Stadia ကိုတော့ Google ရဲ့ အကြီးဆုံးနဲ့ အအောင်မြင်ဆုံး Cloud Gaming ဝန်ဆောင်မှုလို့ပဲ အမွန်းတင်ရပါတော့မယ်၊
သိထားကြတဲ့အတိုင်း ၂၀၁၉ ထဲမှာ ကြေညာသွားတဲ့ DOOM Eternal ၊ Watchdog Legion နဲ့ MK11 (Mortal Kombat) လို AAA ဂိမ်းကြီးတွေကို Streaming ကစားခွင့်ပေးထားပြီ။

Photo: Word Press

အခုလည်း ရေရေလည်လည် Popular ဖြစ်နေတဲ့ Cyberpunk 2077 ကို Stadia ရဲ့ထိပ်ဆုံး List အနေနဲ့ ကြေညာပစ်လိုက်ပါပြီ။
ဂိမ်း Official ထွက်လာမယ့်ရက်က ၂၀၂၀၊ ဧပြီ ၁၆ ဆိုတော့ Stadia နဲ့ ဘယ်လို ကစားနိုင်မလဲ မသိရသေးပါဘူး။

Photo: Alphacorders

ဒါနဲ့ တဆက်ထဲ Orcs Must Die 3 ကို Exclusive အနနေဲ့ ထုတ်ပြလိုက်တာက Stadia Platform ကြီး ဘယ်လောက် ကြီးထွားလာပြီလဲဆိုတာ မြင်သာစေပါတယ်။
ဒိဂိမ်း ၂ ခုနဲ့ တပါးထဲ ကြေညာလိုက်တဲ့ ဂိမ်းတွေကတော့ Ubisofot ရဲ့ Gods and Monsters ၊ Destroy all Humans ၊ Supershot: Mind Control ၊ Boderlands 3 နဲ့ GRID တို့ပဲ ဖြစ်ပါတယ်။

အခုလိုကျပြန်တော့လည်း ဂိမ်းတွေကို Steam ၊ Epics Store လို Marketplace က ဝယ်ဆော့မယ့်အစား တစ်လကို ဒေါ်လာ ၉.၉၉ လောက်ပေးဆော့တာ ပိုကောင်းသလားလို့ တွေးမိပါတယ်။


ဒါမယ့်လည်း Stadia ကို Launch မလုပ်သေးသလို နိုဝင်ဘာကျရင် ကစားခွင့်ရလာမယ့် နိုင်ငံတချို့ရဲ့ Feedback ကိုနားထောင်ကြည့်ပြီး ကျနော်တို့ဂိမ်မာတွေလည်း အပြောင်းလဲတစ်ခုကို စောင့်ကြည့်လိုက်ရအောင်။
E3 Keynote ကိုဒီ Link မှာလေ့လာနိုင်ပါတယ်။

2B (Akhayar)
www.akhayar.com