This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

(၁၀)စုႏွစ္ (၂)ခုၾကာ မွတ္တမ္းဆိုးေတြကို ေခ်ဖ်က္ဖို႔ရွိေနတဲ့ ခရိုေအးရွားအသင္း

ခရိုေအးရွားအသင္း
အနီေရာင္ က်ားကြက္ပံုစံ ဂ်ာစီနဲ႔ ပရိသတ္ အျမင္အာရံုကို ဖမ္းစားႏိုင္ခဲ့သလို ယူဂိုဆလားဗီးယား လက္ေအာက္ခံကေန ခြဲထြက္ၿပီး ပထမဆံုးအႀကိမ္ ခရိုေအးရွားအျဖစ္ ေျခစစ္ပြဲ၀င္ခဲ့တဲ့ ၁၉၉၈ ၿပိဳင္ပြဲမွာပဲ နာမည္ေက်ာ္ တိုက္စစ္မွဴး ေဒဗာဆူကာရဲ႕ အစြမ္းနဲ႔ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး တတိယေနရာအထိ ရယူႏိုင္ခဲ့တယ္။ ခရိုေအးရွားအျဖစ္ ခြဲထြက္ၿပီးတဲ့ေနာက္ပိုင္းမွာ ၂၀၁၀ ၿပိဳင္ပဲြ တစ္ႀကိမ္သာ ေျခစစ္ပြဲ မေအာင္ျမင္ခဲ့ဘဲ အခုတစ္ႀကိမ္ ကမၻာ႔ဖလားၿပိဳင္ပြဲ အပါအ၀င္ (၅)ႀကိမ္အထိ ေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။ တတိယရရွိခဲ့တဲ့ ၁၉၉၈ ၿပိဳင္ပြဲကလြဲလို႔ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရတဲ့ က်န္အႀကိမ္တိုင္းမွာ အုပ္စုအဆင့္ကို မေက်ာ္ျဖတ္ႏိုင္တာက ခရိုေအးရွားအတြက္ က်ိန္စာတစ္ခုလိုျဖစ္ေနခဲ့ပါတယ္။ သမိုင္း၀င္ ေအာင္ျမင္မႈ ႀကီးႀကီးမားမားမရွိေပမယ့္ ၿပိဳင္ပြဲတိုင္းမွာ မာေက်ာတဲ့ ကစားပံုနဲ႔ အသင္းႀကီးေတြအတြက္ ခက္ခဲေစတဲ့ ကစားပံုေၾကာင့္ ပရိသတ္နဲ႔ ရင္းႏွီးၿပီးသား အသင္းတစ္သင္းျဖစ္ပါတယ္။ အသင္းကို ကိုင္တြယ္တာ မၾကာေသးေပမယ့္ ကမၻာ႔ဖလားေျခစစ္ပြဲ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ လူငယ္နည္းျပ ဒါလစ္ရဲ႕ လက္ထက္ ပထမဆံုး ၿပိဳင္ပြဲႀကီးတစ္ရပ္မွာ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္တာနဲ႔ ေအာင္ျမင္တယ္လို႔ဆိုရမယ့္ အသင္းျဖစ္ပါတယ္။ လူငယ္နည္းျပ တစ္ဦးျဖစ္ေပမယ့္ ခရိုေအးရွားအသင္းကို ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

