This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အာဂ်င္တီးနားအသင္းကုိ ထုိက္ထုိက္တန္တန္အႏုိင္ရခဲ့တဲ့ ခ႐ုိေအးရွား

၂၀၁၈ ကမၻာ႔ဖလားအုပ္စု(D)ပဲြစဥ္ျဖစ္တဲ့ အာဂ်င္တီးနားနဲ႔ခ႐ုိေအးရွားပဲြမွာေတာ့ ခ႐ုိေအးရွားအသင္းက ေျခစြမ္းျပၿပီး အႏုိင္(၃)မွတ္ကုိ ထုိက္ထုိက္တန္တန္ရယူႏုိင္ခဲ့တယ္။ ဒီပဲြမွာ အာဂ်င္တီးနားအသင္းနည္းျပ ဆမ္ပါအုိလီ Sampaoli ရဲ႕ လူထုတ္ပုံက ေမးခြန္းထုတ္စရာပါပဲ။ World Class တိုက္စစ္မွဴးေတြျဖစ္တဲ့ ဒီဘားလား Dybala ၊ ဟီဂြါအင္ Higuain တို႔ကုိ အရန္ခုံထုိင္ခုိင္းခဲ့တာက စိတ္ပ်က္စရာပါ။ ဆမ္ပါအုိလီရဲ႕ ၃-၄-၂-၁ ကစားကြက္က အားနည္းခ်က္ေတြအမ်ားႀကီးရွိခဲ့သလုိ ကြင္းလယ္နဲ႔ ခံစစ္ၾကားမွာ ေနရာလြတ္ေတြ ျဖစ္ခဲ့တယ္။

Mess-Against-Modric

Mess-Against-Modric

အဓိက တိုက္စစ္မွဴး မက္ဆီ Messi လည္း သူနဲ႔ တဲြကစားမယ့္သူမရွိတာေၾကာင့္ ကြင္းလယ္နဲ႔ တိုက္စစ္ကို ခ်ိတ္ဆက္ႏုိင္ခဲ့ျခင္းမရွိသလုိ Lone Striker ျဖစ္တဲ့ အဂြဲ႐ုိး Aguero ကြင္းလယ္က ေဘာလုံးမထြက္လုိ႔ လူပုိလုိျဖစ္ေနခဲ့တယ္။

Rebic

Rebic

ခ႐ုိေအးရွားအသင္းကေတာ့ အာဂ်င္တီးနားအသင္းကုိ တည္တည္ၿငိမ္ၿငိမ္နဲ႔ရင္ဆုိင္ခဲ့ၿပီး ရာကီတစ္ Rakitic ၊ မုိဒရစ္ Modric တို႔ ဦးေဆာင္တဲ့ ကြင္းလယ္က ၿပိဳင္ဘက္ကုိ အသာစီးယူႏုိင္ခဲ့တယ္။ မန္ဇူကစ္ Mandžukić က တိုက္စစ္မွာေနရာစုံကေန ထုိးေဖာက္ကစားခဲ့ၿပီး အာဂ်င္တီးနားခံစစ္ကုိ အလုပ္႐ႈ႔ပ္ေစခဲ့ပါတယ္။ ခ႐ုိေအးရွားအသင္းအတြက္ အဖြင့္ဂုိးကုိ (၅၃)မိနစ္မွာ အာဂ်င္တီးနားဂုိးသမား ကာဘယ္လာ႐ုိ Caballero ရဲ႕ စိတ္ပ်က္စရာေကာင္းတဲ့ အမွားကေန ေတာင္ပံကစားသမား ရီဘစ္ Rebić က လွလွပပကန္သြင္းခဲ့တာပါ။

Modric-Celebrate

Modric-Celebrate

ဂုိးေပးလုိက္ရေပမယ့္ အာဂ်င္တီးနားရဲ႕ကစားပုံက တက္မလာခဲ့ဘဲ အခြင့္အေရးတခ်ိဳ႕ကုိလည္း အသုံးမခ်ႏုိင္ဘူး။ ဆမ္ပါအုိလီဟာ ဒီဘားလား၊ ဟီဂြါအင္တို႔ကုိ လူစားလဲကစားခဲ့ေပမယ့္ အာဂ်င္တီးနားအသငး္တိုက္စစ္ကုိ ခ႐ုိေအးရွားခံစစ္က ထိန္းခ်ဳပ္ထားႏုိင္ခဲ့တယ္။ မိနစ္(၈၀)မွာ ခ႐ုိေအးရွားကြင္းလယ္လူ မုိဒရစ္က အဆင့္တန္းျမင့္လွပတဲ့ သြင္းဂုိးနဲ႔အတူ ဒုတိယေျမာက္ဂုိးကုိ သြင္းယူခဲ့တယ္။

