[Zawgyi]
Stella(Akhayar)
www.akhayar.com
[Unicode]
ကိုရီးယားမလေးနဲ့အရမ်းတူလာတဲ့ ဟန်နာယူရီ ရဲ့ ချစ်စဖွယ်ပုံရိပ်များ
ဟန်နာယူရီကတော့ မိန်းကလေးပရိသတ်တွေအားကျလောက်တဲ့ ချစ်စဖွယ်ရုပ်ရည်လေးပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။အနုပညာလောကသားတစ်ယောက်မဟုတ်ပေမယ့်လည်း သူမဟာ ကိုယ်ပိုင်မိတ်ကပ်သင်တန်းလေးတွေဖွင့်လှစ်ထားသလို အလှအပနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေလည်း မျှဝေပေးနေတဲ့ Blogger တစ်ဦးဖြစ်တာမို့ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေရှိနေပြီးသားဖြစ်ပါတယ်။
သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို စောင့်ကြည့်ကြတဲ့သူတွေရှိသလို သူမရ့ အမူအရာလေးတွေကို ကြွေနေရတဲ့ အမျိုးသားပရိသတ်တွေလည်း ရှိနေတာပါ။ ဟန်နာကတော့ မနေ့က သူမရဲ့ လူမှုကွန်ရက်အကောင့်မှာ အပြင်ထွက်တုန်း ဆက်ဖီရိုက်ထားတဲ့ ပုံလေးတွေနဲ့ မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး ညစာစားခဲ့တဲ့ ပုံလေးတွေကိုပါ မျှဝေထားတာပါ။
အရင်ကထက်အများကြီး ပိုလှလာသလို သူမ ဝတ်ဆင်တဲ့ ဖက်ရှင်လေးတွေကလည်း ကိုရီးယားမင်းသမီးလေးတွေနီးပါး လှနေတာဖြစ်ပါတယ်။ ဟန်နာယူရီကို ချစ်တဲ့ သူတွေရှိလား ။
Photos Credit – Hanna Yuri
Stella(Akhayar)
www.akhayar.com