ကျနော်တို့ Computer Graphics နည်းပညာမှာ ခေတ်စားနေတဲ့ Ray Tracing ကို နှစ်သက်နေပြီထင်ပါတယ်။ အဲ့ဒါကဘာလဲဆိုရင် လက်တွေ့နဲ့ အနီးစပ်ဆုံး (Real Time) Light Reflection နည်းပညာကို ရုပ်ရှင်ကြည့်နေရသလို ခံစားနိုင်ပြီဖြစ်တဲ့အတွက် ဂိမ်းရုပ်ထွက်ဟာလည်း အပြင်မှာတိုင်း သဘာဝကျနေပြီဖြစ်ပါတယ်။ (Ray Tracing မသိသေးသူအတွက် ပုံနဲ့တကွဖော်ပြထားပါတယ်)

V1 Rocket ကျလို့ ပြတင်းပေါက်မှာ Light Reflection ထင်တာပေါ်လွင်နေတယ်

ဒီ Ray Tracing ဆိုတာကို အရင်ဆုံး ပုံဖော်သွားသူကတော့ Nvidia ပါပဲ။

Churchchill ပစ်လိုက်တာ လင်းထိန်သွားတာပဲ

Developer “DICE” နဲ့ Battlefield V Demo မှာ ပထမဆုံး အသက်သွင်းခဲ့ပြီး မြင်ရသူမှန်သမျှ ပါးစပ်ဟောင်းလောင်းဖြစ်ခဲ့ရတာအမှန်ပါ။

မီးရောင်က တင့်ကားပေါ် အလင်းပြန်နေတယ်

ဒါပေမယ့် ကြေကွဲစရာကောင်းတာက Ray Tracing ကို AMD ကတ်နဲ့ သွားဆော့လို့မရတာပါ။ Tomb Raider ထွက်တုန်းကလို TressFX Feature ကို Nividia ကတ်နဲ့သွားသုံးရင် fps (frame per Second) မတရားကျပြီး ကစားလို့ Smooth မဖြစ်သလိုပါပဲ။

AMD TressFX (Tomb Raider 2013)

ကျနော်ဆိုလိုချင်တာ သွားနေတဲ့လမ်းချင်းမတူတဲ့ Nvidia နဲ့ AMD အဖို့ ကိုယ့် Graphics Card ပိုကောင်းအောင် HairWorks ၊ StressFX (AMD) နဲ့ အခု Ray Tracing စသဖြင့်ထည့်ကြမယ်။ အဲ့လိုလုပ်မလည်း ပိုစားရမှာကိုး။ ဒါပေမယ့် ဒီလမ်းစဉ်မျိုး သွားရတာ Developer ကြီး CryTek ကျေနပ်ပုံမရပါဘူး။

Nvidia HairWorks (Rise of Tomb Raider)

အခုပြလိုက်တဲ့ Neon Noir Demo ထဲမှာဆိုရင် AMD ကတ်တွေနဲ့ Ray Tracing သုံးနိုင်ပါပြီ။

CryTek Demo မှာကျည်ခွံ Reflection ကရေပေါ်ထင်နေတယ်

ပုံထဲကအတိုင်း Light Reflection နည်းပညာ Radeon ကတ်တွေနဲ့ ဘယ်လောက် အလုပ်လုပ်နိုင်သလဲ မြင်နိုင်ပါတယ်။

ဒီလိုပဲ

CryTek အဆိုရ 4K Resolution မှာ 30fps နဲ့ဖြော်ပနိုင်ပြီး AMD Vega နဲ့ Run ထားတဲ့ Demo Play လည်းဖြစ်ပါတယ်။

အလင်း၊ အမှောင်လိုက် Ray Tracing Effect တွေကောင်းမွန်နေတယ်

ဒီတော့ ကျနော်တို့ ဆွေးနွေးစရာကျန်မှာက Hardware-based နဲ့ Software-based ဘယ်ဟာ ပိုကောင်းမလဲ? RTX ကတ်တွေလည်း Ray Tracing ဖွင့်ကစားရင် 4K မှာ 60fps ရဖို့မလွယ်ပါဘူး။

Software နဲ့တောင် အထင်ကြီးစရာ

ဒါပေမယ့် DLSS (Deep Learning Super Sampling) လို A.I နည်းပညာပါတဲ့အတွက် Turing ကတ်တွေ ပိုကောင်းမယ်လို့ ကျနော်တွေးမိပါတယ်။

မျက်လုံးထဲက မီးလျံလေး

CryTek ဆိုတာလည်း AMD Optimized ဂိမ်း Engine ထုတ်နေတဲ့ Developer ဆိုတော့ ခေတ်စားနေတဲ့ Ray Tracing ကို Software နဲ့ ရအောင် Render ချပြထားသလိုပါပဲ။ ဘယ်လိုပဲပြောပြော အထင်ကြီးစရာမလို့ တကယ်ယှဉ်တဲ့အခါ Real Time Performance ကို ဘယ်သူပိုထုတ်နိုင်မလဲ ကျနော်တို့ဆက်စောင့်ကြည့်တာပေါ့။ CryEngine 5.5 ရဲ့ Demo ကိုအောက်မှာလေ့လာနိုင်ပါတယ်။

Related Topic: Nvidia ရဲ့ Ray Tracing ဆိုတာဘာလဲ
Credit: Isaiah Mayersen (TechSpot)
2B (Akhayar)