[Zawgyi]

Cuba ႏုိင္ငံအတြင္းက ကမာၻ႔အရူးသြပ္အျပင္းထန္ဆုံးဆႏၵျပမႈတစ္ခု

ဟစ္ေဟာ့ရက္ပ္ေလာကထဲကေန ခဏထြက္ၿပီး ကမာၻ႕တစ္ေနရာကသမိုင္းေၾကာင္းတစ္ခုဆီ ေခၚသြားဖုိ႔ ဒီစာေစာင္ကုိျပဳစုေရးသားလုိက္ရျခင္းျဖစ္ပါတယ္။ ေခါင္းစဥ္ကုိဖတ္ၿပီး တကယ္တမ္းအေၾကာင္းအရာကဘာလဲဆုိတာကုိအားလုံးသိခ်င္ေနေလာက္ၿပီျဖစ္တဲ့အတြက္ ေထြေထြထူးထူးမိတ္ဆက္စကားေတြေျပာမေနေတာ့ပဲ ေျပာခ်င္တဲ့အေၾကာင္းအရာဆီကိုတန္းသြားပါမယ္။

ေယဘုယ်အျမင္နဲ႔ေျပာမယ္ဆုိရင္ ပန္႔ခ္ေရာ့ခ္ ယုံၾကည္ခ်က္ဆုိတာလူ႔အဖြဲ႕အစည္းေအာက္ဆုံးေလွကားထစ္က ခံယူခ်က္ကြဲထြက္တဲ့သူေတြရဲ႕ မေက်နပ္ခ်က္၊ သေဘာထားကြဲလြဲမႈနဲ႔ ကြဲျပားျခားနားခ်က္ေတြကုိ အစြန္းေရာက္တဲ့ပံုစံေတြနဲ႔ ထုတ္ေဖာ္ျပသတဲ့ လူေနမႈပုံစံတစ္ရပ္ျဖစ္ပါတယ္။

ဒါေပမယ့္ ၁၉၉၀ ခုႏွစ္ဝန္းက်င္တဝုိက္ က်ဴးဘားႏုိင္ငံက ေလာ့စ္ဖရစ္ခစ္စ္ (Los Frikis) ပန္႔ခ္အဖြဲ႕ရဲ႕ဟစ္ေႂကြးမႈေလာက္ ဘယ္လုိပန္႔ခ္အဖြဲ႕အစည္းမ်ိဳးကမွ ျပင္းထန္ခဲ့မွာမဟုတ္ပါဘူး။ နယ္ပယ္အသီးသီးက ယဥ္ေက်းမႈေတြဟာ အခ်ိန္နဲ႔အမွ်ဆုိသလုိ ကမာၻ႕တစ္ေနရာနဲ႔တစ္ေနရာကုိပ်ံ႔ႏွံ႔ကူးေျပာင္းလာၾကတဲ့အေလ်ာက္ ခံယူခ်က္ျပင္းထန္တဲ့လူအမ်ိဳးအစားတစ္ရပ္ျဖစ္တဲ့ ပန္႔ခ္ဆိုတဲ့လူ႔အစုအဖြဲ႕ဆုိတာလည္း ဆုိရွယ္လစ္စနစ္က်င့္သုံးတဲ့ က်ဴးဘားႏုိင္ငံမွာ သိသာထင္ရွားစြာျဖစ္တည္လာခဲ့ပါတယ္။

၁၉၈၀ နဲ႔ ၉၀ ဝန္းက်င္ကာလမွာေပၚထြန္းလာခဲ့တဲ့ Los Frikis ဆုိတဲ့ပန္႔အဖြဲ႕နဲ႔အတူ ခံယူခ်က္တူ၊ အယူဝါဒတူပန္႔ခ္ေတြ မ်ားျပားလာခဲ့ၿပီး သူတုိ႔ရဲ႕ကြဲျပားျခားနားတဲ့ဝတ္စားဆင္ယင္မႈ၊ အစြန္းေရာက္လုပ္ရပ္ေတြနဲ႔ စ႐ုိက္ဆန္တဲ့အျပဳအမူေတြေၾကာင့္ ျပည္သူလူထုရဲ႕နိမ့္က်တဲ့ထင္ျမင္မႈကုိရရွိခဲ့ပါတယ္။

အဲဒီအခ်ိန္မွာပဲကက္စ္ထ႐ုိအစုိးရ (က်ဴးဘားႏုိင္ငံအစုိးရ) ဟာလည္း တရားဥပေဒစိုးမိုးေရးကုိစစ္အင္အား၊ စစ္မိန္႔သုံးၿပီး အင္တုိက္အားတုိက္လုပ္ေဆာင္ေနတဲ့အေလ်ာက္ ကယ္စ္ထ႐ုိဆုိရွယ္စနစ္ရဲ႕သမ႐ုိးက် လူေနမႈပုံစံထဲကေန ကြဲထြက္ေနတဲ့ Los Frikis ပန္႔ခ္ေတြဟာ အစုိးရရဲ႕မ်က္စိေဒါက္ေထာက္ၾကည့္ျခင္းကုိခဲ့ရၿပီး ျပစ္မႈစြဲခ်က္တင္ၿပီး ဖမ္းဆီးတာေတြ၊ ေထာင္ခ်တာေတြ၊ ေစခုိင္းအလုပ္သမားအျဖစ္သြတ္သြင္းျခင္းေတြကုိ ခံခဲ့ရပါတယ္။ တရားမမွ်တတဲ့ဖိႏွိပ္မႈကုိေတာက္ေလွ်ာက္ခံလာခဲ့ရတဲ့ Los Frikis ပန္႔ခ္ေတြဟာ အဲဒီလုိလူတန္းစားခြဲျခားဆက္ခံမႈအေပၚမွာခံျပင္းခဲ့တဲ့အတြက္ က်ဴးဘားလူ႔အဖြဲ႕အစည္းကုိတုန္လႈပ္႐ုိက္ခတ္သြားေစမယ့္ ဆႏၵျပမႈတစ္ခုကုိ တညီတညာတည္းေဆာင္ရြက္ဖုိ႔ဆုံးျဖတ္လုိက္ပါတယ္။

