ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေက ချစ်စရာနေရာလေးတွေကိုရောက်ရောက် လာတတ်ကြတယ်ဆိုလို့ အရမ်းချစ်စရာအရမ်းကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ကို ပြောပြပေးမလို့ စိတ်ဆိုးသွားလား။ ဒီဆိုင်လေးက နှစ်ထပ်ရှိပြီးတော့ အောက်ထပ်လေးက ကော်ဖီကောင်တာ အလန်း လေးနဲ့ အတူ Cake Counter လေးလည်းရှိတယ်။ Decoration ကလည်း လုံးဝ ကာတွန်းကားလေးထဲကို ရောက်သွားသလို ပန်းရောင် လေးတွေနဲ့ တကယ်ကို မိုက်နေတာ။ အပေါ်ထပ် မှာကျ မြက်ခင်းတုလေးရယ်၊ ရွက်ဖျင်တဲ အလန်းလေးနဲ့ ချစ်စရာ ပန်ဒါရုပ်လေးက အသက်။

ဓာတ်ပုံတွေ အလန်းရိုက်လို့ရအောင် Studio လေးလိုလုပ်ပေးထားတာ တကယ်ချစ်ဖို့ကောင်းချက်။ မရောက်မရှိရလေအောင် Panda Diaries ရောက်တိုင်း အပေါ်ထပ်မှာ ထိုင်ဖို့ အကြံပေးချင်တယ်။ ချစ်သူလေးနဲ့ နှစ်ယောက်တည်း ဒိတ်လို့ကောင်းတဲ့နေရာလည်း ဟုတ်တယ်နော်။ ဆူညံတာမျိုးလည်းမရှိဘဲ အေးအေးဆေးဆေးနဲ့ နှစ်ယောက်ကြည်နူးလို့ရတာပေါ့။ FA လေးတွေကတော့ သူငယ်ချင်းတွေကိုရအောင် ခေါ်နော်။ မဟုတ်ရင်တော့ Admin က သတိမပေးဘူးဆိုပြီး မပြောနဲ့နော်။

Menu

Decoration က လန်းသလို အစားအသောက်လည်း လန်းနေမှ ကိုယ့်ပရိသတ်ကြီးက ကျေနပ်မှာပေါ့ ဟုတ်တယ်ဟုတ်။ ဒီဆိုင်လေးမှာရတဲ့ Dessert လေးတွေက တော်တော် စားလို့ကောင်းတယ်။ ဒူးရင်းသီးနဲ့ ပတ်သက်တာကို Collection သီးသန့်ကိုလုပ် ပေးထားတာတွေ့ခဲ့တယ်။ Cupcake လေးတွေကလည်း ချစ်ဖို့ကောင်းချက်။ Appetizer လေးတွေလည်း ၆ မျိုး၊ ၇ မျိုးလောက်တွေ့ခဲ့တယ်။ စားလာခဲ့သမျှတွေကို ဘယ်လိုအရသာတွေရှိလဲဆိုတာ မျှဝေပေးမယ်။ လန့်မသွားနဲ့ဦး။

Durian Pizza

Durian ကို အသားတွေချည်း ပျစ်နှစ်နေအောင် ထည့်ပြီး ဖုတ်ထားတာ။ Cheese တော့နည်းတယ်။ အောက်ခံဂျုံသား(Dough) ပါးပါးလေးနဲ့ တော်တော်စားလို့ကောင်းပါတယ်။ နည်းနည်းလေးပိုကြာအောင် ဖုတ်လိုက်ရင် ဒူးရင်းသီးနံ့လေးက လှိုင်လှိုင်တက်နေမှာ မြင်ယောင်တယ်။ ဒူးရင်းသီးရဲ့အရသာက ချိုချိုခါးခါးလေး ကိုမှ မီးပြင်းပြင်းလေးနဲ့ ဖုတ်လိုက်တဲ့အချိန် ဘာနဲ့မှ မလဲနိုင်။ ဒါလေးကတော့ Must Try နော်။ စားလို့တော်တော်ကောင်းလို့ ညွှန်ပေးတာ။ ဂျုံသားလေးကို နည်းနည်းပိုကြာအောင် ဖုတ်လိုက်ရင် Perfect ပဲ။

