[Zawgyi]

မထင္မွတ္တဲ့ ရလဒ္ေတြ ထြက္ေပၚခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြစဥ္(၂) အဂၤါေန႔ပဲြစဥ္မ်ား

ခ်န္ပီယံလိဂ္ပဲြစဥ္(၂) အဂၤါေန႔ပဲြေတြမွာေတာ့ မထင္မွတ္တဲ့ ရလဒ္ေတြ ထြက္ေပၚခဲ့တယ္။ ခ်န္ပီယံလိဂ္ဖလားကို (၃)ႏွစ္ဆက္တိုက္ ရယူခဲ့တဲ့ လက္ရွိခ်န္ပီယံ ရီးယဲလ္အသင္းဟာ CSKA ေမာ္စကုိအသင္းကုိ အေ၀းကြင္းမွာ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ၿပီး ဘုိင္ယန္၊ မန္ယူအသင္းေတြလည္း အိမ္ကြင္းမွာ ႏိုင္ပဲြေပ်ာက္ခဲ့တယ္။ တျခားထိပ္သီးအသင္းေတြျဖစ္တဲ့ ဂ်ဴဗင္တပ္စ္၊ မန္စီးတီး၊ ႐ုိးမားအသင္းေတြကေတာ့ ႏုိင္ပဲြကုိယ္စီ ရယူခ့ဲၾကပါတယ္။

CSKA-Moscow-Player-Celebrate

CSKA-Moscow-Player-Celebrate

CSKA ေမာ္စကုိနဲ႔ ရီးယဲလ္အသင္းတို႔ပဲြမွာ ရီးယဲလ္အသငး္ဟာ ပဲြစၿပီး မိနစ္ပုိင္းမွာ ေပးခဲ့ရတဲ့ ဂုိးကုိ ျပန္ ေခ်ပႏုိင္ျခင္းမရွိဘဲ (၁-၀)ဂုိးနဲ႔ အ႐ံႈးေပးခဲ့ရတယ္။ ရီးယဲလ္အသင္းဟာ အိမ္ရွင္အသင္းကုိ ေဘာလုံးပုိင္ဆုိင္မႈ အသာ၊ ဂုိးကန္သြငး္မႈအသာနဲ႔ ကစားႏုိင္ခဲ့ေပမယ့္ ပဲြအစ(၂)မိနစ္မွာ CSKA ေမာ္စကုိ ကစားသမား ဗလာဆစ္ Vlašić ရဲ႕ ဂုိးေၾကာင့္ မထင္မွတ္ဘဲ ႐ႈံးနိမ့္ခဲ့တာပါ။ ဒီပဲြမွာ ဂုိးမသြင္းႏုိင္ခဲ့တ့ဲအတြက္ ၂၀၀၆-၀၇ ေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ ရီးယဲလ္တို႔ (၃)ပဲြဆက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ မွတ္တမ္းကုိ ျပန္ပုိင္ဆုိင္ခဲ့ရတယ္။ ဘုိင္ယန္ျမဴးနစ္အသင္းကလည္း အိမ္ကြင္းမွာ ေအဂ်က္စ္အသင္းကုိ အႏုိင္မကစားႏုိင္ခဲ့ဘဲ ပဲြအစ(၄)မိနစ္မွာ ဟမ္းမဲလ္ Hummels ရဲ႕ ဂုိးနဲ ဦးေဆာင္ခဲ့ေပမယ့္ ေအဂ်က္စ္အသင္းက Mazraoui က ေခ်ပဂုိးျပန္သြင္းခဲ့လုိ႔ (၁)ဂုိးစီသေရက်ခဲ့တယ္။ ရလဒ္ေတြဆုိးရြားေနတ့ဲ မန္ယူအသင္းကလည္း အိမ္ကြင္းမွာ ဗလင္စီယာ အသာမရခဲ့ဘဲ ဂုိးမရွိသေရက်ခ့ဲပါတယ။ မန္ယူအသင္းရဲ႕ ကစားပုံက အမွားမ်ားေနဆဲျဖစ္ၿပီး ဂုိးသြင္းခြင့္ေတြကုိလည္း အသုံးမခ်ႏုိင္ခဲ့ပါဘူး။