အဲဒါကေတာ့ HIV ပုိးကူးစက္ခံထားရတဲ့အျခား Los Frikis ပန္႔ခ္အဖြဲ႕ဝင္တစ္ေယာက္ရဲ႕ေသြးကုိယူၿပီး ကုိယ့္ခႏၶာကုိယ္နဲ႔ အေၾကာေတြထဲကုိျပန္လည္ထုိးသြင္းခဲ့တဲ့လုပ္ရပ္ပဲျဖစ္ပါတယ္။ အဲဒီလုိမ်ိဳးအစြန္းေရာက္ၿပီးျပင္းထန္တဲ့ဆႏၵျပမႈဟာ လူထုၾကားမွာေတာမီးလုိျပန္႔ႏွ႔ံသြားခဲ့တဲ့အတြက္ က်ဴးဘားႏိုင္ငံရဲ႕လူ႔အဖြဲ႕အစည္းအလႊာေပါင္းစုံသာမက ကယ္စ္ထ႐ုိအစုိးရပါ တုန္လႈပ္သြားခဲ့ရၿပီး အဲဒီအေျခအေနကုိထိန္းခ်ဴပ္ဖို႔အတြက္ နည္းလမ္းတစ္ရပ္ကုိ အခ်ိန္တုိအတြင္းလ်င္ျမန္စြာ ခ်မွတ္ခဲ့ရပါတယ္။

က်ဴးဘားႏုိင္ငံရဲ႕ဘ႑ာေရးနဲ႔ ႏုိင္ငံေရးဆုိင္ရာအခ်င္းအရာေတြမွာ ဆုိဗီယက္ယူနီယံက ႏွစ္ေပါင္းမ်ားစြာ ေထာက္ပံ့မႈေတြျပဳလုပ္ေပးခဲ့ေပမယ့္ ၁၉၈၀ ဝန္းက်င္ေနာက္ပုိင္းမွာ မဟာမိတ္ဆက္ဆံေရးေျပာင္းလဲသြားတဲ့အတြက္ ေထာက္ပံ့မႈေတြျပတ္ေတာက္သြားခဲ့ပါတယ္။ ႐ုတ္ခ်ည္းေျပာင္းလဲလာတဲ့အေျခအေနအရပ္ရပ္ကို အလ်င္အျမန္ထိန္းခ်ဴပ္ဖုိ႔ ကယ္စ္ထ႐ုိအစုိးရအေနနဲ႔ အထူးစီမံခ်က္တစ္ခုခ်မွတ္ခဲ့ပါတယ္။ အဲဒါကေတာ့ ေရာဂါပုိးရွိသူ၊ ကူးစက္ခံရသူေတြအတြက္ ေနရပ္ထုိင္ခင္း၊ စားနပ္ရိကၡာနဲ႔ ေထာက္ပံ့ေဆးဝါးတုိ႔ကုိ အျပည့္အဝပံ့ပုိးေပးတဲ့ နာတာရွည္ေရာဂါဌာနေတြကုိ တည္ေဆာက္ဖုိ႔ဆုံးျဖတ္လုိက္ျခင္းပဲျဖစ္ပါတယ္။

ႏုိင္ငံထဲမွာကိန္းေအာင္းေနတဲ့ပဋိပကၡေတြဟာ ထိတ္လန္႔ဖြယ္သတင္းေတြအျဖစ္ ကမာၻကုိပ်ံ႔ႏွံ႔သြားၿပီး AIDS ေရာဂါကပ္ေဘးႀကီးဟာ က်ဴးဘားႏုိင္ငံမွာတျဖည္းျဖည္းႀကီးထြားလုိ႔လာၿပီဆုိတာကုိ ကမာၻ႕ႏုိင္ငံအသီးသီးက အာ႐ုံစုိက္လာခဲ့ပါတယ္။ တကယ္ေတာ့က်ဴးဘားႏုိင္ငံဟာ ကမာၻေပၚမွာ AIDS ေရာဂါျဖစ္ပြားမႈအနည္းဆုံး တစ္ႏုိင္ငံလုံးလူဦးေရ ၀.၇ ရာခုိင္ႏႈန္းနဲ႔ ဂုဏ္ယူဝင့္ႂကြားစြာရပ္တည္ေနတဲ့ႏုိင္ငံျဖစ္တဲ့အျပင္ HIV ပုိးရွိသူမိခင္မီးဖြားမႈမွာေတာင္ ေမြးလာတဲ့ရင္ေသြးကုိေရာဂါပုိးမကူးစက္ေအာင္ ကာကြယ္ႏုိင္ခဲ့တဲ့ပထမဦးဆုံးႏုိင္ငံလည္းျဖစ္တဲ့အတြက္ ၁၉၈၉ ခုႏွစ္မွာကယ္စ္ထ႐ုိအစုိးရဟာ အဲဒီကိစၥရပ္နဲ႔ပတ္သက္တဲ့လုပ္ပုိင္ခြင့္ကုိ က်ဴးဘားက်န္းမာေရးဝန္ႀကီးဌာနကုိတာဝန္လႊဲေျပာင္းေပးခဲ့ပါတယ္။

