This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ ေနာက္တစ္ဆင့္ တက္ေရာက္ခဲ့တဲ့ ခရိုေအးရွား

ခရိုေအးရွားအသင္းကေတာ့ ၂၀၁၈ ကမၻာ႔ဖလားရဲ႕ Group of Death လို႔ တင္စားထားတဲ့ အုပ္စုမွာ အေကာင္းဆံုး ေျခစြမ္းေတြနဲ႔ ရာႏႈန္းျပည့္ႏိုင္ပြဲကို ရယူကာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့တယ္။ ခရိုေအးရွားတို႔ ေနာက္တစ္ဆင့္ တက္ေရာက္ၿပီးျဖစ္လို႔ အဓိက ကစားသမားအမ်ားစုကို အနားေပးခဲ့ၿပီး ပြဲထြက္လူစာရင္းကို အေျပာင္းအလဲေတြ ျပဳလုပ္လာခဲ့တယ္။ အိုက္စလန္အသင္းကေတာ့ ႏိုင္ပြဲလိုအပ္ေနခဲ့လို႔ အဓိက ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ယူရိုတုန္းကလုိ အံ့အားသင့္ဖြယ္ စြမ္းေဆာင္မႈမ်ိဳးကို တစ္ေက်ာ႔ျပန္မျပသႏုိင္ေတာ့ဘဲ အုပ္စုအဆင့္ကေန ထြက္ခြာခဲ့ရတယ္။ ႏိုင္ပြဲ ရယူႏုိင္ဖို႔ လိုအပ္ေနခဲ့ေပမယ့္ အိုက္စလန္အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြက ပံုမွန္ေအာက္မွာ ရွိေနခဲ့လို႔ ခရိုေအးရွားအသင္းရဲ႕ ပထမပိုင္း ပြဲခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ေဘာလံုးပိုင္ဆိုင္မႈ အသာစီးရယူထားႏိုင္ခဲ့တယ္။ ခရိုေအးရွားအသင္းက (၆၄)ရာခိုင္ႏႈန္းအထိ ေဘာလံုးပိုင္ဆိုင္မႈ ရယူထားႏိုင္ခဲ့ၿပီး ဂိုးမရွိသေရ ရလဒ္နဲ႔ပဲ ပထမပိုင္းၿပီးဆံုးခဲ့တယ္။

Berdelj-brilliant-goal

Berdelj-brilliant-goal

ဒုတိယပိုင္းမွာေတာ့ (၂)သင္းစလံုးရဲ႕ ကစားပံုက ပထမပိုင္းကထက္ ပိုမိုေကာင္းမြန္လာခဲ့လို႔ အႀကိတ္အနယ္ရွိလာခဲ့တယ္။ ပြဲကေတာ့ ခရိုေအးရွားအသင္းရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနခဲ့ၿပီး ဦးေဆာင္ဂိုးကိုလည္း (၅၃)မိနစ္မွာ ရရွိခဲ့တယ္။ ပယ္နယ္တီဧရိယာအတြင္း ရရွိလာတဲ့ အခြင့္အေရးကို ဘာဒဲလ္ Berdelj က လွလွပပအဆံုးသတ္ၿပီး သြင္းယူေပးခဲ့တယ္။ ပြဲကစားခ်ိန္ (၇၆)မိနစ္မွာေတာ့ ခရိုေအးရွားေနာက္ခံလူ လိုဗရန္ Lovren ဂိုးဧရိယာအတြင္း လက္နဲ႔ ထိခဲ့လို႔ ပယ္နယ္တီေပးခဲ့ရၿပီး အိုက္စလန္ကြင္းလယ္လူ ဆီဂတ္ဒ္ဆန္ Sigurdsson က ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တယ္။ သေရျဖစ္သြားခဲ့လို႔ ပြဲက ၿပိဳင္ဆိုင္မႈ ပိုမိုျပင္းထန္လာခဲ့ၿပီး အိုက္စလန္အသင္း ေတာက္ေလွ်ာက္ ဖိအားေပး တိုက္စစ္ဆင္မႈေတြ ျပဳလုပ္လာခဲ့ေပမယ့္ ေနာက္ဆံုးမိနစ္မွာ ဘာဒဲလ္ Berdelj ရဲ႕ ဖန္တီးေပးပို႔မႈကို ပါရီဆစ္ Perisic က ခရိုေအးရွားအသင္းအတြက္ ဂိုးအျဖစ္ေျပာင္းလဲခဲ့လို႔ အိုက္စလန္တို႔ အိပ္မက္ေတြ ေရစုန္ေျမာခဲ့ရတယ္။ ခရိုေအးရွားအသင္းကေတာ့ ရံႈးထြက္ (၁၆)သင္းအဆင့္မွာ အုပ္စု (ဂ)က ဒုတိယေနရာကိုရရွိခဲ့တဲ့ ဒိန္းမတ္အသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

