[Zawgyi]

ေသဆုံးေနေသာၾကယ္မင္း ဒါမွမဟုတ္ ေပ်ာက္ကြယ္သြားေတာ့မယ့္ Cryptocurrency

အခုခ်ိန္ Cryptocurrecny လို႔ ေျပာလိုက္တာနဲ႔ Digital Money ကို Bitcoin နဲ႔ဝယ္ ၊ အြန္လိုင္းမွာ ျပန္ေရာင္းတဲ့ “ငါသာမင္းေလာင္း၊ ထီးျဖဴေဆာင္းတဲ့ေခတ္” ကုန္ဆုံးသြားခဲ့ပါျပီ။ သူ႔ဘာသူ $20,000 အထိ တန္ေၾကးျမင့္၊ အခ်ိန္ေကာင္းပိုင္ဆိုင္ခဲ့တယ္ဆုိမယ့္ ေသဆုံးေနတဲ့ ၾကယ္တစ္စင္းလို အေရာင္တဖိတ္ဖိတ္ မေတာက္ပနိုင္ေတာ့ဘဲ ၂၀၁၈ ထဲမွာပဲ ကြယ္ေပ်ာက္သြားရေတာ့မွာပါ။

Cryto-mining

ဘာလို႔လဲ? Crypto လႈိင္းလုံးၾကီး ရိုက္ခတ္လာတဲ့ ၂၀၁၇ ႏွစ္ကုန္ပိုင္းမွာ သူေဌးေတြျဖစ္ကုန္က်တယ္၊ အဆိုေတာ္၊ ရုပ္ရွင္သရုပ္ေဆာင္ေတြကအစ Bitcon တန္ေၾကးတက္လာလို႔ သူတို႔ပိုင္ဆိုင္တာေတြ ေစ်းေျမာက္ကုန္တယ္၊ အထူးသျဖင့္ Cryptocurrency ေလာကမွာ Bitcoin နဲ႔ ဘီလ်ံနာျဖစ္လာတဲ့ သူေဌးအမႊာ Winklevoss Twins တို႔က စံျပျဖစ္ေနလို႔ ခ်မ္းသာခ်င္တာမဆန္းပါဘူး။

Winklevoss Twins

Winklevoss အမႊာ မခ်မ္းသာခင္တုန္းက Professional ေလွေလွာ္အားကစားအျဖစ္နဲ႔ အသက္ေမြးခဲ့ၾကတယ္၊ အိုလံပစ္ျပိဳင္ပြဲေတြမွာ ဆုတံဆိပ္ရတဲ့အထိ ထူးခြ်န္ခဲ့ၾကတယ္။ ဒီလို အားကစားသမားဘဝကေန ConnectU ဆိုတဲ့ Social Media တည္ေထာင္လိုက္တဲ့ ၂၀၀၄ ကစလို႔ ပိုျပီးလူသိမ်ားလာတယ္၊ အဲ့ႏွစ္ထဲမွာပဲ အခ်က္လက္ခိုးယူတယ္လို႔ Facebook ကို စြပ္စြဲခဲ့ျပီး အမႈႏိုင္ေတာ့ အေလ်ာ $65 သန္းရခဲ့တယ္၊ ဒါနဲ႔ ၂၀၁၃ ေလာက္မွာ Bitcoin ကို အေျခခံထားတဲ့ Math-based Asset ဝန္ေဆာင္မႈစတင္ခဲ့တယ္။

Bitcoin Mining

ဒီလုိနဲ႔ ၂၀၁၇ ဒီဇင္ဘာလည္းေရာက္ေရာ Bitcoin တန္ေၾကး $20,000 ရွိလာတဲ့အခ်ိန္မွာ Cryptocurrency နဲ႔ ခ်မ္းသာလာတဲ့ ဘီလ်ံနာအမႊာအျဖစ္ ျပဌာန္းခံရတယ္။ ဒီလို Bitcoin နဲ႔ ခ်မ္းသာခ်င္တဲ့လူေတြ ဘာလုပ္သလဲ? Mining Rig ေတြဆင္ျပီး အမုန္းရွာၾကတယ္၊ ေစ်းကြက္ထဲမွာ GPU In-stock ျပတ္သြားတဲ့အထိ ျဖစ္ကုန္တယ္။

Bitcoin (Digital Money)

