This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဒူးဒဏ္ရာေၾကာင့္ အဂၤလန္နဲ႔ ပြဲကို လြဲေခ်ာ္မယ့္ ခရိုေအးရွားညာေနာက္ခံလူ ဗာဆယ္လ္ကို Vrsaljko

ခရိုေအးရွားအသင္းရဲ႕ အဓိကညာေနာက္ခံလူ ဗာဆယ္လ္ကို Vrsaljko အေနနဲ႔ ဒူးဒဏ္ရာေၾကာင့္ အဂၤလန္နဲ႔ ကစားမယ့္ ဆီမီးဖိုင္နယ္ပြဲစဥ္ကို လဲြေခ်ာ္ေတာ့မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ အိမ္ရွင္ရုရွားအသင္းနဲ႔ ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ အဂၤလန္အသင္းနဲ႔ ကစားမယ့္ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ဗာဆယ္လ္ကို Vrsaljko လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။ ရုရွားကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ပြဲကစားခ်ိန္ (၉၇)မိနစ္အေရာက္ ဗာဆယ္လ္ကို Vrsaljko ကို လူစားလဲခဲ့ရၿပီး ခရိုေအးရွားအသင္းရဲ႕ အဓိကညာေနာက္ခံလူဟာ ကြင္းအတြင္းက ေျခေထာ့နင္း ထြက္ခြာခဲ့ရပါတယ္။ ဒူးဒဏ္ရာကေန အလ်င္အျမန္သက္သာလာေစဖို႔ ကုသမႈေတြ ခံယူခဲ့ေပမယ့္ ဗာဆယ္လ္ကို Vrsaljko အေနနဲ႔ ဆီမီးဖိုင္နယ္ပြဲအမီ ႀကံ့ခိုင္မႈ ျပည့္ဝလာဖို႔မရွိတာေၾကာင့္ အဂၤလန္နဲ႔ ကစားမယ့္ ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

Vrsaljko-receives-treatment

Vrsaljko-receives-treatment

ခရိုေအးရွားနည္းျပ ဒါလစ္ Dalic က ဗဟိုေနာက္ခံလူ ဗီဒါ Vida ကို ညာေနာက္ခံလူေနရာမွာ ေျပာင္းလဲကစားခိုင္းဖို႔ ရွိေနၿပီး လိုဗရန္ Lovren နဲ႔ ဝါရင့္ေနာက္ခံလူ ေကာ္လူကာ Corluka တို႔ကို တြဲဖက္ကာ ဗဟိုေနာက္ခံလူေတြအျဖစ္ ပြဲထုတ္သြားဖို႔ ရွိေနပါတယ္။ ခရိုေအးရွားအသင္းအျပင္ အဂၤလန္အသင္းလည္း အဓိက ကစားသမားတခ်ိဳ႕ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဆီြဒင္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တဲ့ ကြင္းလယ္လူ ဟန္ဒါဆင္ Henderson နဲ႔ အသင္းေလ့က်င္းေရးအစီအစဥ္ေတြမွာ ေပါင္ၿခံဒဏ္ရာ ရရွိခဲ့တဲ့ တိုက္စစ္မွဴး ဗာဒီ Vardy တို႔ ခရိုေအးရွားနဲ႔ ပြဲအမီ ႀကံ့ခိုင္မႈျပည့္ဝဖို႔ ရုန္းကန္ေနရတာျဖစ္ပါတယ္။ ခရိုေအးရွားနဲ႔ပြဲမွာ ဟန္ဒါဆင္ Henderson သာ မပါဝင္ႏိုင္ခဲ့ပါက အဲရစ္ဒိုင္ယာ Eric Dier ကို နည္းျပ ေဆာက္ဂိတ္ဒ္ Southgate က အစားထိုး အသံုးျပဳသြားဖို႔ ရွိေနပါတယ္။

REF:The Sun
Photo:Rangadó, Nerazzurri Ale
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဒူးဒဏ်ရာကြောင့် အင်္ဂလန်နဲ့ ပွဲကို လွဲချော်မယ့် ခရိုအေးရှားညာနောက်ခံလူ ဗာဆယ်လ်ကို Vrsaljko

ခရိုအေးရှားအသင်းရဲ့ အဓိကညာနောက်ခံလူ ဗာဆယ်လ်ကို Vrsaljko အနေနဲ့ ဒူးဒဏ်ရာကြောင့် အင်္ဂလန်နဲ့ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ အိမ်ရှင်ရုရှားအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အင်္ဂလန်အသင်းနဲ့ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗာဆယ်လ်ကို Vrsaljko လွဲချော်တော့မှာဖြစ်ပါတယ်။ ရုရှားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲကစားချိန် (၉၇)မိနစ်အရောက် ဗာဆယ်လ်ကို Vrsaljko ကို လူစားလဲခဲ့ရပြီး ခရိုအေးရှားအသင်းရဲ့ အဓိကညာနောက်ခံလူဟာ ကွင်းအတွင်းက ခြေထော့နင်း ထွက်ခွာခဲ့ရပါတယ်။ ဒူးဒဏ်ရာကနေ အလျင်အမြန်သက်သာလာစေဖို့ ကုသမှုတွေ ခံယူခဲ့ပေမယ့် ဗာဆယ်လ်ကို Vrsaljko အနေနဲ့ ဆီမီးဖိုင်နယ်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာဖို့မရှိတာကြောင့် အင်္ဂလန်နဲ့ ကစားမယ့် ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။

Vrsaljko-receives-treatment

Vrsaljko-receives-treatment

ခရိုအေးရှားနည်းပြ ဒါလစ် Dalic က ဗဟိုနောက်ခံလူ ဗီဒါ Vida ကို ညာနောက်ခံလူနေရာမှာ ပြောင်းလဲကစားခိုင်းဖို့ ရှိနေပြီး လိုဗရန် Lovren နဲ့ ဝါရင့်နောက်ခံလူ ကော်လူကာ Corluka တို့ကို တွဲဖက်ကာ ဗဟိုနောက်ခံလူတွေအဖြစ် ပွဲထုတ်သွားဖို့ ရှိနေပါတယ်။ ခရိုအေးရှားအသင်းအပြင် အင်္ဂလန်အသင်းလည်း အဓိက ကစားသမားတချို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဆွီဒင်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူ ဟန်ဒါဆင် Henderson နဲ့ အသင်းလေ့ကျင်းရေးအစီအစဉ်တွေမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တဲ့ တိုက်စစ်မှူး ဗာဒီ Vardy တို့ ခရိုအေးရှားနဲ့ ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ပွဲမှာ ဟန်ဒါဆင် Henderson သာ မပါဝင်နိုင်ခဲ့ပါက အဲရစ်ဒိုင်ယာ Eric Dier ကို နည်းပြ ဆောက်ဂိတ်ဒ် Southgate က အစားထိုး အသုံးပြုသွားဖို့ ရှိနေပါတယ်။

REF:The Sun
Photo:Rangadó, Nerazzurri Ale
Aung Kyaw Wai (Akhayar)
www.akhayar.com