This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပယ္နယ္တီအဆုံးအျဖတ္န႔ဲ ႐ုရွားကုိ ေက်ာ္ျဖတ္ခဲ့တဲ့ ခ႐ုိေအးရွား

၂၀၁၈ ကမၻာ႔ဖလားအိမ္ရွင္ ႐ုရွားနဲ႔ ခ႐ုိေအးရွားပဲြကေတာ့ တကယ့္ကုိ အႀကိတ္အနယ္ရွိခဲ့တယ္။ အျပန္အလွန္သြင္းဂုိးေတြနဲ႔အတူ ပဲြကၾကည့္ေကာင္းခဲ့ၿပီး ခ႐ုိေအးရွားအသင္းက ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ႐ုရွားကုိ အသဲခဲြခဲ့ပါတယ္။ ပထမပုိင္းမွာ ႏွစ္သင္းစလုံး သူတစ္ျပန္ကုိယ္တစ္ျပန္ ထုိးေဖာက္ကစားခဲ့ေပမယ့္ အပုိင္အခြင့္အေရးေတာ့ မရခဲ့ဘူး။ (၃၁)မိနစ္မွာ အိမ္ရွင္႐ုရွားအသင္း အဖြင့္ဂုိးရခဲ့ၿပီး ခီရီရွက္ဗ္က လွလွပပ ကန္သြင္းခဲ့တာပါ။ ဒါေပမဲ့ ႐ုရွားရဲ႕ ဦးေဆာင္မႈက မိနစ္ပုိင္းသာၾကာျမင့္ခဲ့ၿပီး (၃၉)မိနစ္မွာ ခ႐ုိေအးရွားအသင္းက ေခ်ပဂုိးျပန္ရခဲ့တယ္။ ပယ္နယ္တီဧရိယာအတြင္း မန္ဇူကစ္ ေျပး၀င္ၿပီး ျဖတ္တင္ေပးလုိက္တာကုိ ကရာမာရစ္က အပုိင္ေခါင္းတိုက္သြင္းခဲ့တာျဖစ္ပါတယ္။

Kramarić-score-for-Croatia

Kramarić-score-for-Croatia

ခ႐ုိေအးရွားအသင္း ေတာင္ပံကစားသမား ပါရီဆစ္ရဲ႕ ကန္ခ်က္ တုိင္ထိထြက္သြားခဲ့လုိ႔ ခ႐ုိေအးရွားအတြက္ နစ္နာခဲ့ရတယ္။ ခ႐ုိေအးရွားအသင္းက ေဘာလုံးပုိုင္ဆုိင္မႈ (၆၅%)အထိရွိၿပီး ဂုိးသြင္းခြင့္ေတြလည္း ရခဲ့တယ္။ မိနစ္(၉၀)အတြင္း တစ္ဂုိးစီသေရက်ခဲ့လုိ႔ အခ်ိန္ပုိဆက္လက္ကစားခဲ့ရၿပီး (၁၀၀)မိနစ္မွာ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ဗီဒါ ေခါင္းတိုက္သြင္းခဲ့တာျဖစ္ပါတယ္။ ဂုိးေပးလုိက္ရေပမယ့္ ႐ုရွားအသင္း စိတ္ဓာတ္မက်ဘဲ ခ႐ုိေအးရွားဘက္ကုိ ထုိးေဖာက္ကစားခဲ့ၿပီး ေခ်ပဂုိးကုိ (၁၁၅)မိနစ္မွာ ျပစ္ဒဏ္ေဘာကေန ဖာနန္ဒက္စ္က ေခါင္းတိုက္သြင္းယူခဲ့တယ္။

Fernandes-goal

Fernandes-goal

အခ်ိန္ပုိၿပီးဆုံးလုိ႔ ပယ္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့ ခ႐ုိေအးရွားအသင္းက (၄-၃)ဂုိးနဲ႔အႏုိင္ယူၿပီး ဆီမီးဖုိင္နယ္ကုိ တက္ေရာက္ခဲ့ပါတယ္။ ခ႐ုိေအးရွားအသင္းဟာ ၁၉၉၈ ကမၻာ႔ဖလားေနာက္ပုိင္း ဆီမီးဖုိင္နယ္ကုိ ျပန္လည္တက္ေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရုရှားကို ကျော်ဖြတ်ခဲ့တဲ့ ခရိုအေးရှား

၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင် ရုရှားနဲ့ ခရိုအေးရှားပွဲကတော့ တကယ့်ကို အကြိတ်အနယ်ရှိခဲ့တယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပွဲကကြည့်ကောင်းခဲ့ပြီး ခရိုအေးရှားအသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရုရှားကို အသဲခွဲခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးဖောက်ကစားခဲ့ပေမယ့် အပိုင်အခွင့်အရေးတော့ မရခဲ့ဘူး။ (၃၁)မိနစ်မှာ အိမ်ရှင်ရုရှားအသင်း အဖွင့်ဂိုးရခဲ့ပြီး ခီရီရှက်ဗ်က လှလှပပ ကန်သွင်းခဲ့တာပါ။ ဒါပေမဲ့ ရုရှားရဲ့ ဦးဆောင်မှုက မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီး (၃၉)မိနစ်မှာ ခရိုအေးရှားအသင်းက ချေပဂိုးပြန်ရခဲ့တယ်။ ပယ်နယ်တီဧရိယာအတွင်း မန်ဇူကစ် ပြေးဝင်ပြီး ဖြတ်တင်ပေးလိုက်တာကို ကရာမာရစ်က အပိုင်ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပါတယ်။

Kramarić-score-for-Croatia

Kramarić-score-for-Croatia

ခရိုအေးရှားအသင်း တောင်ပံကစားသမား ပါရီဆစ်ရဲ့ ကန်ချက် တိုင်ထိထွက်သွားခဲ့လို့ ခရိုအေးရှားအတွက် နစ်နာခဲ့ရတယ်။ ခရိုအေးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု (၆၅%)အထိရှိပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့တယ်။ မိနစ်(၉၀)အတွင်း တစ်ဂိုးစီသရေကျခဲ့လို့ အချိန်ပိုဆက်လက်ကစားခဲ့ရပြီး (၁၀၀)မိနစ်မှာ ထောင့်ကန်ဘောကနေ နောက်ခံလူ ဗီဒါ ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် ရုရှားအသင်း စိတ်ဓာတ်မကျဘဲ ခရိုအေးရှားဘက်ကို ထိုးဖောက်ကစားခဲ့ပြီး ချေပဂိုးကို (၁၁၅)မိနစ်မှာ ပြစ်ဒဏ်ဘောကနေ ဖာနန်ဒက်စ်က ခေါင်းတိုက်သွင်းယူခဲ့တယ်။

Fernandes-goal

Fernandes-goal

အချိန်ပိုပြီးဆုံးလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ခရိုအေးရှားအသင်းက (၄-၃)ဂိုးနဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ခရိုအေးရှားအသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ဆီမီးဖိုင်နယ်ကို ပြန်လည်တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com