[Zawgyi]



Roy-Hodgson

Roy-Hodgson


REF: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ ရွိုင်းဟော့ဆန် Roy Hodgson

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ နည်းပြ ရွိုင်းဟော့ဆန် Roy Hodgson တို့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ နည်းပြ ရွိုင်းဟော့ဆန် Roy Hodgson တို့ဟာ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြတာပါ။ စာချုပ်သစ်အရ နည်းပြ ရွိုင်းဟော့ဆန် Roy Hodgson ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ၂၀၂၀ ထိဆက်ရှိနေတော့ မှာဖြစ်ပါတယ်။

Roy-Hodgson

Roy-Hodgson

အသက်(၇၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဝါရင့်နည်းပြ ရွိုင်းဟော့ဆန် Roy Hodgson ဟာ သူ့ရဲ့နည်းပြဘဝမှာ အသင်းပေါင်းများစွာကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ ရွိုင်းဟော့ဆန် Roy Hodgson ဟာ ခရစ္စတယ်ပဲလေ့စ်အသင်း ကို ၂၀၁၇ စက်တင်ဘာလ က စတင်တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီက ရွိုင်းဟော့ဆန် Roy Hodgson ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပရီးမီးယားလိဂ်မှာအဆင့်(၁၁) နေရာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နည်းပြ ရွိုင်းဟော့ဆန် Roy Hodgson ရဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီနေ့(စနေည) ၈ နာရီ မိနစ် ၃၀ အချိန်မှာ ၂၀၁၈ – ၂၀၁၉ ပရီးမီးယားလိဂ် ပွဲစဉ်(၁)ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။

REF: BBC Sport
Photo: Melody Travers , The Independent
Ko Kyue(Akhayar)
www.akhayar.com