တခ်ိဳ႕ငမ္းငမ္းတက္ျဖစ္သူေတြက သုေတသနစင္တာၾကီးေတြ၊ စူပါကြန္ပ်ဴတာေတြ သုံးျပီးရသေလာက္ ႏႈိက္ၾကတယ္၊ အဲ့ထဲမွာ Tesla ေတာင္ အစစ္ပါသြားေသး၊ ရုရွားသိပၸံပညာရွင္တခ်ိဳ႕ေတာင္ အလုပ္လုပ္ရင္း Crypto-mining လုပ္ေနလို႔ အစိုးရအေရးယူ၊ Facebook နဲ႔ တရုတ္မွာ Ban ထားလိုက္တဲ့အထိ ကပ္ပါးတေစၦလို Crypto မုဆိုးေသြး စုပ္ေသာက္ခဲ့ၾကတာပါ။

Cryptocurrency & some whereabouts

အခုေတာ့ Juniper Research သုေတသန အဖြဲ႔စည္းက Cryptocurrency မၾကာခင္ ေပ်ာက္ကြယ္သြားေတာ့မယ္လို႔ ေၾကညာလိုက္ျပီ။ ဒီလို ဝင္သက္၊ ထြက္သက္ မမွန္ေတာ့ဘဲ အသက္ရႈမဝျဖစ္သြားရတာ ဘယ္လိုေတြေၾကာင့္လဲ? အေျဖကေတာ့ ရွင္းပါတယ္၊ 2018 ပထမသုံးလပတ္ (ဇႏၷဝါရီ၊ ေဖေဖာ္ဝါရီ၊ မတ္) မွာ $1.4 ထရီလီယံ ရွိခဲ့တယ္၊ $1.4 ထရီလီယံ ရွိခဲ့တဲ့ ၂၀၁၇ တစ္ႏွစ္လုံးနဲ႔ယွဥ္ရင္ ေတာ္ေတာ့ကို ေထာင္တက္သြားတယ္ ေျပာရမယ္ေပါ့၊ ဒါမယ့္ ဒုတိယသုံးလပတ္ (ဧျပီ၊ ေမ၊ ဇြန္) လဲေရာက္ေရာ $355 ဘီလီယံပဲ ရွိေတာ့တယ္၊ ရာခိုင္ႏႈန္းအားျဖင့္ ေျပာရမယ္ဆိုရင္ 75% ေလာက္ ထိုးဆင္းသြားတယ္ေပါ့။

Cryptocurrency Chart 2018

Juniper ကေတာ့ ထပ္ျပီးက်ေနဦးမယ္၊ တတိယသုံးလပတ္ (ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာ) ျပီးသြားရင္ 47% ေလာက္ က်လာဦးမယ္။ ဒီိေရက်တာထက္ေတာင္ အေျခေနဆိုးေနတဲ့ Cryptocurrency ဂယက္က ဆိုးရြားလာတဲ့ အေမရိကန္ ၊ တရုတ္ဆက္ဆံေရး အေျခေနေၾကာင့္လား မေျပာတတ္ေပမယ့္ Bloomberg မွာေတာ့ စကားစစ္ခင္းေနျပီ။

Has seemed to be fallen

ဒီလို တစ္စထက္တစ္စ အဆိုးဖက္ကိုဦးတည္လာေနတဲ့ အေျခေနေၾကာင့္ Bitcoin ေငြပို႔၊ ေငြလႊဲ အေရတြက္လည္း အႏႈတ္ျပလာတယ္။ ၂၀၁၇ မွာတုန္းက တစ္ရက္ကို အၾကိမ္ေရ 360,000 ေလာက္ လႊဲေျပာင္းခဲ့တာကေန ၂၀၁၈ စက္တင္ဘာ ေရာက္လာေတာ့ 270,000 ေလာက္ပဲ ရွိေတာ့တယ္။ ေငြသားအားျဖင့္ ေျပာရမယ္ဆိုရင္ $3.7 ဘီလီယံကေန $670 မီလီယံ ဂဏန္းအထိ ထိုးဆင္းလာတယ္ ဆိုရမယ္ေပါ့။

One Last Breathe

အခုလို အေျခေနတိုင္းသာဆိုရင္ ၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္မွာတင္ Cryptocurrency ဆိုတာၾကီး လူေတြပါးစပ္ဖ်ားကေန ေပ်ာက္ကြယ္သြားႏိုင္တယ္၊ ဒါထက္ Blockchain နည္းပညာသုံးျပီး သုံးရပိုလြယ္ေအာင္ ေထာက္ပံ့ထားတဲ့ Platform နဲ႔ Software စီမံကိန္းေတြ၊ ဘဝထဲေတာင္ မေရာက္လိုက္ရဘဲ အဝမွာတင္ ျပည္ဖုံးကားခ်ခံလိုက္ရျပီလား၊ ပိုဆိုးသြားမွာက HTC၊ Exodus စမတ္ဖုန္းနဲ႔ Blockchain နည္းပညာကို အေမြယူထားတာ။ ဒီလို ေပ်ာက္ကြယ္သြားမယ္ဆိုတာထက္ Cyrpto-cash နဲ႔ လည္ပတ္ေနတဲ့ ေနရာေတြမွာေတ့ာ အသုံးတြင္က်ယ္ေနဦးမွာမို႔ Long Live Cryptocurrency လို႔ပဲ ေျပာခ်င္ပါေတာ့တယ္။