Robert-Jarni-Davor-Suker-and-Zvonimir-Boban-of-Croatia-celebrate

Robert-Jarni-Davor-Suker-and-Zvonimir-Boban-of-Croatia-celebrate

ကမၻာ႔ဖလားသမိုင္းေၾကာင္း
ယူဂိုဆလားဗီးယားက ခဲြထြက္ၿပီး ပထမဆံုးအႀကိမ္ ေျခစစ္ပြဲ၀င္ခဲ့တဲ့ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာတင္ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့သလို ၿပိဳင္ပြဲရဲ႕ နာမည္ေက်ာ္အသင္းေတြျဖစ္တဲ့ ရိုေမးနီးယား၊ ဂ်ာမနီအသင္းေတြကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ အိမ္ရွင္ျပင္သစ္အသင္းကို ရံႈးနိမ့္ခဲ့လုိ႔ တတိယေနရာလုပြဲနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ တတိယေနရာလုပြဲမွာလည္း နာမည္ႀကီး နယ္သာလန္အသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ယူၿပီး တတိယဆုကို ရရွိခဲ့တာက ခရိုေအးရွားရဲ႕ ကမၻာ႔ဖလားၿပိဳင္ပြဲ အျမင့္ဆံုး ေအာင္ျမင္မႈပါပဲ။ ေျခစစ္ပြဲ မေအာင္ခဲ့တဲ့ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပြဲကလြဲလို႔ ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ရတဲ့ က်န္ (၃)ႀကိမ္စလံုးမွာလည္း အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတဲ့ အသင္းျဖစ္ပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲ တစ္ေလွ်ာက္မွာေတာ့ အေကာင္းဆံုးဆိုတဲ့ စြမ္းေဆာင္ရည္ေတြကို ျပသႏိုင္ခဲ့တဲ့ အသင္းတစ္သင္းပါပဲ။ အိုက္စလန္၊ ယူကရိန္း၊ တူရကီတို႔လို႔ မာေက်ာတဲ့ အသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့ေပမယ့္ ပံုစံေကာင္းေတြကို ျပသခဲ့ၿပီး အုိက္စလန္အသင္းရဲ႕ ေနာက္ (၂)မွတ္အကြာနဲ႔ အုပ္စုဒုတိယေနရာကို ရယူႏိုင္ခဲ့ပါတယ္။ အုပ္စု ဒုတိယေနရာသာ ရရွိခဲ့လို႔ ေျခစစ္ပြဲ ဒုတိယအဆင့္ကို ထပ္မံကစားခဲ့ရၿပီး ဥေရာပခ်န္ပီယံေဟာင္း ဂရိအသင္းကို အိမ္ကြင္း ဂိုးျပတ္ႏိုင္ပြဲနဲ႔ ေက်ာ္ျဖတ္ၿပီး ဝင္ခြင့္တစ္ေနရာကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲ တစ္ေလွ်ာက္ (၁၀)ပဲြကစားခဲ့ၿပီး (၆)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၂)ပြဲရံႈး၊ ရမွတ္ (၂၀)နဲ႔ အုပ္စု ဒုတိယေနရာကို ရရွိခဲ့ပါတယ္။ ေျခစစ္ပြဲတစ္ေလွ်ာက္ တိုက္စစ္မွဴး မန္ဇူကစ္က (၅)ဂိုးအထိ သြင္းယူေပးကာ အသင္းကို ေျခစစ္ပြဲ ေအာင္ျမင္ေအာင္ အဓိက ေနရာကေန စြမ္းေဆာင္ေပးခဲ့ပါတယ္။

Manzukic-and-Perisic-celebrations

Manzukic-and-Perisic-celebrations

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ဒီတစ္ႀကိမ္ ကမၻာ႔ဖလားၿပိဳင္ပြဲကဝင္ လူစာရင္းက ခရိုေအးရွားအသင္းရဲ႕ အေကာင္းဆံုးမ်ိဳးဆက္လို႔ ေျပာရမယ့္အေနအထားပါပဲ။ ေရွ႕၊ လယ္၊ ေနာက္ ပံုစံေကာင္းရေနတဲ့ ကစားသမားေတြကို ပိုင္ဆိုင္ထားၿပီး ကြင္းလယ္ပိုင္းက ထိပ္သီးအသင္းေတြကိုပါ ယွဥ္ကစားႏိုင္တဲ့ အေနအထားပါပဲ။ ရာကီတစ္၊ ကိုဗာခ်စ္၊ မိုဒရစ္၊ ဘရိုဇိုဗစ္ တို႔ပါ၀င္ေနတဲ့ ခရိုေအးရွား ကြင္းလယ္ပိုင္းက ထိပ္တန္းအဆင့္အထိကို ရွိေနပါတယ္။ တိုက္စစ္ပိုင္းမွာလည္း ေျခစစ္ပြဲမွာ ပံုစံေကာင္းျပခဲ့တဲ့ ၀ါရင့္တိုက္စစ္မွဴး မန္ဇူကစ္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ပါရီဆစ္၊ ခရန္မာရစ္၊ ကာလီနစ္နဲ႔ ပီယာကာ တို႔လို ကစားသမားေတြ ပါဝင္တဲ့ တိုက္စစ္စုဖြဲ႔မႈက ေျခစြမ္းသာ ျပႏိုင္ခဲ့မယ္ဆိုရင္ ၿပိဳင္ဘက္ေနာက္ခံလူေတြကို ေကာင္းေကာင္း ဒုကၡေပးႏိုင္မယ့္ အေနအထားပါ။ ေနာက္တန္းမွာလည္း ဥေရာပအေျခစိုက္ ကစားသမားအမ်ားစုကို အေျချပဳထားတဲ့ အသင္းေကာင္းတစ္သင္း ျဖစ္ပါတယ္။ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမားကေတာ့ အင္တာမီလန္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ ကစားသမား ပါရီဆစ္ပဲ ျဖစ္ပါတယ္။ ပံုစံေကာင္း တစ္ရပ္ကို ပိုင္ဆိုင္ထားသလို ၿပိဳင္ဘက္ ေနာက္ခံလူေတြ ထိန္းခ်ဳပ္ရခက္တဲ့ သူ႔ရဲ႕ လွ်င္ျမန္တဲ့ ကစားပံုက ၿပိဳင္ဘက္ေနာက္ခံလူေတြကို အလုပ္မ်ားေစႏိုင္ပါတယ္။ သူ႔ေၾကာင့္ အသင္းေဖာ္ေတြ ေနရာလြတ္ပိုမို ရရွိေစတာမို႔ ရရွိထားတဲ့ ပံုစံေကာင္းကို ႏိုင္ငံအသင္းမွာေကာ ဆက္ထိန္းထားႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမယ့္ ကစားသမားျဖစ္ပါတယ္။