အဖက္ဖက္ကလာတဲ့ဖိအားေတြေၾကာင့္ လုပ္ပုိင္ခြင့္ရွိသူအႀကီးအကဲေတြဟာ အဲဒီလုိနာတာရွည္ေဆးကုသေဆာင္ေတြကုိ သတ္မွတ္နယ္ေျမေဂဟာေတြအျဖစ္သတ္မွတ္ၿပီး ေရာဂါကူးစက္ခံရသူေတြအတြက္ ၿပီးျပည့္စုံတဲ့စားနပ္ရိကၡာ၊ လွ်ံပယ္တဲ့ေဆးဝါးအသုံးအေဆာင္ေတြနဲ႔ က်န္းမာေရးဂ႐ုစုိက္မႈေတြကုိ အစဥ္မျပတ္ရေအာင္ လုပ္ေဆာင္လာပါေတာ့တယ္။ ဒါတင္မကေသးဘဲ လိင္ပုိင္းကိစၥေဆာင္ရြက္ႏုိင္စြမ္းရွိေသးတဲ့ ႏုိင္ငံသားေပါင္း ၈၀ ရာႏုိင္ႏႈန္းကုိ HIV ပုိးရွိမရွိစမ္းသပ္ၿပီး သတ္မွတ္ေဂဟာကုိပုိ႔ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္တုန္းက နာတာရွည္ေဆးကုသေဆာင္ေတြအတြက္ က်ဴးဘားႏုိင္ငံကေပးတဲ့ေထာက္ပံ့မႈနဲ႔ လူေနမႈစနစ္ဟာ အေျခခံက်ဴးဘားႏုိင္ငံသားတစ္ေယာက္ရဲ႕လူေနမႈေဘာင္ကုိေက်ာ္လြန္တဲ့အတြက္ Los Frikis ပန္႔ခ္အဖြဲ႕ဝင္ေတြဟာ HIV ေရာဂါပုိးေတြကုိ ကုိယ့္ကုိယ့္ကိုယ္ျပန္ထုိးသြင္းၿပီး နာတာရွည္ေဆးကုသမႈခံယူဖုိ႔ကုိ ေတာင္းဆုိလာၾကပါတယ္။

ႏုိင္ငံအနယ္နယ္အရပ္ရပ္က Los Frikis ပန္႔ခ္ေတြဟာ ေရာဂါအကူးစက္ခံၿပီး နာတာရွည္ကုသေဆာင္မွာခုိလႈံလာခဲ့ၾကတဲ့အတြက္ ႏွစ္အနည္းငယ္အၾကာမွာပဲ နာတာရွည္ေဆးကုသေဆာင္ေတြမွာ Los Frikis ပန္႔ခ္ေတြခ်ည္းျပည့္လွ်ံသြားခဲ့ပါတယ္။ ေဂဟာအနီးတဝုိက္ကုိေရာက္လာတာနဲ႔ က်ယ္က်ယ္ေလာင္ေလာင္ဖြင့္ထားတဲ့ ပန္႔ခ္၊ ေရာ့ခ္ဂီတသံေတြၾကားရမယ္၊ ေရာဂါေဆာင္ကလူနာေတြဟာ အဝတ္အစားနဲ႔ခႏၶာကုိယ္ကုိ ကုိယ္ႀကိဳက္သလုိျပင္ဆင္ခြင့္ရွိတယ္၊ ေဂဟာအတြင္းအျပင္ လူေတြနဲ႔မိတ္ဖြဲ႕ဆက္ဆံခြင့္ရွိတယ္၊ အစရွိတဲ့အခြင့္အေရးေတြေအာက္မွာ HIV ေရာဂါပိုးရွိတဲ့ Los Frikis ပန္႔ခ္ေတြဟာ မျပတ္လတ္ေတာ့တဲ့စားနပ္ရိကၡာေတြနဲ႔ ဆယ္စုႏွစ္ႏွစ္စုတုိင္တုိင္ အလုပ္လက္မဲ့အေပ်ာ္ႀကီးေပ်ာ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ Los Frikis ပန္႔ခ္ေတြေပ်ာ္ခဲ့ရတဲ့အေပ်ာ္ဟာလည္း ၾကာရွည္မခံခဲ့ပါဘူး၊ ေရာဂါပုိးကူးစက္ခဲ့ထားရတဲ့သူေတြဟာ အခ်ိန္ေတြကုန္ဆုံးလာတာနဲ႔အမွ်ေရာဂါျပင္းထန္လာမႈေၾကာင့္ အသက္တျဖဳတ္ျဖဳတ္ဆုံး႐ႈံးခဲ့ၾကၿပီး ၂၀၀၆ ခုႏွစ္မွာ နာတာရွည္ေဆးကုသေဆာင္ကုိတရားဝင္ဖ်က္သိမ္းခဲ့ပါတယ္။ ေရာဂါရွိသူေပါင္းမာ်းစြာထဲက အားလုံးနီးပါးအသက္ဆုံး႐ႈံးသြားခဲ့ၾကၿပီး အခုအခ်ိန္မွာေတာ့ AIDS ေရာဂါနဲ႔အသက္ရွင္သန္ေနေသးသူ သုံးေယာက္ပဲက်န္ခဲ့ပါေတာ့တယ္။