Fried Durian

ဒူးရင်းသီးကိုမှ Tempura လို မုန့်နှစ်လေးနဲ့ ကြော်ထားတာလေး။ အပေါ်ကနေ Honey လေးဆမ်းပြီးတော့ နို့ဆီလေးနဲ့ တို့စားရင် ရှယ်ပဲ။ ဒူးရင်းသီးအသားတွေချည်း ရှယ်ထည့်တာများ ကိုက်လိုက်တဲ့အလုတ်တိုင်းမှာ ဒူးရင်းသီးဟာ အမြဲပါနေတာ။ အပေါ်ယံသားက ကျွတ်ကျွတ်လေးကိုမှ ကိုက်လိုက်တဲ့အချိန် အထဲက ဒူးရင်းသီး အသားတွေရဲ့အချိုဓာတ်ဟာဆိုရင်တော့ဖြင့် ဘယ်ပြောကောင်းမလဲ ကိုယ်သိပ်ကြိုက်တာပေါ့။ ဆီကြော်မို့လို့ ဆီလေးတော့ နည်းနည်းရွှဲနေတာတော့ရှိတယ်။ စားလို့ကတော့ တော်တော်ကောင်း ဂွတ်….

Sizzling Brownie with Ice Cream

Brownie ရဲ့ ကိတ်သားလေးက တော်တော်နူးညံ့တယ်။ Flour နဲ့ မသုံးပဲ Chocolate ချည်း သီးသန့်သုံးထားလို့ အခါးဘက်ပိုများပါတယ်။ Chocolate အနှစ်နဲ့ကို သေချာဖုတ်ထားတဲ့ Brownie လေးမို့ တော်တော်ကြိုက်သွားတယ်။ Hot Plate ပူပူလေးပေါ်မှာ Chocolate အရည်ပူပူလေးလောင်းချလိုက်တဲ့ Feel က ဘာနဲ့မှလဲမရ။ Ice Cream ကလည်း  Mango Flavour လေးနဲ့ မွှေးမှမွှေး။ အပေါ်က Mango အရသာ အေးစက်စက်ဖြစ်နေချိန်မှာ အောက်က ပူနေတဲ့ ချောကလက်အရည်နဲ့ Brownie လေး။ ပါးစပ်ထဲမှာ တကယ်ကို အရသာဆန်းနေတာ။

Marshmallow Toast with Ice Cream

ဒီဆိုင်က Toast တွေက နာမည်ကြီးပဲ။ ရွေးစရာတွေလည်းများပြီး တော်တော်လည်း စားလို့ကောင်းတယ်။ Toast ကိုမှ Banana နဲ့စားမလား၊ Chocolate ၊ Durian စတာတွေအပြင် Marshmallow နဲ့လည်း အလန်းဆွဲလို့ရတယ်နော်။ ကိုယ်ကတော့ Marshmallow နဲ့ တစ်ခါမှမဆွဲဖူး တော့ မှာပြီး အရသာမြည်းကြည့်ခဲ့တယ်။ Toast နွေးနွေးလေးနဲ့ ရေခဲမုန့်အေးအေးလေးနဲ့ တော်တော်စားလို့ကောင်းပါတယ်။ ဒါပေမယ့် အချိုပေါ့တယ် Marshmallow ကြောင့်ပဲလားတော့မသိ။