REF:Wikipedia
Photo:Twitter, Croatia Week, ibtimes.co.in
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

(၁၀)စုနှစ် (၂)ခုကြာ မှတ်တမ်းဆိုးတွေကို ချေဖျက်ဖို့ရှိနေတဲ့ ခရိုအေးရှားအသင်း

ခရိုအေးရှားအသင်း
အနီရောင် ကျားကွက်ပုံစံ ဂျာစီနဲ့ ပရိသတ် အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့သလို ယူဂိုဆလားဗီးယား လက်အောက်ခံကနေ ခွဲထွက်ပြီး ပထမဆုံးအကြိမ် ခရိုအေးရှားအဖြစ် ခြေစစ်ပွဲဝင်ခဲ့တဲ့ ၁၉၉၈ ပြိုင်ပွဲမှာပဲ နာမည်ကျော် တိုက်စစ်မှူး ဒေဗာဆူကာရဲ့ အစွမ်းနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး တတိယနေရာအထိ ရယူနိုင်ခဲ့တယ်။ ခရိုအေးရှားအဖြစ် ခွဲထွက်ပြီးတဲ့နောက်ပိုင်းမှာ ၂၀၁၀ ပြိုင်ပွဲ တစ်ကြိမ်သာ ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘဲ အခုတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် (၅)ကြိမ်အထိ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ တတိယရရှိခဲ့တဲ့ ၁၉၉၈ ပြိုင်ပွဲကလွဲလို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကျန်အကြိမ်တိုင်းမှာ အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်တာက ခရိုအေးရှားအတွက် ကျိန်စာတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ သမိုင်းဝင် အောင်မြင်မှု ကြီးကြီးမားမားမရှိပေမယ့် ပြိုင်ပွဲတိုင်းမှာ မာကျောတဲ့ ကစားပုံနဲ့ အသင်းကြီးတွေအတွက် ခက်ခဲစေတဲ့ ကစားပုံကြောင့် ပရိသတ်နဲ့ ရင်းနှီးပြီးသား အသင်းတစ်သင်းဖြစ်ပါတယ်။ အသင်းကို ကိုင်တွယ်တာ မကြာသေးပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လူငယ်နည်းပြ ဒါလစ်ရဲ့ လက်ထက် ပထမဆုံး ပြိုင်ပွဲကြီးတစ်ရပ်မှာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်တာနဲ့ အောင်မြင်တယ်လို့ဆိုရမယ့် အသင်းဖြစ်ပါတယ်။ လူငယ်နည်းပြ တစ်ဦးဖြစ်ပေမယ့် ခရိုအေးရှားအသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Robert-Jarni-Davor-Suker-and-Zvonimir-Boban-of-Croatia-celebrate