Man Of The Match – Berdelj (Croatia)

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့် တက်ရောက်ခဲ့တဲ့ ခရိုအေးရှား

ခရိုအေးရှားအသင်းကတော့ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ Group of Death လို့ တင်စားထားတဲ့ အုပ်စုမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ရာနှုန်းပြည့်နိုင်ပွဲကို ရယူကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ ခရိုအေးရှားတို့ နောက်တစ်ဆင့် တက်ရောက်ပြီးဖြစ်လို့ အဓိက ကစားသမားအများစုကို အနားပေးခဲ့ပြီး ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်လာခဲ့တယ်။ အိုက်စလန်အသင်းကတော့ နိုင်ပွဲလိုအပ်နေခဲ့လို့ အဓိက ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ ယူရိုတုန်းကလို အံ့အားသင့်ဖွယ် စွမ်းဆောင်မှုမျိုးကို တစ်ကျော့ပြန်မပြသနိုင်တော့ဘဲ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတယ်။ နိုင်ပွဲ ရယူနိုင်ဖို့ လိုအပ်နေခဲ့ပေမယ့် အိုက်စလန်အသင်းရဲ့ စွမ်းဆောင်ရည်တွေက ပုံမှန်အောက်မှာ ရှိနေခဲ့လို့ ခရိုအေးရှားအသင်းရဲ့ ပထမပိုင်း ပွဲချိန်တော်တော်များများကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားနိုင်ခဲ့တယ်။ ခရိုအေးရှားအသင်းက (၆၄)ရာခိုင်နှုန်းအထိ ဘောလုံးပိုင်ဆိုင်မှု ရယူထားနိုင်ခဲ့ပြီး ဂိုးမရှိသရေ ရလဒ်နဲ့ပဲ ပထမပိုင်းပြီးဆုံးခဲ့တယ်။

Berdelj-brilliant-goal

Berdelj-brilliant-goal

ဒုတိယပိုင်းမှာတော့ (၂)သင်းစလုံးရဲ့ ကစားပုံက ပထမပိုင်းကထက် ပိုမိုကောင်းမွန်လာခဲ့လို့ အကြိတ်အနယ်ရှိလာခဲ့တယ်။ ပွဲကတော့ ခရိုအေးရှားအသင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း (၅၃)မိနစ်မှာ ရရှိခဲ့တယ်။ ပယ်နယ်တီဧရိယာအတွင်း ရရှိလာတဲ့ အခွင့်အရေးကို ဘာဒဲလ် Berdelj က လှလှပပအဆုံးသတ်ပြီး သွင်းယူပေးခဲ့တယ်။ ပွဲကစားချိန် (၇၆)မိနစ်မှာတော့ ခရိုအေးရှားနောက်ခံလူ လိုဗရန် Lovren ဂိုးဧရိယာအတွင်း လက်နဲ့ ထိခဲ့လို့ ပယ်နယ်တီပေးခဲ့ရပြီး အိုက်စလန်ကွင်းလယ်လူ ဆီဂတ်ဒ်ဆန် Sigurdsson က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ သရေဖြစ်သွားခဲ့လို့ ပွဲက ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့ပြီး အိုက်စလန်အသင်း တောက်လျှောက် ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ ဘာဒဲလ် Berdelj ရဲ့ ဖန်တီးပေးပို့မှုကို ပါရီဆစ် Perisic က ခရိုအေးရှားအသင်းအတွက် ဂိုးအဖြစ်ပြောင်းလဲခဲ့လို့ အိုက်စလန်တို့ အိပ်မက်တွေ ရေစုန်မြောခဲ့ရတယ်။ ခရိုအေးရှားအသင်းကတော့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ အုပ်စု (ဂ)က ဒုတိယနေရာကိုရရှိခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Man Of The Match – Berdelj (Croatia)

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com