2B (Akhayar)
www.akhayar.com

Source : Thenextweb

[Unicode]

သေဆုံးနေသောကြယ်မင်း ဒါမှမဟုတ် ပျောက်ကွယ်သွားတော့မယ့် Cryptocurrency

အခုချိန် Cryptocurrecny လို့ ပြောလိုက်တာနဲ့ Digital Money ကို Bitcoin နဲ့ဝယ် ၊ အွန်လိုင်းမှာ ပြန်ရောင်းတဲ့ “ငါသာမင်းလောင်း၊ ထီးဖြူဆောင်းတဲ့ခေတ်” ကုန်ဆုံးသွားခဲ့ပါပြီ။ သူ့ဘာသူ $20,000 အထိ တန်ကြေးမြင့်၊ အချိန်ကောင်းပိုင်ဆိုင်ခဲ့တယ်ဆိုမယ့် သေဆုံးနေတဲ့ ကြယ်တစ်စင်းလို အရောင်တဖိတ်ဖိတ် မတောက်ပနိုင်တော့ဘဲ ၂၀၁၈ ထဲမှာပဲ ကွယ်ပျောက် သွားရတော့မှာပါ။

Cryto-mining

ဘာလို့လဲ? Crypto လှိုင်းလုံးကြီး ရိုက်ခတ်လာတဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ သူဌေးတွေဖြစ်ကုန်ကျတယ်၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တွေကအစ Bitcon တန်ကြေးတက်လာလို့ သူတို့ပိုင်ဆိုင်တာတွေ ဈေးမြောက်ကုန်တယ်၊ အထူးသဖြင့် Cryptocurrency လောကမှာ Bitcoin နဲ့ ဘီလျံနာဖြစ်လာတဲ့ သူဌေးအမွှာ Winklevoss Twins တို့က စံပြဖြစ်နေလို့ ချမ်းသာချင်တာမဆန်းပါဘူး။

Winklevoss Twins

Winklevoss အမွှာ မချမ်းသာခင်တုန်းက Professional လှေလှော်အားကစားအဖြစ်နဲ့ အသက်မွေးခဲ့ကြတယ်၊ အိုလံပစ်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရတဲ့အထိ ထူးချွန်ခဲ့ကြတယ်။ ဒီလို အားကစားသမားဘဝကနေ ConnectU ဆိုတဲ့ Social Media တည်ထောင်လိုက်တဲ့ ၂၀၀၄ ကစလို့ ပိုပြီးလူသိများလာတယ်၊ အဲ့နှစ်ထဲမှာပဲ အချက်လက်ခိုးယူတယ်လို့ Facebook ကို စွပ်စွဲခဲ့ပြီး အမှုနိုင်တော့ အလျော $65 သန်းရခဲ့တယ်၊ ဒါနဲ့ ၂၀၁၃ လောက်မှာ Bitcoin ကို အခြေခံထားတဲ့ Math-based Asset ဝန်ဆောင်မှုစတင်ခဲ့တယ်။

Bitcoin Mining

ဒီလိုနဲ့ ၂၀၁၇ ဒီဇင်ဘာလည်းရောက်ရော Bitcoin တန်ကြေး $20,000 ရှိလာတဲ့အချိန်မှာ Cryptocurrency နဲ့ ချမ်းသာလာတဲ့ ဘီလျံနာအမွှာအဖြစ် ပြဌာန်းခံရတယ်။ ဒီလို Bitcoin နဲ့ ချမ်းသာချင်တဲ့လူတွေ ဘာလုပ်သလဲ? Mining Rig တွေဆင်ပြီး အမုန်းရှာကြတယ်၊ ဈေးကွက်ထဲမှာ GPU In-stock ပြတ်သွားတဲ့အထိ ဖြစ်ကုန်တယ်။

Bitcoin (Digital Money)

