ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ၂၀၁၉ ခုနှစ်အတွက် ပေါ်တူဂီတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒီဆုကိုတော့ စီရော်နယ်လ်ဒို ဟာ အက်သလက်တီကို တိုက်စစ်ကစားသမား ယာအိုဖိလစ် Joao Felix ၊ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးဗားလ် Bernardo Silva ၊ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဖာနန်ဒက်ဇ် Bruno Fernandes နဲ့ ၀ုလ်ဗ်ကွင်းလယ်လူ နီဗတ်စ် Neves တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ ဒီတစ်ကြိမ်ရရှိတာဟာ စီရော်နယ်လ်ဒိုအတွက် (၁၀)ကြိမ်မြောက်ဖြစ်ပြီး ၂၀၀၇ ၊ ၂၀၀၈ ၊ ၂၀၀၉ ၊ ၂၀၁၁ ၊ ၂၀၁၂ ၊ ၂၀၁၃ ၊ ၂၀၁၅ ၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက စီရော်နယ်လ်ဒို ဟာ ကလပ် ၊ နိုင်ငံ (၂)သင်းလုံးနဲ့ ဆုဖလားအောင်မြင်မှုတွေရရှိခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒို က ” နည်းပညာခေတ်ထဲမှာ သတင်းအချက်အလက်တွေက မြန်ဆန်လာသလို လူတွေကလည်း ပိုပြီးတော့ ပေါက်ကွဲလွယ်လာကြပါတယ်။ ပုဂ္ဂိုလ်ရေးပိုင်းမှာတော့ ဒီနှစ်က ရှုပ်ထွေးစရာတွေများခဲ့ပါတယ်။ ဘယ်သူကမှ သင့်ကိုလဲကျအောင်မလုပ်နိုင်ပါစေနဲ့။ စပို့တင်းလစ္စဘွန်းအသင်းကတော့ ဆုတစ်ခုရဖို့ ထိုက်တန်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ပေါ့ ” လို့ ပြောကြားခဲ့ပါတယ်။ UEFA အကောင်းဆုံးကစားသမားဆုနဲ့ လွဲချော်ခဲ့ပေမယ့် စီရော်နယ်လ်ဒို ဟာ ပေါ်တူဂီတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာကြောင့် သူ့အတွက် အနည်းငယ်ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။ လက်ရှိမှာလည်း The Best FIFA အကောင်းဆုံးဆုအတွက် စီရော်နယ်လ်ဒို ဟာ မက်ဆီ Messi ၊ ဗန်ဒိုက် l van Dijk တို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီဆုပေးပွဲကိုတော့ လာမယ့်စက်တင်ဘာ(၂၃)ရက်ကျရင် မီလန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပေါ်တူဂီတစ်နှစ်တာ အကောင်းဆုံးဆုစာရင်း

Male Player of the Year: Cristiano Ronaldo (Juventus)

Female Player of the Year: Jessica Silva (Levante / Lyon)

Male Football Coach of the Year: Bruno Lage (Benfica)

Female Coach of the Year: Miguel Santos (Braga)

Men’s Team of the Year: Benfica

Women’s Team of the Year: Benfica

Ref: Daily Mail
Photo: Trendsmap , ESPN.Com
Ko Kyue(Akhayar)
www.akhayar.com