အစုိးရကေနၿပီး အသက္ရွင္က်န္ရစ္သူေရာဂါသည္ေတြအတြက္ ျပင္ပေဆးကုသေဆာင္တစ္ခုတည္ေဆာင္ေပးထားတဲ့အတြက္ က်န္ရစ္သူ Los Frikis ပန္႔ခ္သုံးေယာက္ဟာ အဲဒီကေထာက္ပံ့တဲ့ေဆးကုသခြင့္ပ႐ုိဂရမ္ကေန အသက္ဆက္ေနရတာျဖစ္ပါတယ္။ နာတာရွည္ေဆးကုသေဆာင္မွာေထာက္ပံ့မႈခံယူခဲ့တဲ့ က်န္ရစ္သူသုံးေယာက္ကေတာ့ Los Frikis ပန္႔ခ္ လင္မယားႏွစ္ေယာက္ျဖစ္တဲ့ Papo La Bala နဲ႔ Niurka Fuentes, ၂၀၀၆ ခုႏွစ္မွာအေဆာင္ပိတ္သိမ္းၿပီးတာေတာင္ အရင္သတ္မွတ္ေဂဟာနယ္ေျမေဟာင္းအတြင္းမွာပဲ ေနထုိင္ေနဆဲျဖစ္တဲ့ Fikis ပန္႔ခ္ျဖစ္ခဲ့သူ Yoandra Cardoso တုိ႔ပဲျဖစ္ပါတယ္။

‘Los Frikis အဖြဲ႕ဝင္ေဟာင္း AIDS ေရာဂါသည္လင္မယား Papo La Bala နဲ႔ Niurka Fuentes’

‘Los Frikis အဖြဲ႕ဝင္ေဟာင္း AIDS ေရာဂါသည္လင္မယား Papo La Bala နဲ႔ Niurka Fuentes’

၁၉၉၀ ဝန္းက်င္တစ္ဝုိက္က တစ္ကမာၻလုံးကုိထိတ္လန္႔အံ့အားသင့္ေစခဲ့တဲ့ က်ဴးဘားႏုိင္ငံအတြင္းက Los Frikis ပန္႔ခ္အဖြဲ႕ရဲ႕ဆႏၵျပမႈဟာ ယေန႔အခ်ိန္အထိ က်ဴးဘားႏုိင္ငံရဲ႕ေဖ်ာက္ဖ်က္မရတဲ့ သမိုင္းေၾကာင္းတစ္ခုအျဖစ္ေျပာစမွတ္ျဖစ္ေနေတာ့မွာပါ။ ခံယူခ်က္ျပင္းထန္မႈ၊ ခံျပင္းမႈ၊ အစြန္းေရာက္အယူသီးမႈ၊ အသိပညာေခါင္းပါးမႈ၊ ပညာေရးနည္းပါးမႈ၊ စိတ္ဓါတ္နိမ့္က်မႈ အစရွိတဲ့ေခါင္းစဥ္ေတြေအာက္ကေနၾကည့္မယ္ဆုိရင္ေတာ့ ဒီလုပ္ရပ္ဟာစကားလုံးနဲ႔ေဖာ္ျပလုိ႔မရေလာက္ေအာင္ ယုတ္ညံ့တဲ့လုပ္ရပ္ျဖစ္ေပမယ့္ တစ္ဖက္ကေနျပန္ၾကည့္မယ္ဆုိရင္ Los Frikis အဖြဲ႕ရဲ႕စိတ္ဓါတ္ခုိင္မာမႈ၊ ညီညႊတ္စည္းလုံးမႈ၊ ေသတူရွင္မကြဲစိတ္နဲ႔ အဖြဲ႕လိုက္လႈပ္ရွားမႈ၊ ခံယူခ်က္တူသူေတြနဲ႔အတူ ကိုယ့္အသက္ကုိပါေလာင္းေၾကးထပ္ၿပီး အစုလုိက္ဆႏၵျပမႈ အစရွိတဲ့အခ်က္ေတြကုိေတြ႔ျမင္ရမွာျဖစ္ပါတယ္။

‘အဖြဲ႕သားအားလုံး အသက္ဆုံး႐ႈံးသြားတာေတာင္ ေနရာသစ္ကုိမေျပာင္းပဲ ကုသေဆာင္ေျမေနရာေဟာင္းမွာပဲ အခုခ်ိန္ထိေနထုိင္ေနၾကတဲ့ ဇနီးေမာင္ႏွံႏွစ္ဦး’