တချို့ငမ်းငမ်းတက်ဖြစ်သူတွေက သုတေသနစင်တာကြီးတွေ၊ စူပါကွန်ပျူတာတွေ သုံးပြီးရသလောက် နှိုက်ကြတယ်၊ အဲ့ထဲမှာ Tesla တောင် အစစ်ပါသွားသေး၊ ရုရှားသိပ္ပံပညာရှင်တချို့တောင် အလုပ်လုပ်ရင်း Crypto-mining လုပ်နေလို့ အစိုးရအရေးယူ၊ Facebook နဲ့ တရုတ်မှာ Ban ထားလိုက်တဲ့အထိ ကပ်ပါးတစ္ဆေလို Crypto မုဆိုးသွေး စုပ်သောက်ခဲ့ကြတာပါ။

Cryptocurrency & some whereabouts

အခုတော့ Juniper Research သုတေသန အဖွဲ့စည်းက Cryptocurrency မကြာခင် ပျောက်ကွယ်သွားတော့မယ်လို့ ကြေညာလိုက်ပြီ။ ဒီလို ဝင်သက်၊ ထွက်သက် မမှန်တော့ဘဲ အသက်ရှုမဝဖြစ်သွားရတာ ဘယ်လိုတွေကြောင့်လဲ? အဖြေကတော့ ရှင်းပါတယ်၊ 2018 ပထမသုံးလပတ် (ဇန္နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) မှာ $1.4 ထရီလီယံ ရှိခဲ့တယ်၊ $1.4 ထရီလီယံ ရှိခဲ့တဲ့ ၂၀၁၇ တစ်နှစ်လုံးနဲ့ယှဉ်ရင် တော်တော့ကို ထောင်တက်သွားတယ် ပြောရမယ်ပေါ့၊ ဒါမယ့် ဒုတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လဲရောက်ရော $355 ဘီလီယံပဲ ရှိတော့တယ်၊ ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆိုရင် 75% လောက် ထိုးဆင်းသွားတယ်ပေါ့။

Cryptocurrency Chart 2018

Juniper ကတော့ ထပ်ပြီးကျနေဦးမယ်၊ တတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) ပြီးသွားရင် 47% လောက် ကျလာဦးမယ်။ ဒီရေကျတာထက်တောင် အခြေနေဆိုးနေတဲ့ Cryptocurrency ဂယက်က ဆိုးရွားလာတဲ့ အမေရိကန် ၊ တရုတ်ဆက်ဆံရေး အခြေနေကြောင့်လား မပြောတတ်ပေမယ့် Bloomberg မှာတော့ စကားစစ်ခင်းနေပြီ။

Has seemed to be fallen

ဒီလို တစ်စထက်တစ်စ အဆိုးဖက်ကိုဦးတည်လာနေတဲ့ အခြေနေကြောင့် Bitcoin ငွေပို့၊ ငွေလွှဲ အရေတွက်လည်း အနှုတ်ပြလာတယ်။ ၂၀၁၇ မှာတုန်းက တစ်ရက်ကို အကြိမ်ရေ 360,000 လောက် လွှဲပြောင်းခဲ့တာကနေ ၂၀၁၈ စက်တင်ဘာ ရောက်လာတော့ 270,000 လောက်ပဲ ရှိတော့တယ်။ ငွေသားအားဖြင့် ပြောရမယ်ဆိုရင် $3.7 ဘီလီယံကနေ $670 မီလီယံ ဂဏန်းအထိ ထိုးဆင်းလာတယ် ဆိုရမယ်ပေါ့။

One Last Breathe

အခုလို အခြေနေတိုင်းသာဆိုရင် ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာတင် Cryptocurrency ဆိုတာကြီး လူတွေပါးစပ်ဖျားကနေ ပျောက်ကွယ်သွားနိုင်တယ်၊ ဒါထက် Blockchain နည်းပညာသုံးပြီး သုံးရပိုလွယ်အောင် ထောက်ပံ့ထားတဲ့ Platform နဲ့ Software စီမံကိန်းတွေ၊ ဘဝထဲတောင် မရောက်လိုက်ရဘဲ အဝမှာတင် ပြည်ဖုံးကားချခံလိုက်ရပြီလား၊ ပိုဆိုးသွားမှာက HTC၊ Exodus စမတ်ဖုန်းနဲ့ Blockchain နည်းပညာကို အမွေယူထားတာ။ ဒီလို ပျောက်ကွယ်သွားမယ်ဆိုတာထက် Cyrpto-cash နဲ့ လည်ပတ်နေတဲ့ နေရာတွေမှာတေ့ာ အသုံးတွင်ကျယ်နေဦးမှာမို့ Long Live Cryptocurrency လို့ပဲ ပြောချင်ပါတော့တယ်။

2B (Akhayar)
www.akhayar.com

Source : Thenextweb