[Zawgyi]

မေခ်ာသုံးေယာက္ ကုိယ္တစ္ေယာက္ ေတြ႕ဆုံၾကမယ့္ ‘အခ်စ္ဆုံး Crush’

အခ်စ္ဆံုး Crush ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီး ကန္ေတာ့ပြဲေပးအခမ္းအနားကို ဇူလိုင္လ ၅ ရက္ေန႔ ကျပဳလုပ္ခဲ့ပါတယ္။ ဒီဇာတ္ကားမွာ မင္းသားျမင့္ျမတ္ နဲ႔ မင္းသမီးေတြ ျဖစ္ၾကတဲ့ သင္ဇာဝင့္ေက်ာ္ ၊ ေမျမင့္မိုရ္ နဲ႔ အိေခ်ာပို တို႔ ပါဝင္ၿပီး အနုပညာရွင္မ်ားစြာ လည္းပါဝင္ပါတယ္။

နယူးဖိုးဝ ရုပ္ရွင္ထုတ္လုပ္ေရး ကစီစဥ္ရိုက္ကူးတဲ့ဇာတ္ကားျဖစ္ၿပီး ဒါရိုက္တာကေတာ့ မီးပြား ျဖစ္ပါတယ္။ ျမင့္ျမတ္နဲ႔ မင္းသမီးသံုးေယာက္စလံုး ကလည္း ပရိသတ္ေတြ ႀကိဳက္နွစ္သက္ၾကတဲ့ သူေတြပဲျဖစ္လို႔ ဒီရုပ္ရွင္ကားကိုလည္း ပရိသတ္ေတြ ႀကိဳက္နွစ္သက္ၾကလိမ့္မယ္လို႔ထင္ပါတယ္။

သင္ဇာဝင့္ေက်ာ္၊ ေမျမင့္မိုရ္ နဲ႔ အိေခ်ာပိုတို႔ သံုးေယာက္ရဲ ႔ ဖက္ရွင္ေတြနဲ႔ တစ္ေယာက္တစ္မ်ိဳးအျမင္ဆန္းတဲ့ အနုပညာတင္ဆက္ပံုေတြ ကိုခံစားရမယ့္ ရုပ္ရွင္ဇာတ္ကားတစ္ခုျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:May Myint Mo Facebook

www.akhayar.com
[Unicode]

မချောသုံးယောက် ကိုယ်တစ်ယောက် တွေ့ဆုံကြမယ့် ‘အချစ်ဆုံး Crush’

အချစ်ဆုံး Crush ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့ ကပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားမြင့်မြတ် နဲ့ မင်းသမီးတွေ ဖြစ်ကြတဲ့ သင်ဇာဝင့်ကျော် ၊ မေမြင့်မိုရ် နဲ့ အိချောပို တို့ ပါဝင်ပြီး အနုပညာရှင်များစွာ လည်းပါဝင်ပါတယ်။

နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေး ကစီစဉ်ရိုက်ကူးတဲ့ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာကတော့ မီးပွား ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ မင်းသမီးသုံးယောက်စလုံး ကလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ သူတွေပဲဖြစ်လို့ ဒီရုပ်ရှင်ကားကိုလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်။

သင်ဇာဝင့်ကျော်၊ မေမြင့်မိုရ် နဲ့ အိချောပိုတို့ သုံးယောက်ရဲ့ ဖက်ရှင်တွေနဲ့ တစ်ယောက်တစ်မျိုးအမြင်ဆန်းတဲ့ အနုပညာတင်ဆက်ပုံတွေ ကိုခံစားရမယ့် ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:May Myint Mo Facebook

www.akhayar.com