ဒါဟာခံယူခ်က္တူသူအားလုံး စိတ္တူကုိယ္တူနဲ႔ ယဥ္ေက်းမႈတစ္ရပ္ကုိ အသက္ပါစေတးၿပီးေဖာ္ေဆာင္တဲ့လုပ္ရပ္တစ္ခုျဖစ္သလုိ Los Frikis ပန္႔ခ္ဆုိတဲ့ က်ဴးဘားႏုိင္ငံသားပန္႔ခ္ေတြရဲ႕စိတ္ဓါတ္ျပင္းထန္တဲ့ေတာ္လွန္မႈတစ္ခုလည္းျ ဖစ္တဲ့အတြက္ ကၽြန္ေတာ္ကေတာ့ ေလးစားမိပါတယ္။ စာဖတ္သူအားလုံးကုိဗဟုသုတနဲ႔  သမုိင္းအျဖစ္အပ်က္တစ္ခုကုိသိရွိေစလုိတဲ့အတြက္ အေသအခ်ာေလ့လာၿပီး ျပန္လည္ေရသားျပဳစုတင္ျပလုိက္ရပါတယ္။ Los Frikis ပန္႔ခ္ေတြရဲ႕လူေနမႈစ႐ုိက္ေတြ၊ ပုံပန္းသြင္ျပင္နဲ႔ အသက္ရွင္က်န္ရစ္သူေတြကုိ ၾကည့္႐ႈႏုိင္ေအာင္လုိ႔ ဓါတ္ပုံေတြန႔ဲအတူ ေဖာ္ျပေပးလုိက္ပါတယ္။ ေနာက္ထပ္ၿပီးလည္း အခုလုိစိတ္ဝင္စားဖုိ႔ေကာင္းတဲ့အေၾကာင္းအရာေတြကုိ တင္ဆက္ေပးသြားပါမယ္။ အသက္က်န္ရစ္သူေတြအျပင္ သက္တမး္ကုန္ဆုံးသြားတဲ့ Los Frikis ပန္႔ခ္အဖြဲ႕ဝင္ေတြကုိ ေလးစားေၾကာင္းေျပာရင္း …

www.akhayar.com

Ref: vice, youtube, noisey

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

Cuba နိုင်ငံအတွင်းက ကမ္ဘာ့အရူးသွပ်အပြင်းထန်ဆုံးဆန္ဒပြမှုတစ်ခု

ဟစ်ဟော့ရက်ပ်လောကထဲကနေ ခဏထွက်ပြီး ကမ္ဘာ့တစ်နေရာကသမိုင်းကြောင်းတစ်ခုဆီ ခေါ်သွားဖို့ ဒီစာစောင်ကိုပြုစုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ ခေါင်းစဉ်ကိုဖတ်ပြီး တကယ်တမ်းအကြောင်းအရာကဘာလဲဆိုတာကိုအားလုံးသိချင်နေလောက်ပြီဖြစ်တဲ့အတွက် ထွေထွေထူးထူးမိတ်ဆက်စကားတွေပြောမနေတော့ပဲ ပြောချင်တဲ့အကြောင်းအရာဆီကိုတန်းသွားပါမယ်။

ယေဘုယျအမြင်နဲ့ပြောမယ်ဆိုရင် ပန့်ခ်ရော့ခ် ယုံကြည်ချက်ဆိုတာလူ့အဖွဲ့အစည်းအောက်ဆုံးလှေကားထစ်က ခံယူချက်ကွဲထွက်တဲ့သူတွေရဲ့ မကျေနပ်ချက်၊ သဘောထားကွဲလွဲမှုနဲ့ ကွဲပြားခြားနားချက်တွေကို အစွန်းရောက်တဲ့ပုံစံတွေနဲ့ ထုတ်ဖော်ပြသတဲ့ လူနေမှုပုံစံတစ်ရပ်ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၉၀ ခုနှစ်ဝန်းကျင်တဝိုက် ကျူးဘားနိုင်ငံက လော့စ်ဖရစ်ခစ်စ် (Los Frikis) ပန့်ခ်အဖွဲ့ရဲ့ဟစ်ကြွေးမှုလောက် ဘယ်လိုပန့်ခ်အဖွဲ့အစည်းမျိုးကမှ ပြင်းထန်ခဲ့မှာမဟုတ်ပါဘူး။ နယ်ပယ်အသီးသီးက ယဉ်ကျေးမှုတွေဟာ အချိန်နဲ့အမျှဆိုသလို ကမ္ဘာ့တစ်နေရာနဲ့တစ်နေရာကိုပျံ့နှံ့ကူးပြောင်းလာကြတဲ့အလျောက် ခံယူချက်ပြင်းထန်တဲ့လူအမျိုးအစားတစ်ရပ်ဖြစ်တဲ့ ပန့်ခ်ဆိုတဲ့လူ့အစုအဖွဲ့ဆိုတာလည်း ဆိုရှယ်လစ်စနစ်ကျင့်သုံးတဲ့ ကျူးဘားနိုင်ငံမှာ သိသာထင်ရှားစွာဖြစ်တည်လာခဲ့ပါတယ်။

၁၉၈၀ နဲ့ ၉၀ ဝန်းကျင်ကာလမှာပေါ်ထွန်းလာခဲ့တဲ့ Los Frikis ဆိုတဲ့ပန့်အဖွဲ့နဲ့အတူ ခံယူချက်တူ၊ အယူဝါဒတူပန့်ခ်တွေ များပြားလာခဲ့ပြီး သူတို့ရဲ့ကွဲပြားခြားနားတဲ့ဝတ်စားဆင်ယင်မှု၊ အစွန်းရောက်လုပ်ရပ်တွေနဲ့ စရိုက်ဆန်တဲ့အပြုအမူတွေကြောင့် ပြည်သူလူထုရဲ့နိမ့်ကျတဲ့ထင်မြင်မှုကိုရရှိခဲ့ပါတယ်။

