[Zawgyi]

ပဲေလ႔စ္ကို အမွားအယြင္းမရိွအႏိုင္ယူခဲ႔တဲ႔ လီဗာပူးလ္

ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ႔ အသင္းျဖစ္ေနျပီဆိုတာကို လီဗာပူးလ္အသင္းဟာ သက္ေသျပခဲ႔တဲ႔ပြဲလို႔ဆိုရမွာပါ။ ခရစၥတယ္ပဲေလ႔စ္အသင္းဟာ အိမ္ကြင္းမွာမထင္မွတ္တာေတြ လုပ္ျပမလားဆိုျပီး ေစာင္႔ၾကည္႔ခဲ႔ၾကေပမယ္႔ တကယ္႔လက္ေတြ႕မွာေတာ႔ လီဗာပူးလ္ကပဲ ရလဒ္ေကာင္းရယူခဲ႔ပါတယ္။

Mané

Mané

ပြဲအစပိုင္းထဲက လီဗာပူးလ္ဟာ ခရစၥတယ္ပဲေလ႔စ္အသင္းကို ဖိအားေပးကစားခဲ႔ပါတယ္။ ဒါေပမဲ႔ လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္ဆင္မႈေတြဟာ ထင္သေလာက္ထိေရာက္ခဲ႔ျခင္းမရိွခဲ႔ပဲ အပ်က္မ်ားေနခဲ႔ပါတယ္။ လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္ပိုင္းကိုေတာ႔ ဆာလာ Salah ကပဲအဓိက ဦးေဆာင္ကစားခဲ႔တာပါ။ ပြဲခ်ိန္(၄၄)မိနစ္မွာေတာ႔ လီဗာပူးလ္အသင္းဟာ ပယ္နယ္တီကန္ခြင္႔ရရိွခဲ႔ျပီး ဆာလာ Salah ရဲ႕ထိုးေဖာက္မႈကို ခရစၥတယ္ပဲေလ႔စ္ေနာက္ခံလူ ဆာခို Sakho တားဆီးခဲ႔တာကေန ရရိွခဲ႔တာပါ။ ရရိွခဲ႔တဲ႔ ပင္နယ္တီကို မီလ္နာ Milner ဟာ ကန္သြင္းယူခဲ႔ျပီး အသင္းအတြက္ဦးေဆာင္ဂိုးသြင္းယူေပးခဲ႔ပါတယ္။ ဒုတိယပိုင္းမွာလည္း လီဗာပူးလ္အသင္းကပဲ ဖိကစားခဲ႔ေပမယ္႔ တိုက္စစ္ဆင္မႈေတြကေတာ႔ လြဲေခ်ာ္ေနခဲ႔ပါတယ္။ ပြဲခ်ိန္(၇၅)မိနစ္မွာေတာ႔ ခရစၥတယ္ပဲေလ႔စ္ကစားသမား ဘစ္ဆာကာ Bissaka အနီကတ္ျပထုတ္ပယ္ခံခဲ႔ရပါတယ္။ ပြဲခ်ိန္(၉၃)မိနစ္မွာေတာ႔ မာေန Mané ဟာခရစၥတယ္ပဲေလ႔စ္ ခံစစ္ကိုထိုးေဖာက္ခဲ႔ျပီး ဂိုးသမားကိုပါ ေက်ာ္ျဖတ္ကာ အသင္းအတြက္ ဒုတိယဂိုးကိုသြင္းယူေပးခဲ႔ပါတယ္။ ပြဲအျပီးမွာေတာ႔ လီဗာပူးလ္အသင္းဟာ ခရစၥတယ္ပဲေလ႔စ္အသင္းကို(၀ – ၂ )နဲ႔အႏိုင္ရရိွခဲ႔ပါတယ္။

Photo: Liverpool Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပဲလေ့စ်ကို အမှားအယွင်းမရှိအနိုင်ယူခဲ့တဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်နေပြီဆိုတာကို လီဗာပူးလ်အသင်းဟာ သက်သေပြခဲ့တဲ့ပွဲလို့ဆိုရမှာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အိမ်ကွင်းမှာမထင်မှတ်တာတွေ လုပ်ပြမလားဆိုပြီး စောင့်ကြည့်ခဲ့ကြပေမယ့် တကယ့်လက်တွေ့မှာတော့ လီဗာပူးလ်ကပဲ ရလဒ်ကောင်းရယူခဲ့ပါတယ်။

Mané

Mané

ပွဲအစပိုင်းထဲက လီဗာပူးလ်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ဖိအားပေးကစားခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ ထင်သလောက်ထိရောက်ခဲ့ခြင်းမရှိခဲ့ပဲ အပျက်များနေခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းကိုတော့ ဆာလာ Salah ကပဲအဓိက ဦးဆောင်ကစားခဲ့တာပါ။ ပွဲချိန်(၄၄)မိနစ်မှာတော့ လီဗာပူးလ်အသင်းဟာ ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဆာလာ Salah ရဲ့ထိုးဖောက်မှုကို ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဆာခို Sakho တားဆီးခဲ့တာကနေ ရရှိခဲ့တာပါ။ ရရှိခဲ့တဲ့ ပင်နယ်တီကို မီလ်နာ Milner ဟာ ကန်သွင်းယူခဲ့ပြီး အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်အသင်းကပဲ ဖိကစားခဲ့ပေမယ့် တိုက်စစ်ဆင်မှုတွေကတော့ လွဲချော်နေခဲ့ပါတယ်။ ပွဲချိန်(၇၅)မိနစ်မှာတော့ ခရစ္စတယ်ပဲလေ့စ်ကစားသမား ဘစ်ဆာကာ Bissaka အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲချိန်(၉၃)မိနစ်မှာတော့ မာနေ Mané ဟာခရစ္စတယ်ပဲလေ့စ် ခံစစ်ကိုထိုးဖောက်ခဲ့ပြီး ဂိုးသမားကိုပါ ကျော်ဖြတ်ကာ အသင်းအတွက် ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို(၀ – ၂ )နဲ့အနိုင်ရရှိခဲ့ပါတယ်။

Photo: Liverpool Twitter
Ko Kyue(Akhayar)
www.akhayar.com