.C. United အသင်းနဲ့ ၂၀၁၉ ဒီဇင်ဘာမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့ သူ့ကိုခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးအနည်းငယ်သာ အသုံးပြုရဖို့ရှိနေပါတယ်။

Ref: Goal.com , Metro
Photo: WTOP.com , Sector Bostero
Ko Kyue(Akhayar)
www.akhayar.com