အဲဒီအချိန်မှာပဲကက်စ်ထရိုအစိုးရ (ကျူးဘားနိုင်ငံအစိုးရ) ဟာလည်း တရားဥပဒေစိုးမိုးရေးကိုစစ်အင်အား၊ စစ်မိန့်သုံးပြီး အင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့အလျောက် ကယ်စ်ထရိုဆိုရှယ်စနစ်ရဲ့သမရိုးကျ လူနေမှုပုံစံထဲကနေ ကွဲထွက်နေတဲ့ Los Frikis ပန့်ခ်တွေဟာ အစိုးရရဲ့မျက်စိဒေါက်ထောက်ကြည့်ခြင်းကိုခဲ့ရပြီး ပြစ်မှုစွဲချက်တင်ပြီး ဖမ်းဆီးတာတွေ၊ ထောင်ချတာတွေ၊ စေခိုင်းအလုပ်သမားအဖြစ်သွတ်သွင်းခြင်းတွေကို ခံခဲ့ရပါတယ်။ တရားမမျှတတဲ့ဖိနှိပ်မှုကိုတောက်လျှောက်ခံလာခဲ့ရတဲ့ Los Frikis ပန့်ခ်တွေဟာ အဲဒီလိုလူတန်းစားခွဲခြားဆက်ခံမှုအပေါ်မှာခံပြင်းခဲ့တဲ့အတွက် ကျူးဘားလူ့အဖွဲ့အစည်းကိုတုန်လှုပ်ရိုက်ခတ်သွားစေမယ့် ဆန္ဒပြမှုတစ်ခုကို တညီတညာတည်းဆောင်ရွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒါကတော့ HIV ပိုးကူးစက်ခံထားရတဲ့အခြား Los Frikis ပန့်ခ်အဖွဲ့ဝင်တစ်ယောက်ရဲ့သွေးကိုယူပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ အကြောတွေထဲကိုပြန်လည်ထိုးသွင်းခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ အဲဒီလိုမျိုးအစွန်းရောက်ပြီးပြင်းထန်တဲ့ဆန္ဒပြမှုဟာ လူထုကြားမှာတောမီးလိုပြန့်နှံ့သွားခဲ့တဲ့အတွက် ကျူးဘားနိုင်ငံရဲ့လူ့အဖွဲ့အစည်းအလွှာပေါင်းစုံသာမက ကယ်စ်ထရိုအစိုးရပါ တုန်လှုပ်သွားခဲ့ရပြီး အဲဒီအခြေအနေကိုထိန်းချူပ်ဖို့အတွက် နည်းလမ်းတစ်ရပ်ကို အချိန်တိုအတွင်းလျင်မြန်စွာ ချမှတ်ခဲ့ရပါတယ်။

ကျူးဘားနိုင်ငံရဲ့ဘဏ္ဍာရေးနဲ့ နိုင်ငံရေးဆိုင်ရာအချင်းအရာတွေမှာ ဆိုဗီယက်ယူနီယံက နှစ်ပေါင်းများစွာ ထောက်ပံ့မှုတွေပြုလုပ်ပေးခဲ့ပေမယ့် ၁၉၈၀ ဝန်းကျင်နောက်ပိုင်းမှာ မဟာမိတ်ဆက်ဆံရေးပြောင်းလဲသွားတဲ့အတွက် ထောက်ပံ့မှုတွေပြတ်တောက်သွားခဲ့ပါတယ်။ ရုတ်ချည်းပြောင်းလဲလာတဲ့အခြေအနေအရပ်ရပ်ကို အလျင်အမြန်ထိန်းချူပ်ဖို့ ကယ်စ်ထရိုအစိုးရအနေနဲ့ အထူးစီမံချက်တစ်ခုချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ ရောဂါပိုးရှိသူ၊ ကူးစက်ခံရသူတွေအတွက် နေရပ်ထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ဆေးဝါးတို့ကို အပြည့်အဝပံ့ပိုးပေးတဲ့ နာတာရှည်ရောဂါဌာနတွေကို တည်ဆောက်ဖို့ဆုံးဖြတ်လိုက်ခြင်းပဲဖြစ်ပါတယ်။

နိုင်ငံထဲမှာကိန်းအောင်းနေတဲ့ပဋိပက္ခတွေဟာ ထိတ်လန့်ဖွယ်သတင်းတွေအဖြစ် ကမ္ဘာကိုပျံ့နှံ့သွားပြီး AIDS ရောဂါကပ်ဘေးကြီးဟာ ကျူးဘားနိုင်ငံမှာတဖြည်းဖြည်းကြီးထွားလို့လာပြီဆိုတာကို ကမ္ဘာ့နိုင်ငံအသီးသီးက အာရုံစိုက်လာခဲ့ပါတယ်။ တကယ်တော့ကျူးဘားနိုင်ငံဟာ ကမ္ဘာပေါ်မှာ AIDS ရောဂါဖြစ်ပွားမှုအနည်းဆုံး တစ်နိုင်ငံလုံးလူဦးရေ ဝ.၇ ရာခိုင်နှုန်းနဲ့ ဂုဏ်ယူဝင့်ကြွားစွာရပ်တည်နေတဲ့နိုင်ငံဖြစ်တဲ့အပြင် HIV ပိုးရှိသူမိခင်မီးဖွားမှုမှာတောင် မွေးလာတဲ့ရင်သွေးကိုရောဂါပိုးမကူးစက်အောင် ကာကွယ်နိုင်ခဲ့တဲ့ပထမဦးဆုံးနိုင်ငံလည်းဖြစ်တဲ့အတွက် ၁၉၈၉ ခုနှစ်မှာကယ်စ်ထရိုအစိုးရဟာ အဲဒီကိစ္စရပ်နဲ့ပတ်သက်တဲ့လုပ်ပိုင်ခွင့်ကို ကျူးဘားကျန်းမာရေးဝန်ကြီးဌာနကိုတာဝန်လွှဲပြောင်းပေးခဲ့ပါတယ်။

