Bakery လုပ်ငန်းနဲ့ အသက်မွေးချင်သူတွေအတွက် Angel Phoo ရဲ့အကြံပြုစကားလေးတွေ ၊ သူမဆိုင်ကပေးတဲ့ ဝန်ဆောင်မှုတွေနဲ့ သူမနှစ်သက်တဲ့ Dessert ဆိုင်လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပေးချင်တဲ့ အကြံဥာဏ်

မုန့်လုပ်ဖို့စပြီးလေ့လာမယ်ဆိုရင် Tastemade လိုမျိုး Page လေးတွေကနေလေ့လာနိုင်ပါတယ်။ သူတို့လုပ်ပြထားပုံလေးတွေက ချစ်စရာလေးတွေ၊ ပြီးရင် Instagram ၊ Pinterest တွေကြည့်သင့်တယ်။ အဲဒီမှာဆိုလည်း အများကြီးပဲလေ။ ကိုယ်ကအဲလိုကြည့်ပြီးလုပ်ချင်တာတွေတော့ အများကြီးပဲ။ ဒါပေမဲ့ဒီမှာ Supply မရတာမျိုးလည်းရှိတော့ ရွေးပြီးလုပ်ရတယ်။ မုန့်လုပ်ပြီးရင် ဘယ်လိုထုပ်ပိုးမလဲဆိုတဲ့ Packaging ကလည်း အရေးကြီးသေးတယ်။ Beginner တွေအနေနဲ့  Tastemade တို့ Business Insider Food က ကဟာလေးတွေကြည့်ပြီးလုပ်ရင် ပိုအဆင်ပြေမယ်။

လွယ်ကူတဲ့ဟာလေးတွေဆိုရင် Cool Cheese Cake ၊ Bake Cheese Cake တို့ဆိုလွယ်တယ်။ အဲဒါလေးတွေစမ်းကြည့်သင့်ပါတယ်။ Birthday Cake အသားတွေ ရိုးရိုး Cake အသားတွေလုပ်ကြည့်လို့ရှိရင်လည်းလွယ်မယ်လို့ထင်ပါတယ်။

Customer Service

အခုဆိုရင်ဆိုင်မှာ Event တွေအတွက်လည်း မုန့်တွေလက်ခံနေပြီ။ ပြီးတော့ ကုမ္ပဏီတွေအနေနဲ့ ပါတနာတွေကို လက်ဆောင်ပို့ပေးချင်တယ်ဆိုရင်လည်း လက်ခံပြီးလုပ်ပေးပါတယ်။ Decoration ပိုင်းမှာဆိုရင် Cream အပြင် Macaron လေးတွေလုပ်တာမျိုးလည်းရှိတယ်။ Macaron ကတော့ ကိုယ့်ဘာသာလုပ်တာပါ။ ပြီးတော့နှင်းဆီပန်းလေးတွေနဲ့ အလှဆင်တာမျိုး ရေခဲမုန့်နဲ့အလားတူ Chocolate Mousse နဲ့လုပ်တာမျိုး ရှိတယ်။ ဒီမှာ Service က VIP Room အနေနဲ့ သုံးခန်းလောက်ရှိပါတယ်။ ပြီးတော့ Garden View လည်းရှိတယ်။

စားဖြစ်တဲ့ Dessert ဆိုင်လေးတွေ

သူများတွေတော်တော်များများထင်တာက ကိုယ့်ဆီကထွက်တဲ့မုန့်တွေပဲစားနေတယ်လို့ ထင်ကြတယ်။ ကိုယ်ကမုန့်တွေကို မြည်းတော့မြည်းရတယ်။ မမြည်းလို့တော့မရဘူး။ ဖူးကိုယ်တိုင်ကြိုက်မှ အိုကေပြီဆိုမှ ဒီမုန့်ကိုထုတ်လို့ရတယ်။ ဒါပေမဲ့ကိုယ့်မုန့်ချည်းပဲ စားမနေပါဘူး။

ဖူးအနေနဲ့ Dessert တွေစားရင် Acacia Tea Salon ကစားဖြစ်တယ်။ သူတို့ဆီကပေါင်မုန့်တွေ တော်တော်များများကြိုက်တယ်။ ဖူးကဓာတ်ပုံရိုက်ရတာကြိုက်တော့ ထည့်ပေးတဲ့ပန်းကန်လေးတွေ Garnishing ပိုင်းလေးတွေလှရင် ပိုသဘောကျတယ်။ Acacia ကတော့ အကြိုက်ဆုံးနေရာတွေထဲက တစ်ခုပါတယ်။ The District Coffee Lounge ကကိတ်လေးတွေကြိုက်တယ်။ ဖူးကဆိုင်တွေအများကြီး လိုက်စားဖြစ်တာတော့မဟုတ်ဘူး။ ဒီဆိုင်ကြိုက်ပြီဆိုရင် ဒီဆိုင်ကိုပဲဆက်တိုက် သွားဖြစ်တာမျိုး။ ကော်ဖီဆိုင်ဆိုလည်း အေးအေးဆေးဆေး ထိုင်လို့ရမယ့်ဆိုင်မျိုးကို ပိုကြိုက်တယ်။ နေရာထိုင်ခင်းကအစ အဆင်ပြေပြေလေးနဲ့ သက်သောင့်သက်သာရှိတာလေးကို ပိုကြိုက်တယ်။

www.akhayar.com