Rakitic-Scores-Third-Goal

Rakitic-Scores-Third-Goal

ႏွစ္ဂုိးေပးလုိက္ရတဲ့အတြက္ အာဂ်င္တီးနားတို႔ စိတ္ဓာတ္ပါက်သြားခဲ့ၿပီး ခ႐ုိေအးရွားအသင္းရဲ႕ တတိယေျမာက္ဂုိးကုိ ကုိဗာခ်စ္ Kovacic ေပးတာကေန ရာကီတစ္က လြတ္လြတ္ကၽြတ္ကၽြတ္ကန္သြင္းခဲ့ပါတယ္။ ဒီပဲြအႏုိင္ရခဲ့တဲ့အတြက္ ခရုိေအးရွားအသင္း ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္ေပမယ့္ အာဂ်င္တီးနားအသင္းကေတာ့ ၂၀၀၂ ေနာက္ပုိင္း အုပ္စုအဆင့္က ပထမဆုံးအႀကိမ္ လွည့္ျပန္ရမယ့္အေျခအေနနဲ႔ရင္ဆုိင္ေနရပါၿပီ။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အာဂျင်တီးနားအသင်းကို ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တဲ့ ခရိုအေးရှား

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စု(D)ပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားနဲ့ခရိုအေးရှားပွဲမှာတော့ ခရိုအေးရှားအသင်းက ခြေစွမ်းပြပြီး အနိုင်(၃)မှတ်ကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တယ်။ ဒီပွဲမှာ အာဂျင်တီးနားအသင်းနည်းပြ ဆမ်ပါအိုလီ Sampaoli ရဲ့ လူထုတ်ပုံက မေးခွန်းထုတ်စရာပါပဲ။ World Class တိုက်စစ်မှူးတွေဖြစ်တဲ့ ဒီဘားလား Dybala ၊ ဟီဂွါအင် Higuain တို့ကို အရန်ခုံထိုင်ခိုင်းခဲ့တာက စိတ်ပျက်စရာပါ။ ဆမ်ပါအိုလီရဲ့ ၃-၄-၂-၁ ကစားကွက်က အားနည်းချက်တွေအများကြီးရှိခဲ့သလို ကွင်းလယ်နဲ့ ခံစစ်ကြားမှာ နေရာလွတ်တွေ ဖြစ်ခဲ့တယ်။

Mess-Against-Modric

Mess-Against-Modric

အဓိက တိုက်စစ်မှူး မက်ဆီ Messi လည်း သူနဲ့ တွဲကစားမယ့်သူမရှိတာကြောင့် ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်နိုင်ခဲ့ခြင်းမရှိသလို Lone Striker ဖြစ်တဲ့ အဂွဲရိုး Aguero ကွင်းလယ်က ဘောလုံးမထွက်လို့ လူပိုလိုဖြစ်နေခဲ့တယ်။

Rebic

Rebic

ခရိုအေးရှားအသင်းကတော့ အာဂျင်တီးနားအသင်းကို တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်ခဲ့ပြီး ရာကီတစ် Rakitic ၊ မိုဒရစ် Modric တို့ ဦးဆောင်တဲ့ ကွင်းလယ်က ပြိုင်ဘက်ကို အသာစီးယူနိုင်ခဲ့တယ်။ မန်ဇူကစ် Mandžukić က တိုက်စစ်မှာနေရာစုံကနေ ထိုးဖောက်ကစားခဲ့ပြီး အာဂျင်တီးနားခံစစ်ကို အလုပ်ရှု့ပ်စေခဲ့ပါတယ်။ ခရိုအေးရှားအသင်းအတွက် အဖွင့်ဂိုးကို (၅၃)မိနစ်မှာ အာဂျင်တီးနားဂိုးသမား ကာဘယ်လာရို Caballero ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အမှားကနေ တောင်ပံကစားသမား ရီဘစ် Rebić က လှလှပပကန်သွင်းခဲ့တာပါ။

Modric-Celebrate

Modric-Celebrate

ဂိုးပေးလိုက်ရပေမယ့် အာဂျင်တီးနားရဲ့ကစားပုံက တက်မလာခဲ့ဘဲ အခွင့်အရေးတချို့ကိုလည်း အသုံးမချနိုင်ဘူး။ ဆမ်ပါအိုလီဟာ ဒီဘားလား၊ ဟီဂွါအင်တို့ကို လူစားလဲကစားခဲ့ပေမယ့် အာဂျင်တီးနားအသင်းတိုက်စစ်ကို ခရိုအေးရှားခံစစ်က ထိန်းချုပ်ထားနိုင်ခဲ့တယ်။ မိနစ်(၈၀)မှာ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်က အဆင့်တန်းမြင့်လှပတဲ့ သွင်းဂိုးနဲ့အတူ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တယ်။

Rakitic-Scores-Third-Goal

Rakitic-Scores-Third-Goal

နှစ်ဂိုးပေးလိုက်ရတဲ့အတွက် အာဂျင်တီးနားတို့ စိတ်ဓာတ်ပါကျသွားခဲ့ပြီး ခရိုအေးရှားအသင်းရဲ့ တတိယမြောက်ဂိုးကို ကိုဗာချစ် Kovacic ပေးတာကနေ ရာကီတစ်က လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခဲ့ပါတယ်။ ဒီပွဲအနိုင်ရခဲ့တဲ့အတွက် ခရိုအေးရှားအသင်း နောက်တစ်ဆင့်တက်သွားပြီဖြစ်ပေမယ့် အာဂျင်တီးနားအသင်းကတော့ ၂၀၀၂ နောက်ပိုင်း အုပ်စုအဆင့်က ပထမဆုံးအကြိမ် လှည့်ပြန်ရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါပြီ။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com