Robert-Jarni-Davor-Suker-and-Zvonimir-Boban-of-Croatia-celebrate

ကမ္ဘာ့ဖလားသမိုင်းကြောင်း
ယူဂိုဆလားဗီးယားက ခွဲထွက်ပြီး ပထမဆုံးအကြိမ် ခြေစစ်ပွဲဝင်ခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတင် ခြေစစ်ပွဲ အောင်မြင်ခဲ့သလို ပြိုင်ပွဲရဲ့ နာမည်ကျော်အသင်းတွေဖြစ်တဲ့ ရိုမေးနီးယား၊ ဂျာမနီအသင်းတွေကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် အိမ်ရှင်ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ တတိယနေရာလုပွဲနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ တတိယနေရာလုပွဲမှာလည်း နာမည်ကြီး နယ်သာလန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူပြီး တတိယဆုကို ရရှိခဲ့တာက ခရိုအေးရှားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အမြင့်ဆုံး အောင်မြင်မှုပါပဲ။ ခြေစစ်ပွဲ မအောင်ခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကလွဲလို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ကျန် (၃)ကြိမ်စလုံးမှာလည်း အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲ တစ်လျှောက်မှာတော့ အကောင်းဆုံးဆိုတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ အသင်းတစ်သင်းပါပဲ။ အိုက်စလန်၊ ယူကရိန်း၊ တူရကီတို့လို့ မာကျောတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် ပုံစံကောင်းတွေကို ပြသခဲ့ပြီး အိုက်စလန်အသင်းရဲ့ နောက် (၂)မှတ်အကွာနဲ့ အုပ်စုဒုတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။ အုပ်စု ဒုတိယနေရာသာ ရရှိခဲ့လို့ ခြေစစ်ပွဲ ဒုတိယအဆင့်ကို ထပ်မံကစားခဲ့ရပြီး ဥရောပချန်ပီယံဟောင်း ဂရိအသင်းကို အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲနဲ့ ကျော်ဖြတ်ပြီး ဝင်ခွင့်တစ်နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ တစ်လျှောက် (၁၀)ပွဲကစားခဲ့ပြီး (၆)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ် (၂၀)နဲ့ အုပ်စု ဒုတိယနေရာကို ရရှိခဲ့ပါတယ်။ ခြေစစ်ပွဲတစ်လျှောက် တိုက်စစ်မှူး မန်ဇူကစ်က (၅)ဂိုးအထိ သွင်းယူပေးကာ အသင်းကို ခြေစစ်ပွဲ အောင်မြင်အောင် အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့ပါတယ်။

Manzukic-and-Perisic-celebrations

Manzukic-and-Perisic-celebrations

စောင့်ကြည့်ရမယ့် ကစားသမားများ
ဒီတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကဝင် လူစာရင်းက ခရိုအေးရှားအသင်းရဲ့ အကောင်းဆုံးမျိုးဆက်လို့ ပြောရမယ့်အနေအထားပါပဲ။ ရှေ့၊ လယ်၊ နောက် ပုံစံကောင်းရနေတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး ကွင်းလယ်ပိုင်းက ထိပ်သီးအသင်းတွေကိုပါ ယှဉ်ကစားနိုင်တဲ့ အနေအထားပါပဲ။ ရာကီတစ်၊ ကိုဗာချစ်၊ မိုဒရစ်၊ ဘရိုဇိုဗစ် တို့ပါဝင်နေတဲ့ ခရိုအေးရှား ကွင်းလယ်ပိုင်းက ထိပ်တန်းအဆင့်အထိကို ရှိနေပါတယ်။ တိုက်စစ်ပိုင်းမှာလည်း ခြေစစ်ပွဲမှာ ပုံစံကောင်းပြခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး မန်ဇူကစ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပါရီဆစ်၊ ခရန်မာရစ်၊ ကာလီနစ်နဲ့ ပီယာကာ တို့လို ကစားသမားတွေ ပါဝင်တဲ့ တိုက်စစ်စုဖွဲ့မှုက ခြေစွမ်းသာ ပြနိုင်ခဲ့မယ်ဆိုရင် ပြိုင်ဘက်နောက်ခံလူတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်မယ့် အနေအထားပါ။ နောက်တန်းမှာလည်း ဥရောပအခြေစိုက် ကစားသမားအများစုကို အခြေပြုထားတဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမားကတော့ အင်တာမီလန်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ပါရီဆစ်ပဲ ဖြစ်ပါတယ်။ ပုံစံကောင်း တစ်ရပ်ကို ပိုင်ဆိုင်ထားသလို ပြိုင်ဘက် နောက်ခံလူတွေ ထိန်းချုပ်ရခက်တဲ့ သူ့ရဲ့ လျှင်မြန်တဲ့ ကစားပုံက ပြိုင်ဘက်နောက်ခံလူတွေကို အလုပ်များစေနိုင်ပါတယ်။ သူ့ကြောင့် အသင်းဖော်တွေ နေရာလွတ်ပိုမို ရရှိစေတာမို့ ရရှိထားတဲ့ ပုံစံကောင်းကို နိုင်ငံအသင်းမှာကော ဆက်ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမယ့် ကစားသမားဖြစ်ပါတယ်။

REF:Wikipedia
Photo:Twitter, Croatia Week, ibtimes.co.in
Aung Kyaw Wai (Akhayar)
www.akhayar.com