သာမန္ Headphones ေတြမဟုတ္ဘဲ  ရတနာေတြစီျခယ္ထားတဲ႔ Headphones ေလးဆိုရင္ မၾကိဳက္တဲ႔မိန္းကေလး ရွားမွာပါ။ ဒီလိုရတနာေတြျခံရံထားရံုသာမကဘဲ သရဖူေလးပါ ပါေသးတယ္ဆိုရင္ သူေလးကို ေတာ္ဝင္ဆန္စြာလက္ေဆာင္ေပးႏိုင္ဖို႔ အေကာင္းဆံုးျဖစ္ေနပါျပီ။

ဒီ႔အတြက္ ရတနာေတြစီျခယ္ထားတဲ႔ သရဖူေလးနဲ႔ Crown Headphones ေလးကိုေရြးခ်ယ္သင္႔တယ္မဟုတ္ပါလား။

အဆိုေတာ္ Rihanna ကလည္း Crown Headphones သံုးျပီး သူ႔ရဲ႕ ANTI ေတးအယ္လ္ဘမ္ကိုနားေထာင္ေနတဲ႔ပံုကိုေဖေဖာ္ဝါရီလကTwitter မွာတင္ထားခဲ႔ပါေသးတယ္။ သူမရဲ႕ Headphones ကေတာ႔ Audio Brand တစ္ခုျဖစ္တဲ႔ Frends နဲ႔ Dolce & Gabbana တို႔ရဲ႕ေပါင္းစပ္ဖန္တီးတာျဖစ္ျပီး အေမရိကန္ေဒၚလာ ၉၀၀၀ တန္ဖိုးရွိပါတယ္။

rihanna

လက္ရွိေခတ္စားေနတဲ႔ Lit Crown Headphones ေတြဟာ ဒီဇိုင္နာလက္ရာျဖစ္ျပီး Handmade ေတြျဖစ္ပါတယ္။ အေရာင္ေတြက အျပာ ၊ အျဖဴ ၊ အစိမ္း ၊ အနီ ၊ အနက္ေတြရွိျပီး တစ္ခုခ်င္းမွာထည္႔သြင္းထားတဲ႔ ေက်ာက္သံပတၱျမားေတြ မတူပါဘူး။ The Red Reign ၊ Winter Green ၊ Black Queen ၊ White Queenဆိုျပီး Series ေတြရွိတာမို႔ ၾကိဳက္ရာေရြးယူႏိုင္ပါတယ္။ ကနဦးထြက္ရွိခဲ႔စဥ္က အေမရိကန္ေဒၚလာ ၄၉၉.၉၉ ရွိျပီး လက္ရွိမွာေတာ႔ ၂၉၉.၉၉ သာရွိပါေတာ႔တယ္။

crown headphones

ဒီ Headphones ကသာမန္ Headphones ေတြလိုပဲ  လုပ္ေဆာင္ခ်က္ေတြအားလံုး အရည္အေသြးမီစြာေဆာင္ရြက္ႏိုင္ျပီး  မဟာဆန္တာတစ္ခုကသာ သူ႔ရဲ႕အားသာခ်က္ျဖစ္ပါတယ္။ Size အားျဖင္႔ ၁၀ လက္မ မွ ၁၁ လက္မ Small ဆိုက္ နဲ႔ ၁၂ လက္မ မွ ၁၄ လက္မ Medium ဆိုက္ ေတြရရွိႏိုင္ျပီး တစ္ခုေသာအားနည္းခ်က္က လိုခ်င္သေလာက္ကို လိုခ်င္တဲ႔အခ်ိန္မရႏိုင္ပါဘူး။ ကနဦးထြက္ရွိစဥ္တုန္းကေတာ႔ ဝယ္လိုအားမ်ားျပီး Handmades ျဖစ္တာမို႔အခ်ိန္ေစာင္႔ရတယ္လို႔ ဆိုပါတယ္။

ဒါကလက္ရွိမွာ Fashion Trend တစ္ခုျဖစ္လာျပီမို႔ စိတ္ဝင္စားသူေတြအေနနဲ႔ Lit Headphones Facebook Page မွာတိုက္ရိုက္ၾကည္႕ရႈႏိုင္တယ္ေနာ္။

