သံပရိုသီးက မီးဖိုချောင်သုံးဖို့သာမက အလှအပအတွက် ကျန်းမာရေးအတွက်ပါ သုံးလို့ရတယ်ဆိုတာ အားလုံးလည်းသိကြမှာပါ။ အခုဆိုရင် အနောက်နိုင်ငံတွေမှာ သံပရိုသီးကို ဓာနဲ့အရာပေး စိတ်ပိုင်းပြီး အိပ်ခန်းထဲထားတဲ့နည်းကို သုံးနေကြပါပြီ။

သံပရိုသီးရနံ့က စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ပေးနိုင်တယ်။ ဒါကြောင့်လည်း စားသောက်ဆိုင်တချို့မှာ သံပရိုပင်တွေထားကြပြီး ဧည့်သည်တွေကိုစိတ်ဖိစီးမှုကင်းဝေးစေဖို့ ကူညီပေးကြတာဖြစ်ပါတယ်။

အိမ်တွေမှာလည်း ဒီလိုပဲ သံပရိုပင်တွေစိုက်ထားပြီး ကိုယ့်အခန်းကို မွှေးပျံ့စေနိုင်ပါတယ်။

cut lemon save your life

ဒီလိုအပင်စိုက်ဖို့ အဆင်မပြေသူတွေအနေနဲ့ သံပရိုသီးကိုလေးစိတ်စိတ်ထားပြီး အိပ်ခန်းထဲထည့်ထားနိုင်ပါတယ်။ ဒါဆိုရင် စိတ်ဖိစီးမှုကင်းဝေးပြီး ကောင်းကောင်းအိပ်ပျော်ပါတယ်။  အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ရောဂါတွေကိုလည်းသက်သာစေပါတယ်။ အအေးမိခြင်း နဲ့ အလာဂျီ ပြဿနာတွေကို သံပရိုရနံ့ကကုစားပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ဒီနည်းကိုအသုံးချကြည့်ပါနော်။

သံပရာသီးကိုလည်း ဒီနည်းအတိုင်းသုံးနိုင်ပါတယ်။ အခရာပရိသတ်ကြီးအနေနဲ့လည်း ကျန်းမာလှပစေမယ့်နည်းလမ်းကောင်းလေးတွေရှိရင် Comment မှာမျှဝေခဲ့လို့ရပါတယ်နော်။

ဂျူဂျူး(အခရာ)

www.akhayar.com