Alexis-Sanchez

Alexis-Sanchez

ခ်န္ပီယံလိဂ္ပဲြစဥ္(၂) အဂၤါေန႔ ရလဒ္မ်ား
AEK Athens 2 – 3 Benfica
Bayern Munich 1 – 1 Ajax
Hoffenheim 1 – 2 Manchester City
Lyon 2 – 2 Shakhtar Donetsk
CSKA Moscow 1 – 0 Real Madrid
Roma 5 – 0 Viktoria Plzen
Juventus 3 – 0 Young Boys
Manchester United 0 – 0 Valencia

Photo:Manchester United Twitter,Real Madrid Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၂) အင်္ဂါနေ့ပွဲစဉ်များ

ချန်ပီယံလိဂ်ပွဲစဉ်(၂) အင်္ဂါနေ့ပွဲတွေမှာတော့ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်။ ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက် ရယူခဲ့တဲ့ လက်ရှိချန်ပီယံ ရီးယဲလ်အသင်းဟာ CSKA မော်စကိုအသင်းကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘိုင်ယန်၊ မန်ယူအသင်းတွေလည်း အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့တယ်။ တခြားထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ မန်စီးတီး၊ ရိုးမားအသင်းတွေကတော့ နိုင်ပွဲကိုယ်စီ ရယူခဲ့ကြပါတယ်။

CSKA-Moscow-Player-Celebrate

CSKA-Moscow-Player-Celebrate

CSKA မော်စကိုနဲ့ ရီးယဲလ်အသင်းတို့ပွဲမှာ ရီးယဲလ်အသင်းဟာ ပွဲစပြီး မိနစ်ပိုင်းမှာ ပေးခဲ့ရတဲ့ ဂိုးကို ပြန် ချေပနိုင်ခြင်းမရှိဘဲ (၁-ဝ)ဂိုးနဲ့ အရှုံးပေးခဲ့ရတယ်။ ရီးယဲလ်အသင်းဟာ အိမ်ရှင်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းမှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပွဲအစ(၂)မိနစ်မှာ CSKA မော်စကို ကစားသမား ဗလာဆစ် Vlašić ရဲ့ ဂိုးကြောင့် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ၂၀၀၆-၀၇ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် ရီးယဲလ်တို့ (၃)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ မှတ်တမ်းကို ပြန်ပိုင်ဆိုင်ခဲ့ရတယ်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း အိမ်ကွင်းမှာ အေဂျက်စ်အသင်းကို အနိုင်မကစားနိုင်ခဲ့ဘဲ ပွဲအစ(၄)မိနစ်မှာ ဟမ်းမဲလ် Hummels ရဲ့ ဂိုးနဲ ဦးဆောင်ခဲ့ပေမယ့် အေဂျက်စ်အသင်းက Mazraoui က ချေပဂိုးပြန်သွင်းခဲ့လို့ (၁)ဂိုးစီသရေကျခဲ့တယ်။ ရလဒ်တွေဆိုးရွားနေတဲ့ မန်ယူအသင်းကလည်း အိမ်ကွင်းမှာ ဗလင်စီယာ အသာမရခဲ့ဘဲ ဂိုးမရှိသရေကျခဲ့ပါတယ။ မန်ယူအသင်းရဲ့ ကစားပုံက အမှားများနေဆဲဖြစ်ပြီး ဂိုးသွင်းခွင့်တွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။

Alexis-Sanchez

Alexis-Sanchez

ချန်ပီယံလိဂ်ပွဲစဉ်(၂) အင်္ဂါနေ့ ရလဒ်များ
AEK Athens 2 – 3 Benfica
Bayern Munich 1 – 1 Ajax
Hoffenheim 1 – 2 Manchester City
Lyon 2 – 2 Shakhtar Donetsk
CSKA Moscow 1 – 0 Real Madrid
Roma 5 – 0 Viktoria Plzen
Juventus 3 – 0 Young Boys
Manchester United 0 – 0 Valencia

Photo:Manchester United Twitter,Real Madrid Twitter
Naing Linn(Akhayar)
www.akhayar.com