Drinks

ဒီ Cafe လေးမှာ ကော်ဖီတော်တော်လေးစုံတယ်။ Hazelnut Latte လေးကတော့ Admin အကြိုက်ပဲ။ Smoothie တွေ၊ Milk Shake တွေလည်းရတော့ ကော်ဖီမသောက်ချင်တဲ့သူ တွေအတွက် ကွက်တိပဲနော်။ ဒီက Special Tea Pots တွေကလည်း Admin အရမ်းသဘောကျမိတယ်။ Berry၊ Lemon၊ Butterfly Pea၊ Lychee ၊ Jasmine ၊ Green Tea အသီးတွေ အရသာတွေ အစုံနဲ့ Tea လေးတွေ ကြိုက်တာရွေးမှာရုံပဲ။ Admin အပေါ်မှာစားခဲ့တာတွေအကုန်လုံးက အီဆိမ့်ဆောင့်တက်နေပြီလေ။ ဒါကြောင့် အအီဓာတ်လေးကို ဖြည်ဖို့ ချဉ်ချဉ်ချိုချို Berry Tea လေးနဲ့မှာလိုက်တာ အရမ်းမှန်သွားတယ်။

ခုနက အီဆိမ့်နေတာတွေ အကုန် ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကုန်တာ။ သောက်ကောင်းကောင်းနဲ့ သောက်တာ တစ်ယောက်တည်း တစ်အိုးကုန်သွားရော။ သောက်လို့ကလည်း မဝသေးတော့ နောက်တစ်အိုးထပ်မှာရမယ့် ကိန်း၊ ကိုယ်အကျပ်ရိုက်နေတာကို Waiter လေးက မြင်တော့ Refill ရတယ်လို့ပြောတော့ ဘယ်ပြောကောင်းမလဲ နောက်တစ်အိုးပေါ့လေနော်။

ဒီဆိုင်လေးကို ကိုယ်ဘာလို့သဘောကျလဲသိလား Coffee Bar လေးမှာ လုပ်ထားတဲ့ Decoration လေးတွေက တကယ်ကို ချစ်ဖို့ကောင်းနေပြီးတော့ ဝန်ထမ်းလေးတွေအတွက် Tips Money Box လေးလုပ်ပေးထားတာလေး အရမ်းသဘောကျတယ်။ ဝန်ထမ်းလေးတွေလည်း ဆက်ဆံရေးမဆိုးဘူး။ ဒီဆိုင်လေးမှာ စာလာကျက်ရင်ပဲ ဖြစ်ဖြစ်၊ အလုပ်လာလုပ်ရင်ပဲ ဖြစ်ဖြစ်၊ အေးအေးဆေးဆေးလေးနဲ့ မိုက်နေရော၊ Wifi ကလည်း Free ဆိုတော့ ဘာလိုသေးလဲ။

မိုးလေးအေးနေတုန်း ကော်ဖီလေးသောက်၊ မုန့်လေးတွေစားပြီး မိုးခိုရင်း Internet လည်းသုံးလို့ရတာပေါ့။ ဆိုင်လေးက တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ သီချင်းလေးအေးအေးလေးနားထောင်ရင်း ပျင်းဖို့ကောင်းတဲ့ နေ့တွေ ဖြစ်သန်းလို့ရတယ်နော်။ ဒီ Panda Diaries Dessert Cafe လေးက မနက် ၉ နာရီခွဲ ကနေပြီးတော့ ည ၉ နာရီခွဲအထိ ဖွင့်တယ်နော်။ ဆိုင်လေးရဲ့လိပ်စာက အမှတ်(၃၁၅)၊ မြေညီထပ်၊ အနော်ရထာလမ်းမပေါ်၊ လမ်းမတော်(၃)လမ်းထိပ်မှာပါ။ သူ့အရှေ့မှာတော့ ကမ္ဘောဇဘဏ်ခွဲရှိပါတယ်နော်။ ဖုန်းက 09795857545 ကိုဆက်သွယ်ပြီး သိလိုတာတွေကိုမေးလို့လည်းရပြီနော်။

Lwin Moe Htyke (Akhayar)