အဖက်ဖက်ကလာတဲ့ဖိအားတွေကြောင့် လုပ်ပိုင်ခွင့်ရှိသူအကြီးအကဲတွေဟာ အဲဒီလိုနာတာရှည်ဆေးကုသဆောင်တွေကို သတ်မှတ်နယ်မြေဂေဟာတွေအဖြစ်သတ်မှတ်ပြီး ရောဂါကူးစက်ခံရသူတွေအတွက် ပြီးပြည့်စုံတဲ့စားနပ်ရိက္ခာ၊ လျှံပယ်တဲ့ဆေးဝါးအသုံးအဆောင်တွေနဲ့ ကျန်းမာရေးဂရုစိုက်မှုတွေကို အစဉ်မပြတ်ရအောင် လုပ်ဆောင်လာပါတော့တယ်။ ဒါတင်မကသေးဘဲ လိင်ပိုင်းကိစ္စဆောင်ရွက်နိုင်စွမ်းရှိသေးတဲ့ နိုင်ငံသားပေါင်း ၈၀ ရာနိုင်နှုန်းကို HIV ပိုးရှိမရှိစမ်းသပ်ပြီး သတ်မှတ်ဂေဟာကိုပို့ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက နာတာရှည်ဆေးကုသဆောင်တွေအတွက် ကျူးဘားနိုင်ငံကပေးတဲ့ထောက်ပံ့မှုနဲ့ လူနေမှုစနစ်ဟာ အခြေခံကျူးဘားနိုင်ငံသားတစ်ယောက်ရဲ့လူနေမှုဘောင်ကိုကျော်လွန်တဲ့အတွက် Los Frikis ပန့်ခ်အဖွဲ့ဝင်တွေဟာ HIV ရောဂါပိုးတွေကို ကိုယ့်ကိုယ့်ကိုယ်ပြန်ထိုးသွင်းပြီး နာတာရှည်ဆေးကုသမှုခံယူဖို့ကို တောင်းဆိုလာကြပါတယ်။

နိုင်ငံအနယ်နယ်အရပ်ရပ်က Los Frikis ပန့်ခ်တွေဟာ ရောဂါအကူးစက်ခံပြီး နာတာရှည်ကုသဆောင်မှာခိုလှုံလာခဲ့ကြတဲ့အတွက် နှစ်အနည်းငယ်အကြာမှာပဲ နာတာရှည်ဆေးကုသဆောင်တွေမှာ Los Frikis ပန့်ခ်တွေချည်းပြည့်လျှံသွားခဲ့ပါတယ်။ ဂေဟာအနီးတဝိုက်ကိုရောက်လာတာနဲ့ ကျယ်ကျယ်လောင်လောင်ဖွင့်ထားတဲ့ ပန့်ခ်၊ ရော့ခ်ဂီတသံတွေကြားရမယ်၊ ရောဂါဆောင်ကလူနာတွေဟာ အဝတ်အစားနဲ့ခန္ဓာကိုယ်ကို ကိုယ်ကြိုက်သလိုပြင်ဆင်ခွင့်ရှိတယ်၊ ဂေဟာအတွင်းအပြင် လူတွေနဲ့မိတ်ဖွဲ့ဆက်ဆံခွင့်ရှိတယ်၊ အစရှိတဲ့အခွင့်အရေးတွေအောက်မှာ HIV ရောဂါပိုးရှိတဲ့ Los Frikis ပန့်ခ်တွေဟာ မပြတ်လတ်တော့တဲ့စားနပ်ရိက္ခာတွေနဲ့ ဆယ်စုနှစ်နှစ်စုတိုင်တိုင် အလုပ်လက်မဲ့အပျော်ကြီးပျော်ခဲ့ကြပါတယ်။

ဒါပေမယ့် Los Frikis ပန့်ခ်တွေပျော်ခဲ့ရတဲ့အပျော်ဟာလည်း ကြာရှည်မခံခဲ့ပါဘူး၊ ရောဂါပိုးကူးစက်ခဲ့ထားရတဲ့သူတွေဟာ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှရောဂါပြင်းထန်လာမှုကြောင့် အသက်တဖြုတ်ဖြုတ်ဆုံးရှုံးခဲ့ကြပြီး ၂၀၀၆ ခုနှစ်မှာ နာတာရှည်ဆေးကုသဆောင်ကိုတရားဝင်ဖျက်သိမ်းခဲ့ပါတယ်။ ရောဂါရှိသူပေါင်းမာျးစွာထဲက အားလုံးနီးပါးအသက်ဆုံးရှုံးသွားခဲ့ကြပြီး အခုအချိန်မှာတော့ AIDS ရောဂါနဲ့အသက်ရှင်သန်နေသေးသူ သုံးယောက်ပဲကျန်ခဲ့ပါတော့တယ်။