ဘာပဲျဖစ္ျဖစ္ Headphones တပ္လို႔ အသံၾကားရတာခ်င္းအတူတူ သူက Royal ဆန္တာေပါ႔ေနာ္:P

ဂ်ဴဂ်ဴး(အခရာ)

HGID_KV_Ads_Square

www.akhayar.com

Unicode

သာမန် Headphones တွေမဟုတ်ဘဲ ရတနာတွေစီခြယ်ထားတဲ့ Headphones လေးဆိုရင် မကြိုက်တဲ့မိန်းကလေးရှားမှာပါ။ ဒီလိုရတနာတွေခြံရံထားရုံသာမကဘဲ သရဖူလေးပါ ပါသေးတယ်ဆိုရင် သူလေးကို တော်ဝင်ဆန်စွာလက်ဆောင်ပေးနိုင်ဖို့ အကောင်းဆုံးဖြစ်နေပါပြီ။

ဒီ့အတွက် ရတနာတွေစီခြယ်ထားတဲ့ သရဖူလေးနဲ့ Crown Headphones လေးကိုရွေးချယ်သင့်တယ်မဟုတ်ပါလား။

အဆိုတော် Rihanna ကလည်း Crown Headphone သုံးပြီး သူ့ရဲ့ ANTI တေးအယ်လ်ဘမ်ကိုနားထောင်နေတဲ့ပုံကိုဖေဖော်ဝါရီလက Twitter မှာတင်ထားခဲ့ပါသေးတယ်။ သူမရဲ့ Headphones ကတော့ Audio Brand တစ်ခုဖြစ်တဲ့ Frends နဲ့ Dolce & Gabbana တို့ရဲ့ပေါင်းစပ်ဖန်တီးတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၀၀၀ တန်ဖိုးရှိပါတယ်။

လက်ရှိခေတ်စားနေတဲ့ Lit Crown Headphones တွေဟာ ဒီဇိုင်နာလက်ရာဖြစ်ပြီး Handmade တွေဖြစ်ပါတယ်။ အရောင်တွေက အပြာ ၊ အဖြူ ၊ အစိမ်း ၊ အနီ ၊ အနက်တွေရှိပြီး တစ်ခုချင်းမှာထည့်သွင်းထားတဲ့ ကျောက်သံပတ္တမြားတွေ မတူပါဘူး။ The Red Reign ၊ Winter Green ၊ Black Queen ၊ White Queenဆိုပြီး Series တွေရှိတာမို့ ကြိုက်ရာရွေးယူနိုင်ပါတယ်။

ကနဦးထွက်ရှိခဲ့စဉ်က အမေရိကန်ဒေါ်လာ ၄၉၉.၉၉ ရှိပြီး လက်ရှိမှာတော့ ၂၉၉.၉၉ သာရှိပါတော့တယ်။
ဒီ Headphones ကသာမန် Headphones တွေလိုပဲ လုပ်ဆောင်ချက်တွေအားလုံး အရည်အသွေးမီစွာဆောင်ရွက်နိုင်ပြီး မဟာဆန်တာတစ်ခုကသာ သူ့ရဲ့အားသာချက်ဖြစ်ပါတယ်။ Size အားဖြင့် ၁၀ လက်မ မှ ၁၁ လက်မ Small ဆိုက် နဲ့ ၁၂ လက်မ မှ ၁၄ လက်မ Medium ဆိုက် တွေရရှိနိုင်ပြီး တစ်ခုသောအားနည်းချက်က လိုချင်သလောက်ကို လိုချင်တဲ့အချိန်မရနိုင်ပါဘူး။ ကနဦးထွက်ရှိစဉ်တုန်းကတော့ ဝယ်လိုအားများပြီး Handmade ဖြစ်တာမို့အချိန်စောင့်ရတယ်လို့ ဆိုပါတယ်။

ဒါကလက်ရှိမှာ Fashion Trend တစ်ခုဖြစ်လာပြီမို့ စိတ်ဝင်စားသူတွေအနေနဲ့ Lit Headphones Facebook Page မှာတိုက်ရိုက်ကြည့်ရှုနိုင်တယ်နော်။

ဘာပဲဖြစ်ဖြစ် Headphones တပ်လို့ အသံကြားရတာချင်းအတူတူ သူက Royal ဆန်တာပေါ့နော်:P

ဂျူဂျူး(အခရာ)

HGID_KV_Ads_Square

www.akhayar.com