This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]






REF:Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပွဲကစားဖို့ ငြင်းဆန်ခဲ့လို့ အသင်းက ထုတ်ပယ်ခံခဲ့ရတဲ့ ခရိုအေးရှား တိုက်စစ်မှူး ကာလီနစ်

နိုက်ဂျီးရီးယားအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဝင်ရောက် ကစားဖို့ ငြင်းဆန်ခဲ့တဲ့ ခရိုအေးရှား တိုက်စစ်မှူး ကာလီနစ် Kalinic အသင်းကနေ ထုတ်ပယ်ခံခဲ့ပါတယ်။ အသက် (၃၀)အရွယ်ရှိပြီဖြစ်တဲ့ အေစီမီလန် တိုက်စစ်မှူး ကာလီနစ် Kalinic ဟာ ပရီးမီးယားလိဂ်ကလပ် ဘလက်ဘန်းအသင်းမှာ ကစားခဲ့တုန်းကလည်း အခုလို လုပ်ရပ်မျိုး ကျူးလွန်ခဲ့ဖူးတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဝါရင့်တိုက်စစ်မှူး ကာလီနစ် Kalinic ဟာ ခရိုအေးရှားအတွက် အဓိက ပြိုင်ပွဲကြီး (၄)ရပ်(ယူရို-၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၂၊ ၂၀၁၄ ကမ္ဘာ့ဖလား) ဆက်တိုက် ပါဝင်ကစားပေးခဲ့ပြီး (၅)ကြိမ်မြောက် ကစားခွင့်ရမယ့် အခွင့်အရေးကတော့ လွဲချော်သွားပြီ ဖြစ်ပါတယ်။

Croatia-striker-Kalinic-reportedly-sent-home-after-refusing-to-come-on-as-a-substitute

Croatia-striker-Kalinic-reportedly-sent-home-after-refusing-to-come-on-as-a-substitute

ပွဲကစားချိန် (၈၅)မိနစ်မှာ လူစားဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး ကာလီနစ် Kalinic ကတော့ နောက်ကျော ဒဏ်ရာ ပြဿနာရှိနေလို့ ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ နည်းပြ ဒါလစ် Dalic က ကာလီနစ် Kalinic ရဲ့ ဖြေရှင်းမှုကို လက်ခံနိုင်စရာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။ နိုက်ဂျီးရီးယားနဲ့ ပွဲအပြီး နောက်တစ်ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဒါလစ် Dalic က ကာလီနစ်Kalinic ကို အသင်း လူစာရင်းကနေ ထုတ်ပယ်ပြီး နေရပ်ကို ပြန်လည် စေလွှတ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

REF:Mirror
Photo:Complete Sports Nigeria, Vanesglobalgist
Aung Kyaw Wai (Akhayar)
www.akhayar.com