အစိုးရကနေပြီး အသက်ရှင်ကျန်ရစ်သူရောဂါသည်တွေအတွက် ပြင်ပဆေးကုသဆောင်တစ်ခုတည်ဆောင်ပေးထားတဲ့အတွက် ကျန်ရစ်သူ Los Frikis ပန့်ခ်သုံးယောက်ဟာ အဲဒီကထောက်ပံ့တဲ့ဆေးကုသခွင့်ပရိုဂရမ်ကနေ အသက်ဆက်နေရတာဖြစ်ပါတယ်။ နာတာရှည်ဆေးကုသဆောင်မှာထောက်ပံ့မှုခံယူခဲ့တဲ့ ကျန်ရစ်သူသုံးယောက်ကတော့ Los Frikis ပန့်ခ် လင်မယားနှစ်ယောက်ဖြစ်တဲ့ Papo La Bala နဲ့ Niurka Fuentes, ၂၀၀၆ ခုနှစ်မှာအဆောင်ပိတ်သိမ်းပြီးတာတောင် အရင်သတ်မှတ်ဂေဟာနယ်မြေဟောင်းအတွင်းမှာပဲ နေထိုင်နေဆဲဖြစ်တဲ့ Los Frikis ပန့်ခ်ဖြစ်ခဲ့သူ Yoandra Cardoso တို့ပဲဖြစ်ပါတယ်။

‘Los Frikis အဖွဲ့ဝင်ဟောင်း AIDS ရောဂါသည်လင်မယား Papo La Bala နဲ့ Niurka Fuentes’

‘Los Frikis အဖွဲ့ဝင်ဟောင်း AIDS ရောဂါသည်လင်မယား Papo La Bala နဲ့ Niurka Fuentes’

၁၉၉၀ ဝန်းကျင်တစ်ဝိုက်က တစ်ကမ္ဘာလုံးကိုထိတ်လန့်အံ့အားသင့်စေခဲ့တဲ့ ကျူးဘားနိုင်ငံအတွင်းက Los Frikis ပန့်ခ်အဖွဲ့ရဲ့ဆန္ဒပြမှုဟာ ယနေ့အချိန်အထိ ကျူးဘားနိုင်ငံရဲ့ဖျောက်ဖျက်မရတဲ့ သမိုင်းကြောင်းတစ်ခုအဖြစ်ပြောစမှတ်ဖြစ်နေတော့မှာပါ။ ခံယူချက်ပြင်းထန်မှု၊ ခံပြင်းမှု၊ အစွန်းရောက်အယူသီးမှု၊ အသိပညာခေါင်းပါးမှု၊ ပညာရေးနည်းပါးမှု၊ စိတ်ဓါတ်နိမ့်ကျမှု အစရှိတဲ့ခေါင်းစဉ်တွေအောက်ကနေကြည့်မယ်ဆိုရင်တော့ ဒီလုပ်ရပ်ဟာစကားလုံးနဲ့ဖော်ပြလို့မရလောက်အောင် ယုတ်ညံ့တဲ့လုပ်ရပ်ဖြစ်ပေမယ့် တစ်ဖက်ကနေပြန်ကြည့်မယ်ဆိုရင် Los Frikis အဖွဲ့ရဲ့စိတ်ဓါတ်ခိုင်မာမှု၊ ညီညွှတ်စည်းလုံးမှု၊ သေတူရှင်မကွဲစိတ်နဲ့ အဖွဲ့လိုက်လှုပ်ရှားမှု၊ ခံယူချက်တူသူတွေနဲ့အတူ ကိုယ့်အသက်ကိုပါလောင်းကြေးထပ်ပြီး အစုလိုက်ဆန္ဒပြမှု အစရှိတဲ့အချက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

‘အဖွဲ့သားအားလုံး အသက်ဆုံးရှုံးသွားတာတောင် နေရာသစ်ကိုမပြောင်းပဲ ကုသဆောင်မြေနေရာဟောင်းမှာပဲ အခုချိန်ထိနေထိုင်နေကြတဲ့ ဇနီးမောင်နှံနှစ်ဦး’

ဒါဟာခံယူချက်တူသူအားလုံး စိတ်တူကိုယ်တူနဲ့ ယဉ်ကျေးမှုတစ်ရပ်ကို အသက်ပါစတေးပြီးဖော်ဆောင်တဲ့လုပ်ရပ်တစ်ခုဖြစ်သလို Los Frikis ပန့်ခ်ဆိုတဲ့ ကျူးဘားနိုင်ငံသားပန့်ခ်တွေရဲ့စိတ်ဓါတ်ပြင်းထန်တဲ့တော်လှန်မှုတစ်ခုလည်းြ ဖစ်တဲ့အတွက် ကျွန်တော်ကတော့ လေးစားမိပါတယ်။ စာဖတ်သူအားလုံးကိုဗဟုသုတနဲ့  သမိုင်းအဖြစ်အပျက်တစ်ခုကိုသိရှိစေလိုတဲ့အတွက် အသေအချာလေ့လာပြီး ပြန်လည်ရေသားပြုစုတင်ပြလိုက်ရပါတယ်။ Los Frikis ပန့်ခ်တွေရဲ့လူနေမှုစရိုက်တွေ၊ ပုံပန်းသွင်ပြင်နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကြည့်ရှုနိုင်အောင်လို့ ဓါတ်ပုံတွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။ နောက်ထပ်ပြီးလည်း အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားပါမယ်။ အသက်ကျန်ရစ်သူတွေအပြင် သက်တမ်းကုန်ဆုံးသွားတဲ့ Los Frikis ပန့်ခ်အဖွဲ့ဝင်တွေကို လေးစားကြောင်းပြောရင်း …

www.akhayar.com

Ref: vice, youtube, noisey